ကသာပညာရေးကောလိပ်

ဝီကီပီးဒီးယား မှ

ကသာပညာရေးကောလိပ်(အင်္ဂလိပ်: Kathar Education College; KEC)သည် စစ်ကိုင်းတိုင်းဒေသကြီးကသာမြို့ရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးကောလိပ်ကျောင်း ဖြစ်သည်။ ၂၀၁၉ ဒီဇင်ဘာလ ၁၈ တွင် စတင်ဖွင့်လှစ်ရာ၊ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ တက်ရောက်ဖွင့်လှစ်သည်။[၁] ကျောင်းသားသမဂ္ဂ ရှိသည်။[၂]

ကျောင်းပရဝုဏ်[ပြင်ဆင်ရန်]

ကသာပညာရေး ဒီဂရီကောလိပ်တွင်

  • သုံးထပ်စာသင်ဆောင်(၁)ဆောင်၊
  • နှစ်ထပ်စာသင်ဆောင် (သိပ္ပံလက်တွေ့ဆောင်)(၁)ဆောင်
  • သင်တန်းသား ၁၆၀ ဆံ့ နှစ်ထပ်အိပ်ဆောင်(၂)ဆောင်၊
  • လေးခန်းတွဲ လေးထပ် ဆရာ/ဆရာမ ဆောင် (၁)ဆောင်
  • စားရိပ်သာ ၁ ဆောင်
  • ကျောင်းအုပ်ကြီးနေအိမ် ၁ ဆောင် ရှိသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကသာအင်းတော်ဗန်းမောက်ထီးချိုင့်ဝန်းသိုပင်လည်ဘူးကောလင်းရွှေဘိုနှင့် ကန့်ဘလူမြို့နယ်တို့မှ ဝင်ခွင့်ရ ကျောင်းသူကျောင်းသား ၆၅ ဦး ပညာသင်ယူနေကာ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သင်တန်းသား ၂၀ဝ ဦး ခေါ်ယူသွားမည် ဖြစ်သည်။ ဆရာ/မဝန်ထမ်းအင်အား ၃၀ ရှိသည်။[၃]

မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းကို ထည့်သွင်း တည်ဆောက်ထားသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]