ဒဂုံတက္ကသိုလ်

ဝီကီပီးဒီးယား မှ
ဒဂုံတက္ကသိုလ်
Dagon University
စိတ်ထားကောင်းမြတ် ကျင့်ဝတ်လိုက်နာ ပညာထူးချွန် လူရည်မွန်များမွေးဖွားရိပ်ခို ဒို့တက္ကသိုလ်
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၉၃; ၃၁ နှစ် အကြာက (၁၉၉၃)
ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင် [၁]
ဒုတိယပါမောက္ခချုပ်
၁။ ဒေါက်တာစန်းစန်းမွှေး
၂။ ဒေါက်တာထိပ်တင်ဟန်
၃။ ဒေါက်တာမျိုးမင်း
တည်နေရာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
အကျယ်အဝန်း ၁၅၈၂.၁၄ ဧက
ပိုင်ဆိုင်မှု ပညာရေးဝန်ကြီးဌာန
အဖွဲ့အစည်း ပညာရေးဝန်ကြီးဌာန
ဝဘ်ဆိုတ် dagonuniversity.edu.mm


ဒဂုံတက္ကသိုလ်(Dagon University)သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ထဲတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ကျောင်းသားဦးရေ အများဆုံးနှင့် အကြီးဆုံးသော တက္ကသိုလ်တစ်ခုဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ဝိဇ္ဇာဘာသာရပ်သိပ္ပံဘာသာရပ် များကို သင်ကြားပို့ချလျက်ရှိသော တက္ကသိုလ်ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဒဂုံတက္ကသိုလ်ကို ၁၉⁠၉၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားများကို ၁၉⁠၉၃ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စတင်လက်ခံသင်ကြားခဲ့သည်။ ခွင့်ပြုသည့် ကျောင်းသားဦးရေမှာ (၆၀⁠၀၀၀) ဖြစ်သည်။ ၁၉⁠၉၃-၉၄ ကျောင်းဖွင့်စ ပညာသင်နှစ်တွင် ဘာသာရပ်ဌာန(၈)ခု၌ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၁၂၉၈) ဦးကို လက်ခံသင်ကြားပေးခဲ့သည်။[၂]၂၀⁠၀၂-၂၀⁠၀၃ ပညာသင်နှစ်အစတွင် ကျောင်းသားဦးရေ (၁၅၀⁠၀၀) ကျော်ကို လက်ခံသင်ကြားပေးခဲ့သည်။ ၂၀⁠၀၃-၂၀⁠၀၄ ခု ပညာသင်နှစ်တွင် ကျောင်းသားဦးရေ (၂၁၄၆၃) ကိုလက်ခံသင်ကြားပေးခဲ့သည်။ ၂၀⁠၀၄-၂၀⁠၀၅ ခု ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ (၂⁠၂၅၉၁)ကို လက်ခံသင်ကြားပေးခဲ့သည်။ ၂၀⁠၀၅-၂၀⁠၀၆ ခု ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ဦးရေ (၂၄၃၁၄) ကို လက်ခံသင်ကြားပေးခဲ့သည်။ ဒဂုံတက္ကသိုလ်မှ ဆရာ၊ ဆရာမများသည် အဝေးသင်ကျောင်းသားကျောင်းသူများ ၏သင်ကြားရေးကိုလည်း တာဝန်ယူဆောင်ရွက်ရသည်။ ၂၀⁠၀၄-၂၀⁠၀၅ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ဦးရေစုစုပေါင်း (၅၉၁၄၄) ဦး၊ ၂၀⁠၀၅-၂၀⁠၀၆ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း (၆၂၈၉၈) ဦး၏ သင်ကြားရေးကို တာဝန်ယူခဲ့သည်။

တည်နေရာ[ပြင်ဆင်ရန်]

မင်းရဲကျော်စွာလမ်း ၊ (၅၂) ရပ်ကွက် ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရန်ကုန်မြို့တွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၅၈၂.၁၄ဧက ကျယ်ဝန်းသည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ဒဂုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ[ပြင်ဆင်ရန်]

ဒဂုံတက္ကသိုလ်၏ ကြားကာလအတွင်း အုပ်ချုပ်ရေးနှင့်ပညာရေးကိစ္စအဝဝကိုစီမံခန့်ခွဲနိုင်ရန်အတွက် ဒဂုံတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီ ကို ဆရာသမဂ္ဂ ကိုယ်စားလှယ်များ ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ ၊ ဝန်ထမ်းသမဂ္ဂ ကိုယ်စားလှယ်များဖြင့် ၂၀၂၁ ခုနှစ် ၊ ဧပြီလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုအား တော်လှန်ရေးကာလအတွင်း တက္ကသိုလ်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်သည်။

ဘာသာရပ်သင်တန်းများ[ပြင်ဆင်ရန်]

အထူးပြုဘာသာရပ်ဌာန (၁၈) ခုရှိပြီးသင်ကြားပို့ချသော အထူးပြုဘာသာရပ်များအနက်

စုစုပေါင်း အထူးပြုဘာသာရပ်နှင့် ပေါင်းစပ် ဘာသာရပ်(၂၇) ခုကို ဒဂုံတက္ကသိုလ်တွင် သင်ကြားလျက်ရှိသည်။ စုစုပေါင်း ပုံမှန်နေ့သင်တန်း ကျောင်းသား ကျောင်းသူဦးရေမှာ (၂၄၃၁၄) ဦးဖြစ်သည်။

ဒဂုံတက္ကသိုလ်မှ အပ်နှင်းသော ဘွဲ့၊ မဟာဘွဲ့ နှင့် ပါရဂူဘွဲ့များ[ပြင်ဆင်ရန်]

ဘာသာရပ် ဘွဲ့ (Bachelor's) မဟာဘွဲ့ (Master's) ပါရဂူဘွဲ့ (Doctoral)

တက္ကသိုလ် အကြီးအကဲများ[ပြင်ဆင်ရန်]

ဒဂုံတက္ကသိုလ်၏ ပါမောက္ခချုပ်များ[ပြင်ဆင်ရန်]

# အမည် စတင်နှစ် ပြီးဆုံးနှစ်
ဦးကောင်းညွန့် ၁၉၉၃ ၁၉၉၈
ဒေါက်တာမောင်သင်း ၁၉၉၈ ၂၀၀၄
ဦးကျော်မြင့်ဦး ၂၀၀၅ ၂၀၀၇
ဦးဆန်း ၂၀၀၇ ၂၀၁၁
ဒေါက်တာလှဌေး ၂၀၁၂ ၂၀၁၆
ဒေါက်တာအေးအေးထွန်း ၂၀၁၁ ၂၀၁၇
ဒေါက်တာဝင်းနိုင် ၂၀၁၇ ၂၀၁၉
ဒေါက်တာသာထွန်းမောင် ၂၀၂၁ ယနေ့ထိ

အသင်းအဖွဲ့များ[ပြင်ဆင်ရန်]

ကျောင်းသားများသမဂ္ဂ[ပြင်ဆင်ရန်]

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ၁၉၉၆ ခုနှစ် ၊ ဒီဇင်ဘာလ (၅) ရက်နေ့တ္ငင် စတင်ဖွဲ့စည်းခဲ့သည်။ စစ်အစိုးရ၏ ဖိနှိပ်မှုများကြောင့် ၁၉၉၆ ခုနှစ် ၊ ဒီဇင်ဘာလ (၉) ရက်နေ့တ္ငင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု[၃]ကို စတင်ခဲ့သည်။ သမဂ္ဂ ဖွဲ့စည်းပြီး လပိုင်းအတွင်း ဖြိုခွင်း ဖမ်းဆီးခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ (၂၃) ရက်နေ့တ္ငင် သမဂ္ဂကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ သမဂ္ဂရွေးကောက်ပွဲကို လျှို့ဝှက်ဆန္ဒမဲစနစ်ဖြင့် တစ်ကျောင်းလုံးမှဆန္ဒပြုကြသည်။ တတိယအကြိမ်မြောက် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင် အထွေထွေရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီ ၂၅ ရက်တွင်ကျင်းပခဲ့ပြီး Future The DAGON အသင်း နှင့် Unity & Progress အသင်းတို့မှ ကျောင်းသားကိုယ်စားလှယ် ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ဧပြီလ ၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာ။ ကြေးမုံသတင်းစာတိုက်။ 23 April 2021။ p. စာမျက်နှာ ၂။
  2. "History of Dagon University"။ 
  3. "၁၉၉၆ ဒဂုံတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အမှတ်တရ"၊ ဘုန်းသက်ပိုင်၊ 4 August 2017။ 
  4. "ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင် အထွေထွေရွေးကောက်ပွဲ ကျင်းပ"၊ Eleven Meida Group၊ 25 January 2019။