ပုသိမ်တက္ကသိုလ်
| ဆောင်ပုဒ် | "ဝိဇ္ဇာသိပ္ပံပြည့်သူထံ" |
|---|---|
| အမျိုးအစား | အများဆိုင် |
| တည်ထောင် | ၇-၇-၁၉၅၈ |
| ပါမောက္ခချုပ် | ဒေါက်တာသန်းထွန်း |
| တည်နေရာ | ပုသိမ်မြို့, ဧရာဝတီတိုင်းဒေသကြီး, မြန်မာနိုင်ငံ |
| ဝဘ်ဆိုဒ် | patheinuniversity.edu.mm |
ပုသိမ်တတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။
သမိုင်းအကျဉ်း
[ပြင်ဆင်ရန်]ပုသိမ်တက္ကသိုလ်သည် ရ.ယ.က(၃)၊ ကန်သုံးဆင့်ရပ်ကွက်တွင် တည်ရှိသည်။ ၁၉၅၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ပုသိမ်ဥပစာကောလိပ် အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ပုသိမ်ကောလိပ် အဖြစ်လည်းကောင်း၊ ၁၉၈၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပုသိမ်ဒီဂရီကောလိပ် အဖြစ်လည်းကောင်း၊ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ပုသိမ်တက္ကသိုလ် အဖြစ်လည်းကောင်း အဆင့်ဆင့်တိုးမြှင့်လာခဲ့သော တက္ကသိုလ်တစ်ခုဖြစ်သည်။
တည်နေရာနှင့် အကျယ်အဝန်း
[ပြင်ဆင်ရန်]ပုသိမ်တက္ကသိုလ်သည် ရန်ကုန်-ပုသိမ် လမ်းမကြီးဘက်မှလာလျှင် အရုပ်ကြီးအဝိုင်းကို ပတ်၍ အနော်ရထားလမ်းမကြီးအတိုင်း (တာလမ်းမကြီးလမ်း)အတိုင်း လာရောက်နိုင်ပြီး၊ ချောင်းသာ၊ ငွေဆောင်လမ်း (တောင်ပေါ်လမ်း)မှလဲ ဝင်ရောက်နိုင်သည်။ ဧရိယာဧက (၃၀၅.၃၉)နှင့် မကျီးဒေသ၊ ရွှေသောင်ယံ၊ အဏ္ဏဝါသိပ္ပံသုတေသနနှင့် လေ့ကျင့်ရေးစခန်း (၂၅.၇၆)ဧက အပါအဝင် စုစုပေါင်း (၃၃၁.၁၅)ဧက ကျယ်ဝန်းသည်။
သင်ကြားပို့ချနေသော ဘာသာရပ်များ
[ပြင်ဆင်ရန်]ပုသိမ်တက္ကသိုလ်တွင် အောက်ပါ ဘာသာရပ်သင်တန်းများကို သင်ကြားပို့ချပေးနေသည်။
| ဝိဇ္ဇာဘာသာရပ် | သိပ္ပံဘာသာရပ် | ||
|---|---|---|---|
| ၁။ | မြန်မာစာ | ၁။ | ဓာတုဗေဒ |
| ၂။ | အင်္ဂလိပ်စာ | ၂။ | ရူပဗေဒ |
| ၃။ | ပထဝီဝင် | ၃။ | သင်္ချာ |
| ၄။ | သမိုင်း | ၄။ | သတ္တဗေဒ |
| ၅။ | ဒဿနိကဗေဒ | ၅။ | ရုက္ခဗေဒ |
| ၆။ | စိတ်ပညာ | ၆။ | ဘူမိဗေဒ |
| ၇။ | အရှေ့တိုင်းပညာ | ၇။ | အဏ္ဏဝါသိပ္ပံ |
| ၈။ | ဥပဒေပညာ | ၈။ | ဇီဝဓာတုဗေဒ |
| ၉။ | အဏုဇီဝဗေဒ | ||
| ဝိဇ္ဇာဘာသာရပ် | သိပ္ပံဘာသာရပ် | ||
|---|---|---|---|
| ၁။ | မြန်မာစာ | ၁။ | ဓာတုဗေဒ |
| ၂။ | အင်္ဂလိပ်စာ | ၂။ | ရူပဗေဒ |
| ၃။ | ပထဝီဝင် | ၃။ | သင်္ချာ |
| ၄။ | သမိုင်း | ၄။ | သတ္တဗေဒ |
| ၅။ | ဒဿနိကဗေဒ | ၅။ | ရုက္ခဗေဒ |
| ၆။ | စိတ်ပညာ | ၆။ | အဏုဇီဝဗေဒ |
| ၇။ | အရှေ့တိုင်းပညာ | ||
| ၈။ | ဥပဒေပညာ | ||
ပေးအပ်သောဘွဲ့အမျိုးအစားများ
[ပြင်ဆင်ရန်]နေ့သင်တန်း (ကျောင်းသား၊ ကျောင်းသူများ)အတွက်
- ဝိဇ္ဇာဘွဲ့
- သိပ္ပံဘွဲ့
- ဝိဇ္ဇာဘွဲ့ (ဂုဏ်ထူး)
- သိပ္ပံဘွဲ့ (ဂုဏ်ထူး)
- ဥပဒေဘွဲ့
- မဟာဥပဒေဘွဲ့
- မဟာဝိဇ္ဇာဘွဲ့
- မဟာသိပ္ပံဘွဲ့
- ပါရဂူဘွဲ့ (အဏုဇီဝဗေဒ) အထူးပြုတစ်ခုသာ
အဝေးသင် သင်တန်း (ကျောင်းသား၊ ကျောင်းသူများ)အတွက်
- ဝိဇ္ဇာဘွဲ့
- သိပ္ပံဘွဲ့
- ဥပဒေဘွဲ့
တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခချုပ်များ
[ပြင်ဆင်ရန်]| စဉ် | အမည် | ရာထူး | တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ | |
| မှ | ထိ | |||
| ၁။ | ဦးခင်ညွန့် | ကျောင်းအုပ်ကြီး | ၇-၇-၁၉၅၈ | ၂၈-၈-၁၉၆၂ |
| ၂။ | ဒေါ်မေမေခင် | ခေတ္တကျောင်းအုပ်ကြီး | ၂၉-၈-၁၉၆၂ | ၂၈-၇-၁၉၆၃ |
| ၃။ | ဦးလှရွှေ | ကျောင်းအုပ်ကြီး | ၂၉-၇-၁၉၆၃ | ၃၁-၅-၁၉၆၆ |
| ၄။ | ဒေါက်တာဖေသောင်း | ကျောင်းအုပ်ကြီး | ၁-၇-၁၉၆၆ | ၃၁-၁-၁၉၆၇ |
| ၅။ | ဒေါက်တာမန်းသက်စံ | ကျောင်းအုပ်ကြီး | ၂၅-၂-၁၉၆၇ | ၁၆-၃-၁၉၇၁ |
| ၆။ | ဦးသက်ထွန်း | ကျောင်းအုပ်ကြီး | ၃-၁၀-၁၉၆၉ | ၆-၃-၁၉၇၂ |
| ၇။ | ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) | ကျောင်းအုပ်ကြီး | ၁၅-၇-၁၉၇၅ | ၁၂-၉-၁၉၇၇ |
| ၈။ | ဦးကိုကိုလေး | ကျောင်းအုပ်ကြီး | ၁-၆-၁၉၇၈ | ၃၁-၁၂-၁၉၈၀ |
| ၉။ | ဦးတင်ဦးလှိုင် | ကျောင်းအုပ်ကြီး | ၅-၁-၁၉၈၁ | ၁၄-၅-၁၉၈၈ |
| ၁၀။ | ဦးကျော်မြသိန်း | ကျောင်းအုပ်ကြီး | ၁-၇-၁၉၈၈ | ၁၁-၁-၁၉၈၉ |
| ၁၁။ | ဒေါက်တာမောင်ကျော် | ကျောင်းအုပ်ကြီး | ၁၂-၁-၁၉၈၉ | ၃-၄-၁၉၉၄ |
| ၁၂။ | ဒေါက်တာစိုးရင် | ကျောင်းအုပ်ကြီး | ၂၂-၆-၁၉၉၄ | ၂၁-၆-၁၉၉၆ |
| ၁၃။ | ဦးဝင်းမောင် | ကျောင်းအုပ်ကြီး | ၂၉-၇-၁၉၉၆ | ၃၀-၉-၁၉၉၈ |
| ၁၄။ | ဦးချို | ပါမောက္ခချုပ် | ၂၂-၁၀-၁၉၉၈ | ၅-၂-၂၀၀၆ |
| ၁၅။ | ဦးလှတင့် | တာဝန်ခံ ပါမောက္ခချုပ် | ၆-၂-၂၀၀၆ | ၂၀-၁-၂၀၁၀ |
| ၁၆။ | ဒေါက်တာညွန့်ဖေ | ပါမောက္ခချုပ် | ၂၁-၁-၂၀၁၀ | ၂၃-၁၀-၂၀၁၇ |
| ၁၇။ | ဒေါက်တာစီစီလှဘူး | ပါမောက္ခချုပ် | ၂၄-၁၀-၂၀၁၇ | ယနေ့အထိ |
ထင်ရှားသောဆရာဟောင်းများ
[ပြင်ဆင်ရန်]- တက္ကသိုလ်ဘုန်းနိုင် - စာရေးဆရာ
- ဒေါက်တာ ထက်အာကာ
ထင်ရှားသောကျောင်းသားဟောင်းများ[ပြင်ဆင်ရန်]
[ပြင်ဆင်ရန်]- ထူးအိမ်သင် - တေးရေးတေးဆို