သတ္တဗေဒ
သတ္တဗေဒ (ပါဏဗေဒ) ဆိုသည်မှာ သတ္တဝါများအကြောင်းကို လေ့လာသည့် ပညာတရပ်ဖြစ်ပြီး ဇီဝဗေဒမှ ခွဲထွက်လာသည့် ဘာသာ တစ်မျိုးဖြစ်သည်။ သတ္တဗေဒမှာ သတ္တဝါ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးဝင်ပုံ၊ ပြုမူနေထိုင်ပုံနှင့် ဆင့်ကဲပြောင်းလဲပုံများအား အဓိကထားလေ့လာသုံးသပ်သည့် သက်ရှိဆိုင်ရာ သိပ္ပံပညာတစ်ရပ်ပင် ဖြစ်သည်။