ပခုက္ကူတက္ကသိုလ်

ဝီကီပီးဒီးယား မှ
ပခုက္ကူတက္ကသိုလ်
ပခုက္ကူတက္ကသိုလ်
ဆောင်ပုဒ်ပညာအရောင် ထွန်းလင်းပြောင်
တည်နေရာပခုက္ကူမြို့မကွေးတိုင်းဒေသကြီး, မြန်မာနိုင်ငံ
21°21′1″N 95°4′16″E / 21.35028°N 95.07111°E / 21.35028; 95.07111ကိုဩဒိနိတ်: 21°21′1″N 95°4′16″E / 21.35028°N 95.07111°E / 21.35028; 95.07111
ဝဘ်ဆိုဒ်pakokkuuni.moe.edu.mm

ပခုက္ကူတက္ကသိုလ် သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီးပခုက္ကူမြို့ရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တစ်ခု ဖြစ်သည်။[၁][၂][၃][၄][၅] ပခုက္ကူတက္ကသိုလ်တွင် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်များအတွက် ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။[၆][၇][၈]

ပခုက္ကူတက္ကသိုလ်သည် ပခုက္ကူမြို့၏မြောက်ဘက်စွန်းတွင် တည်ရှိသည်။ ပခုက္ကူတက္ကသိုလ်၏ မြေဧရိယာ အကျယ်အဝန်းမှာ (၂၄၅.၃၂) ဧက ဖြစ်သည်။[၉]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၇၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ပခုက္ကူဒေသကောလိပ်ကို ပခုက္ကူ အထက(၂)နေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အထက(၂) နေရာမှ လက်ရှိ နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

ဒေသကောလိပ်များကို ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာနက လွှဲပြောင်းယူခဲ့ပြီး၊ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှစ၍ ပခုက္ကူဒေသကောလိပ်ကို ပခုက္ကူကောလိပ် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၉၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ပခုက္ကူကောလိပ်ကို ပခုက္ကူဒီဂရီကောလိပ်အဖြစ်သို့ လည်းကောင်း၊ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပခုက္ကူဒီဂရီကောလိပ်ကို ပခုက္ကူတက္ကသိုလ် အဖြစ်သို့ လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၉]

ပေးအပ်သောဘွဲ့များ[ပြင်ဆင်ရန်]

  • ဝိဇ္ဇာဘွဲ့ (BA)
  • သိပ္ပံဘွဲ့ (Bsc)
  • မဟာဝိဇ္ဇာဘွဲ့ ( MA )
  • မဟာသိပ္ပံဘွဲ့ ( M.Sc)

ကိုးကား[ပြင်ဆင်ရန်]

  1. "Pakokku students begin march on Yangon"၊ Eleven Myanmar၊ 2 September 2015။ 19 May 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 11 February 2018။ 
  2. "Pakokku, Chauk students join protest calling Section 436 amendment"၊ Eleven Myanmar၊ 7 November 2015။ 19 May 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 11 February 2018။ 
  3. Instituted of Higher Education in Myanmar [January 2002]။ MODiNS.NET။ 17 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 May 2016 တွင် ပြန်စစ်ပြီး။
  4. "Powerful independents shun USDP"၊ The Myanmar Times၊ 6 November 2015။ 19 May 2016 တွင် ပြန်စစ်ပြီး 
  5. https://www.4icu.org/reviews/14525.htm List of Universities and Colleges without an official or working website
  6. "တတိယအကြိမ် ပခုက္ကူ တက္ကသိုလ် မိသားစု ဈေးပွဲတော်ကျင်းပ"၊ Myawady News၊ 16 January 2016။ 19 May 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 9 June 2016။ 
  7. "တတိယအကြိမ် ပခုက္ကူ တက္ကသိုလ်မိသားစု ဈေးပွဲတော်ကျင်းပ"၊ Ministry of Information (Myanmar)၊ 14 January 2016။ 19 May 2016 တွင် ပြန်စစ်ပြီး 
  8. ပခုက္ကူ တက္ကသိုလ်၏ (၁၃) ကြိမ်မြောက် ဘွဲနှင်းသဘင် ကျင်းပ။ Ministry of Education (Myanmar) (2 February 2015)။ 19 May 2016 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ ပခုက္ကူတက္ကသိုလ် နောက်ခံသမိုင်း။ 6 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၉ ဇူလိုင် ၂၀၁၈ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]