နေပြည်တော်နည်းပညာတက္ကသိုလ်
အမျိုးအစား | အများဆိုင် |
---|---|
တည်ထောင် |
|
နှီးနွယ်အဖွဲ့အစည်း | အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန |
တည်နေရာ | ဇမ္ဗူသီရိမြို့နယ် , နေပြည်တော်, မြန်မာနိုင်ငံ |
နေပြည်တော်နည်းပညာတက္ကသိုလ် [၁] (အင်္ဂလိပ်: Naypyitaw Technological University,) သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တွင် တည်ရှိသော နည်းပညာတက္ကသိုလ်ဖြစ်သည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်ဖြစ်သည်။
တည်နေရာ[ပြင်ဆင်ရန်]
နေပြည်တော်နည်းပညာတက္ကသိုလ်သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းတွင် တည်ရှိသည်။[၂]
သမိုင်းကြောင်း[ပြင်ဆင်ရန်]
နေပြည်တော်နည်းပညာတက္ကသိုလ်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ မှ ဖွဲ့စည်းတည်ထောင်ခဲ့သော တက္ကသိုလ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျောင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ယခင်က အစိုးရနည်းပညာ ကောလိပ်(နေပြည်တော်)အဖြစ်ရှိခဲ့သည့် ကျောင်းတစ်ခုလည်းဖြစ်သည်။[၃] နေပြည်တော်နည်းပညာတက္ကသိုလ် ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖွင့်လှစ်ပေးခဲ့သည်။[၄] တက္ကသိုလ်အဆင့် မမြှင့်တင်မှီ မူလက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စီမံကိန်းရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းရှိ မြေအကျယ် ၂၂ ဧကပေါ်၌ အစိုးရနည်းပညာကောလိပ်(နေပြည်တော်)ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်သင်ကြားခြင်းများဆောင်ရွက်ခဲ့သည်။
သင်ကြားရေးဌာနများ[ပြင်ဆင်ရန်]
(၁) မြို့ပြအင်ဂျင်နီယာ
(၂) အီလက်ထရွန်းနစ်အင်ဂျင်နီယာ
(၃) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ
(၄) စက်မှုအင်ဂျင်နီယာ
(၅) ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ
(၆) ဗိသုကာ[၅]
ဝင်ခွင့်စနစ်[ပြင်ဆင်ရန်]
ဘွဲ့သင်တန်းများအား ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို အောင်မြင်သူများမှ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ (၄)ဘာသာ ရမှတ် (အများ/အနည်း)ပေါ်မူတည်၍ ရွေးချယ် တက်ရောက်ခွင့်ပြုသည်။[၆]
ကိုးကား[ပြင်ဆင်ရန်]