ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)

ဝီကီပီးဒီးယား မှ
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)
Nationalities Youth Resources Development Degree College
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်
ဒီဂရီကောလိပ်


တည်ထောင်ခုနှစ် ၂၀၀၀
တည်နေရာ ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး, အုန်းတော စစ်တိုင်းတိုင်းဒေသကြီး
အကျယ်အဝန်း ၃၁.၅၁၆ ဧက
ပိုင်ဆိုင်မှု နယ်စပ်ရေးရာ ဝန်ကြီးဌာန

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) (အင်္ဂလိပ်: Nationalities Youth Resource Development Degree College) သည် နယ်စပ်ရေးရာ ဝန်ကြီးဌာနပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန လက်အောက်ရှိ ဒီဂရီကောလိပ် တစ်ခုဖြစ်သည်။

နယ်စပ်ဒေသရှိတိုင်းရင်းသား လူငယ်များအား အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရန် ရည်ရွယ်၍ (၂၀၀၀-၂၀၀၁) ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်။ နယ်စပ်ဒေသအသီးသီးမှ အခြေခံပညာအထက်တန်း အောင်မြင်ပြီးသော တိုင်းရင်းသား လူငယ်များအား ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ ဒီဂရီကောလိပ် ဝင်ခွင့်ရွေးချယ်ရေး အဖွဲ့မှ ဒေသဖွံ့ဖြိုးရေးရုံး၊ လူငယ်သင်တန်းကျောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ စေလွှတ်သည့် ကျောင်းသားများအား သင်တန်းသားရွေးချယ်ရေး ကော်မတီမှ ပညာသင်ခွင့်ရရှိရေး အရည်အချင်းအလိုက် ရွေးချယ်ကာ ရွေးချယ်ခံ ကျောင်းသားများကို သိပ္ပံ၊ ဝိဇ္ဇာနှင့် အင်ဂျင်နီယာ ဘာသာရပ်များအား သင်ကြားပေးလျက်ရှိသည်။ အပါတ်စဉ် (၁) မှစ၍စီနီယာ၊ ဂျူနီယာစနစ်ဖြင့်ကျောင်းစည်းကမ်းကို စနစ်တကျ ထိန်းသိမ်းခဲ့သည်။ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ သိပ္ပံ၊ ဝိဇ္ဇာဘွဲ့အတွက် ပညာသင်နှစ် (၄)နှစ်၊ ၂၀၁၂-၂၀၁၃ပညာသင်နှစ်မှစ၍ အင်ဂျင်နီယာ ဘာသာရပ်အတွက် (၃)နှစ် သတ်မှတ်ထားရှိပြီး သိပ္ပံ၊ ဝိဇ္ဇာဘွဲ့နှင့် အင်ဂျင်နီယာဒီပလိုမာများ အပ်နှင်းပေးသည်။

တည်နေရာ[ပြင်ဆင်ရန်]

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၁)ရပ်ကွက်၊ မြေကွက်အမှတ်(၃၃၈၃) စစ်တောင်းလမ်း၌ တည်ရှိပြီး ၃၁.၅၁၆ ဧက ကျယ်ဝန်းသည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရည်ရွယ်ချက်များမှာ

  • တိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမို စည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်၊
  • ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်လုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး တည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်း စောင့်ရှောက်သော လူငယ်များဖြစ်လာစေရန်၊
  • နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်လိုသည့် စိတ်ဓာတ်မွေးမြူပေးရန်၊
  • အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်လိုသည့် စိတ်ဓာတ်များ မွေးမြူပေးရန်၊
  • အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ တတ်မြောက်၍ ကျောင်းဆင်းပြီးသွားပါက မိမိ ဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျရာကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်စေရန် တို့ဖြစ်သည်။

သင်ကြားပို့ချ ပေးသော ဘာသာရပ်များ[ပြင်ဆင်ရန်]

သင်တန်းအားလုံးတွင် ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်၊ ခေါင်းဆောင်မှု ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်၊ ယဉ်ကျေးမှုဘာသာရပ်နှင့် ကွန်ပျူတာသိပ္ပံဘာသာရပ် တို့ကို ပူးတွဲသင်ကြားသည်။ [၁]

ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင့် အောင်လက်မှတ်များ[ပြင်ဆင်ရန်]

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) မှပေးအပ်ချီးမြှင့်သည့် ဘွဲ့။ အောင်လက်မှတ်များနှင့် သင်တန်းကာလများမှာ အောက်ပါအတိုင်းဖြစ်သည်။[၂]

ဘာသာတွဲ ဘွဲ့/ဒီပလိုမာ သင်တန်းကာလ
ဝိဇ္ဇာ ဝိဇ္ဇာဘွဲ့ ၄နှစ်
သိပ္ပံ သိပ္ပံဘွဲ့ ၄နှစ်
အေဂျီတီအိုင် ဒီပလိုမာ ၃နှစ်
နည်းပညာ နည်းပညာဘွဲ့ အေဂျီတီအိုင်အောင်ပြီး ၂နှစ်

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)
ပင်မကျောင်းဆောင်
ပင်မကျောင်းဆောင် 
မြန်မာဘာသာဖြင့် ဖော်ပြထားသော ကျောင်းအမည်
မြန်မာဘာသာဖြင့် ဖော်ပြထားသော ကျောင်းအမည် 
ပင်မကျောင်းဆောင်အား အဝေးမြင်ကွင်းမှ မြင်ရပုံ
ပင်မကျောင်းဆောင်အား အဝေးမြင်ကွင်းမှ မြင်ရပုံ 
ကောလိပ် ဝင်ပေါက်
ကောလိပ် ဝင်ပေါက် 
အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသော ကျောင်းအမည်
အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသော ကျောင်းအမည် 

ကိုးကား[ပြင်ဆင်ရန်]

  1. သင်ကြား ပို့ချ ပေးသော ဘာသာရပ်များ။ 19 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 October 2014 တွင် ပြန်စစ်ပြီး။
  2. ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင့် အောင်လက်မှတ်များ။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 October 2014 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်[ပြင်ဆင်ရန်]