နည်းပညာတက္ကသိုလ်(လားရှိုး)

ဝီကီပီးဒီးယား မှ
နည်းပညာတက္ကသိုလ်(လားရှိုး)

နည်းပညာတက္ကသိုလ်(လားရှိုး) သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး ဘေးတွင်တည်ရှိသည်။ အဆိုပါတက္ကသိုလ်သည် ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ) ၏ စီမံခန့်ခွဲမှုလက်အောင်တွင် ရှိသည်။

၁၉၉၇ ခုနှစ်တွင် အစိုးရ စက်မှု လက်မှုသိပွံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် နည်းပညာတက္ကသိုလ်(လားရှိုး) အဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ် ပရဝုဏ် ဧရိယာ ၅၅.၃၆ ဧက ရှိပြီး အင်ဂျင်နီယာ ဘွဲ့ကြိုသင်တန်းများ ပို့ချပေးလျက်ရှိသည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]