နည်းပညာတက္ကသိုလ်(မအူပင်)

ဝီကီပီးဒီးယား မှ

နည်းပညာတက္ကသိုလ်(မအူပင်) သည် မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင်မအူပင်မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ၊ မအူပင်-ရေလဲကားလမ်းဘေး၊ အောင်ဟိတ်ရွာအနီးတွင် တည်ရှိပြီး အကျယ်အဝန်း ၅၀.၁၄ ဧက ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

နည်းပညာတက္ကသိုလ်(မအူပင်)ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် မအူပင်မြို့ စာရေးကုန်းရပ်ကွက်နှင့် ဘောလုံးကွင်းရပ်ကွက်ကြား စိမ်းမြကန်သာလမ်းပေါ်ရှိ မြေဧက ၅၇.၈၇၂ ပေါ်၌ အစိုးရစက်မှုလက်မှုသိပ္ပံ (မအူပင်) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၂ ခုနှစ် မေလ ၃၁ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် အဆင့်မြှင့်တင်ဖွင့် လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။[၁]

သင်ကြားရေးဌာနများ[ပြင်ဆင်ရန်]

သင်တန်းများ[ပြင်ဆင်ရန်]

ဘွဲ့သင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
အင်ဂျင်နီယာဘွဲ့ (မြို့ပြ) B.E. (Civil) ၆ နှစ်
အင်ဂျင်နီယာဘွဲ့ (အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေး) B.E. (EC) ၆ နှစ်
အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအား) B.E. (EP) ၆ နှစ်
အင်ဂျင်နီယာဘွဲ့ (စက်မှု) B.E. (ME) ၆ နှစ်

ကိုးကား[ပြင်ဆင်ရန်]

  1. Background History။ 8 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]