ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)

ဝီကီပီးဒီးယား မှ

ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ကတ်ဖကျေးရွာအုပ်စု၊ ယန်းလှကျေးရွာတွင် တည်ရှိပြီး ကျိုင်းတုံမြို့မှ ၄ မိုင် ကွာဝေးသည်။ ကွန်ပျူတာတက္ကသိုလ်၏ အကျယ်အဝန်းမှာ ၃၃.၁၁ ဧက ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစိုးရကွန်ပျူတာကောလိပ်(ကျိုင်းတုံ)ကို ၂၀၀၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။[၁]

သင်တန်းများ[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)တွင် သင်ကြားပို့ချလျက်ရှိသော ကွန်ပျူတာ ဘာသာရပ်များမှာ ပရိုဂရမ်နည်းပညာ (Software) ဘာသာရပ်၊ စက်နည်းပညာ (Hardware) ဘာသာရပ်၊ အသုံးချနည်းပညာ (Application) ဘာသာရပ်၊ သုတသိပ္ပံ (Information Science) ဘာသာရပ်များ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]