ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)

ဝီကီပီးဒီးယား မှ
ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်)
University of Public Health, Yangon
ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်)


တည်ထောင်ခုနှစ် ၂၀၀၇၊ ဇူလိုင်လ (၁၆)ရက်
တည်နေရာ ၂၄၆၊ မြို့မကျောင်းလမ်း၊လသာမြို့နယ်ရန်ကုန်မြို့ရန်ကုန်တိုင်းမြန်မာနိုင်ငံ
ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်)

ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပြည်သူ့ကျန်းမာရေးနှင့် သက်ဆိုင်သောတက္ကသိုလ်ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒီပလိုမာ၊ ဘွဲ့လွန်နှင့် ဒေါက်တာဘွဲ့များအတွက် ဖွင့်လှစ်သင်ကြားပေးနေသည်။ ဤတက္ကသိုလ်တွင် ဆရာဝန်များ(M.B.,B.S)၊ သွားနှင့်ခံတွင်းဆရာဝန်များ (B.D.S)၊ သူနာပြုများ (B.N.Sc)၊ ကျန်းမာရေးဝန်ထမ်းများ (B.Comm.H) စသည့် ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ အောင်မြင်ပြီးစီးထားသူများ တက်ရောက်သင်ကြားခွင့်ရှိသည်။ သင်တန်းတက်ရောက်ရန်အတွက် အစိုးရဝန်ထမ်း ဆရာဝန်များ လျှောက်ထားခွင့်ရှိသည်။ ဤတက္ကသိုလ်သည် မြန်မာ့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင် ရှိသည်။

ဤတက္ကသိုလ်သည် South-East Asia Public Health Education Institution Network (SEAPHEIN)၏ အဖွဲ့ဝင်တစ်ခုဖြစ်သည်။

သင်ကြားပေးသော ဘွဲ့များ[ပြင်ဆင်ရန်]

  • ဆေးရုံအုပ်ချုပ်မှုနှင့် ကျန်းမာရေးစီမံခန့်ခွဲမှု မဟာဘွဲ့ [M.Med.Sc in Hospital Administration and Health Management]
  • ပြည်သူ့ကျန်းမာရေး ဘွဲ့လွန် [Master of Public Health]
  • ပြည်သူ့ကျန်းမာရေး ဒေါက်တာဘွဲ့ [PhD in Public Health]
  • ဆေးသိပ္ပံပညာ ဒီပလိုမာ [Diploma in Medical Science]
  • ဆေးပညာပေး ဒီပလိုမာ [Diploma in Medical Education]

ဌာနများ[ပြင်ဆင်ရန်]

  1. ကျန်းမာရေးမူဝါဒနှင့် စီမံအုပ်ချုပ်မှုဌာန [Health Policy and Management ]
  2. ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပညာဌာန [Epidemiology]
  3. ဆေးစာရင်းအင်းပညာဌာန [Biostatistics]
  4. လူ့အကျင့်နှင့် ဆက်သွယ်ရေးဆိုင်ရာ ဆေးပညာဌာန [Health Behaviour and Communication]
  5. အသက်မွေးဝမ်းကြောင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆေးပညာဌာန [Occupational and Environmental Health]
  6. လူဦးရေနှင့် မိသားစု ဆေးပညာဌာန [Population and Family Health]
  7. အာဟာရနှင့် အစားအစာ ဘေးကင်းရေးဌာန [Nutrition and Food Safety]
  8. ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲစမ်းသပ်မှုဌာန [Public Health Laboratory]
  9. ဆေးသိပ္ပံပညာနှင့် ပြန်ကြားရေး နည်းပညာဌာန[Medical Education Science & Information Technology]

[၁]

အလားတူလင့်ခ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.whomyanmar.org/LinkFiles/Health_in_Myanmar_2008_11_HealthinMyanmar2008_managinghealth.pdf[လင့်ခ်သေ]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]