ထားဝယ်တက္ကသိုလ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ထားဝယ်တက္ကသိုလ်
ယခင်အမည်
ထားဝယ်ဒေသကောလိပ်၊
ထားဝယ်ကောလိပ်၊
ထားဝယ်ဒီဂရီကောလိပ်
အမျိုးအစား အများဆိုင်
တည်ထောင် ၂၃ မေ ၁၉၇၇
လိပ်စာ ကမြောကင်းကျေးရွာ၊ လောင်းလုံမြို့နယ်, တနင်္သာရီတိုင်းဒေသကြီး, မြန်မာနိုင်ငံ

ထားဝယ်တက္ကသိုလ် သည် မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးလောင်းလုံမြို့နယ်၊ ကမြောကင်းကျေးရွာတွင် တည်ရှိသော[၁] ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၇၇ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ထားဝယ်ဒေသကောလိပ် အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ထားဝယ်ကောလိပ် အဖြစ်လည်းကောင်း၊ ၁၉၉၉ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ထားဝယ်ဒီဂရီကောလိပ် အဖြစ်လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထားဝယ်တက္ကသိုလ် အဖြစ်လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ အဆင့်မြင့်ပညာဦးစီးဌာန။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ (၂၇ စက်တင်ဘာ ၂၀၁၆)။ ၁၀ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။