မန္တလေးကွန်ပျူတာတက္ကသိုလ်
ပုံပန်းသွင်ပြင်
ဆင်တူသော နာမည်ရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆောင်းပါးကို ရှုပါ။
အမျိုးအစား | အများဆိုင် |
---|---|
တည်ထောင် | စက်တင်ဘာ ၁၉၉၇[၁] |
ပါမောက္ခချုပ် | ဒေါက်တာမိုးပွင့် |
တည်နေရာ | ပုသိမ်ကြီးမြို့နယ်၊ မန္တလေး၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ[၂] 21°58′0″N 96°11′0″E / 21.96667°N 96.18333°Eကိုဩဒိနိတ်: 21°58′0″N 96°11′0″E / 21.96667°N 96.18333°E |
နှီးနွယ်အဖွဲ့အစည်းများ | ခေးအိုးတက္ကသိုလ်၊ UCSY |
ဝဘ်ဆိုဒ် | ucsm.edu.mm |
မန္တလေးကွန်ပျူတာတက္ကသိုလ် (အင်္ဂလိပ်: University of Computer Studies, Mandalay; အတိုကောက် UCSM) သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် တည်ရှိသည်။ မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ဘာသာရပ်များအတွက် ကွန်ပျူတာသိပ္ပံဘွဲ့နှင့် မဟာဘွဲ့သင်တန်းများကို တက်ရောက်နိုင်သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၉၇ ခုနှစ် မေလတွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၇ ခုနှစ် စက်တင်ဘာတွင် သင်တန်းစတင်ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ အထူးပြုတက္ကသိုလ်များစနစ်အရ မန္တလေးကွန်ပျူတာတက္ကသိုလ်သည် အထက်မြန်မာပြည်၏ ကွန်ပျူတာသိပ္ပံနှင့် နည်းပညာဘာသာရပ်များအတွက် ပထမဆုံး အထူးပြုတက္ကသိုလ်ဖြစ်သည်။
သင်တန်းများ
[ပြင်ဆင်ရန်]သင်တန်း | ဘွဲ့ | မဟာဘွဲ့ | ပါရဂူဘွဲ့ |
---|---|---|---|
ကွန်ပျူတာသိပ္ပံ | B.C.Sc., B.C.Sc. (Honours) | M.C.Sc., M.A.Sc., M.I.Sc. | |
ကွန်ပျူတာနည်းပညာ | B.C.Tech., B.C.Tech. (Honours) | M.C.Tech. | |
သတင်းအချက်အလက်နည်းပညာ | PhD(IT) |
သင်ကြားရေးဌာနများ
[ပြင်ဆင်ရန်]- ဆော့ဖ်ဝဲလ်နည်းပညာဌာန
- ဟက်ဒ်ဝဲလ်နည်းပညာဌာန
- သတင်းအချက်အလက်သိပ္ပံဌာန
- ကွန်ပျူတာသင်္ချာဌာန
- အသုံးချကွန်ပျူတာဌာန
- မြန်မာစာဌာန
- အင်္ဂလိပ်စာဌာန
- ရူပဗေဒဌာန
- သုတေသနနှင့်ဖွံ့ဖြိုးရေးဌာန
နှီးနွယ်အဖွဲ့အစည်းများ
[ပြင်ဆင်ရန်]- ဂျပန်နိုင်ငံ ကိုင်အိုတက္ကသိုလ်[၃]
- ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (UCSY)
တွဲဖက်တက္ကသိုလ်များ
[ပြင်ဆင်ရန်]အထက်မြန်မာနိုင်ငံတွင်းရှိ အောက်ပါတက္ကသိုလ်များသည် မန္တလေးကွန်ပျူတာတက္ကသိုလ်၏ တွဲဖက်တက္ကသိုလ်များ ဖြစ်ကြသည်။[၁]
- ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)
- ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)
- ကွန်ပျူတာတက္ကသိုလ်(ကလေး)
- ကွန်ပျူတာတက္ကသိုလ်(မုံရွာ)
- ကွန်ပျူတာတက္ကသိုလ်(မန္တလေး)
- ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)
- ကွန်ပျူတာတက္ကသိုလ်(လားရှိုး)
- ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)
- ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)
- ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)
- ကွန်ပျူတာတက္ကသိုလ်(မကွေး)
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ Dr. Sayne Lei Shwe. "Technology and State Development". Ministry of Science and Technology. Retrieved on 2008-12-07. မော်ကွန်းတင်ပြီးမိတ္တူ။ 10 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2021 တွင် ပြန်စစ်ပြီး။မော်ကွန်းတင်ပြီးမိတ္တူ။ 10 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2021 တွင် ပြန်စစ်ပြီး။
- ↑ UCSM။ SOI Asia။ 28 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-12-06 တွင် ပြန်စစ်ပြီး။
- ↑ Nyi Nyi Aung (2003-02-24). "Joint degree for PhD in computer studies". The Myanmar Times.[လင့်ခ်သေ]