တောင်ကြီးတက္ကသိုလ်
ဘွဲ့နှင်းသဘင်ခန်းမ | |
အမျိုးအစား | အများဆိုင် |
---|---|
တည်ထောင် | ၁၅ ဇွန် ၁၉၆၁ |
ပါမောက္ခချုပ် | ဒေါက်တာကေသီသင် |
ဝန်ထမ်းဦးရေ | ၂၄၅ |
သင်တန်းသား | ၁၄,၀၀၀ |
တည်နေရာ | တောင်ကြီးမြို့၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ 20°45′19″N 97°3′3″E / 20.75528°N 97.05083°E |
တောင်ကြီးတက္ကသိုလ် (အင်္ဂလိပ်: Taunggyi University သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၏ အဓိကတက္ကသိုလ်တစ်ခုဖြစ်ပြီး တောင်ကြီးမြို့တွင် တည်ရှိသည်။ တောင်ကြီးတက္ကသိုလ်တွင် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များအတွက် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့သင်တန်းများ တက်ရောက်နိုင်သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၆၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် တောင်ကြီးကောလိပ် ကို မန္တလေးတက္ကသိုလ်၏ တွဲဖက်ကောလိပ်တစ်ခုအနေဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။[၂] ၁၉၆၄ ခုနှစ် တက္ကသိုလ်ပညာရေးအက်ဥပဒေအရ တောင်ကြီးဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့သော်လည်း မန္တလေးတက္ကသိုလ်၏ အောက်တွင် ထားရှိခဲ့သည်။ ၁၉၉၂ ခုနှစ် ဩဂုတ် ၁၇ ရက်နေ့တွင် သီးခြား လွတ်လပ်သည့် တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့သည်။
သင်တန်းများ
[ပြင်ဆင်ရန်]တောင်ကြီးတက္ကသိုလ်တွင် အဓိက ပေးအပ်သည့် ဘွဲ့များမှာ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ ဖြစ်ပြီး၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းအချို့ကိုလည်း တက်ရောက်သင်ကြားနိုင်သည်။[၁]
ဘာသာရပ် | ဘွဲ့ | မဟာဘွဲ့ | ပါရဂူဘွဲ့ |
---|---|---|---|
မြန်မာ | BA | ဥပဒေ | |
အင်္ဂလိပ် | BA | ||
ပထဝီဝင် | BA | ||
သမိုင်း | BA | ||
ဒဿနိကဗေဒ | BA | ||
စိတ်ပညာ | BA | ||
ဓာတုဗေဒ | BSc | ||
သင်္ချာ | BSc | ||
ရူပဗေဒ | BSc | ||
ဘူမိဗေဒ | BSc | ||
သတ္တဗေဒ | BSc | ||
ရုက္ခဗေဒ | BSc | ||
ဇီဝဓာတုဗေဒ | BSc |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ "PM inspects Taunggyi University"၊ The New Light of Myanmar၊ 2004-02-09။ 5 December 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 18 March 2005။
- ↑ "Prime Minister Lt-Gen Soe Win Visits Taunggyi University"၊ The New Light of Myanmar၊ 2005-06-08။ 5 December 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 7 September 2006။
ဤ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |