ကွန်ပျူတာတက္ကသိုလ်(သထုံ)

ဝီကီပီးဒီးယား မှ
ကွန်ပျူတာတက္ကသိုလ်(သထုံ)
Computer University, Thaton
မြန်မှန်တွက်ချက် တိုင်းပြည်တွက်


တည်ထောင်ခုနှစ် ၄ စက်တင်ဘာ ၂၀၀၀
တည်နေရာ သထုံမြို့၊ မွန်ပြည်နယ်
အမျိုးအစား အများနှင့်သက်ဆိုင်သော

ကွန်ပျူတာတက္ကသိုလ်(သထုံ)သည် မွန်ပြည်နယ်သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ဝန္ဒာမိတောင်ခြေတွင် တည်ရှိသည်။[၁] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မွန်ပြည်နယ်အတွင်းတွင် အစိုးရကွန်ပျူတာကောလိပ်(မော်လမြိုင်)အား ၂၀၀၀ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ တွင် အစိုးရနည်းပညာကောလိပ်(မော်လမြိုင်) (ယခု နည်းပညာတက္ကသိုလ်(မော်လမြိုင်))၏ ပရဝုဏ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ် ကျေးရွာအုပ်စု၊ မော်လမြိုင်စက်မှုဇုန် အနီးသို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မော်လမြိုင်) အဖြစ်သို့ တိုးမြှင့်သတ်မှတ်ပြီး ဘွဲ့ကြို/ဘွဲ့လွန် သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့သည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မော်လမြိုင်)အား သထုံမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(သထုံ)အဖြစ် အမည်ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။ [၁]

သင်တန်းများ[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(သထုံ)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]

  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ
  • ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
  • ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ

ပေးအပ်ချီးမြှင့်သောဘွဲ့များ[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(သထုံ)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)

တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများ[ပြင်ဆင်ရန်]

  • ဒေါ်သီသီစော (၇-၈-၂၀ဝ၀ မှ ၂၃-၄-၂၀ဝ၁ ထိ)
  • ဒေါ်မွန်မွန် (၂၄-၄-၂၀ဝ၁ မှ ၆-၈-၂၀ဝ၄ ထိ)
  • ဒေါက်တာနီလာသိန်း (၇-၈-၂၀ဝ၄ မှ ၃၁-၁၀-၂၀ဝ၆ ထိ )
  • ဒေါက်တာနေခြည်လဲ့လဲ့သိန်း (၁-၁၁-၂၀ဝ၆ မှ ၇-၄-၂၀ဝ၉ ထိ)
  • ဒေါက်တာသန္တာသိန်း (၈-၄-၂၀ဝ၉ မှ ၄-၇-၂၀၁၀ ထိ)
  • ဒေါက်တာဝင်းဌေး (၅-၇-၂၀၁၀ မှ ယနေ့ထိ)

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ကွန်ပျူတာတက္ကသိုလ်(သထုံ)။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]