မန္တလေးပညာရေးကောလိပ်
Jump to navigation
Jump to search
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ဆောင်ပုဒ် | ပညာအကျိုး တို့မြတ်နိုး |
---|---|
အမျိုးအစား | အများဆိုင် |
တည်ထောင် | ၁၉၅၂ |
တည်နေရာ | မန္တလေးမြို့ မန္တလေးတိုင်းဒေသကြီး |
ဝဘ်ဆိုဒ် | mdyeducationcollege.moe.edu.mm |
![]() |
မန္တလေးပညာရေးကောလိပ် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် တည်ရှိသော ပညာရေးကောလိပ်တစ်ခု ဖြစ်သည်။
သမိုင်းကြောင်း[ပြင်ဆင်ရန်]
၁၉၅၂ ခုနှစ်တွင် မန္တလေးဆရာအတတ်သင်ကျောင်းကို ယခင် နော်မန်ကျောင်း၊ ယခု အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ယခင်အစိုးရ စက်မှုလက်မှုအထက်တန်းကျောင်း၊ ယခု ဗဟိုအမျိုးသမီးဆေးရုံနေရာသို့တွင် ပြောင်းရွေ့ ဖွင့်လှစ်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဆရာ အတတ်သင်သိပ္ပံအဖြစ် အဆင့်တိုးမြှင့်၍ ယခုလက်ရှိနေရာတွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ပညာရေးကောလိပ် အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Background History။ ၂၃ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]
- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ မန္တလေးပညာရေးကောလိပ်
![]() | ဤ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |