အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) | |
National University of Arts and Culture, Yangon | |
NUAC | |
စိတ္တံ ဒန္တံ သုခါ ဝဟံ | |
Mind when tamed is conducive to happiness | |
cittaṃ dantaṃ sukhāvahaṃ | |
ယဉ်ကျေးမှုတက္ကသိုလ်(ရန်ကုန်) | |
| |
တည်ထောင်ခုနှစ် | ၂၄ စက်တင်ဘာ ၁၉၉၃ |
ပါမောက္ခချုပ် | ဒေါက်တာ ကေသီထွေး |
တည်နေရာ | ၂၆ အောင်ဇေယျလမ်းမ တောင်ဒဂုံ ၁၁၄၃၁, ရန်ကုန်, ရန်ကုန်တိုင်းဒေသကြီး, မြန်မာ |
အမျိုးအစား | အများနှင့်သက်ဆိုင်သော |
ဝဘ်ဆိုတ် | NUAC Yangon |
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) (အင်္ဂလိပ်: National University of Arts and Culture, Yangon) သည် ရန်ကုန်မြို့တွင် တည်ရှိသော တက္ကသိုလ်တစ်ခုဖြစ်ပြီး မြန်မာ့ရိုးရာ အနုပညာဘာသာရပ်များအတွက် ဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာဘွဲ့လွန်သင်တန်းများကို ဖွင့်လှစ်၍ သင်ကြားသည်။[၁] တက္ကသိုလ်သင်ကြားရေးတွင် အသုံးပြုသောဘာသာမှာ အင်္ဂလိပ်စာဖြစ်ပြီး နိုင်ငံခြားတိုင်းပြည်များမှ ကျောင်းသူ/သားများ၏ စိတ်ဝင်စားမှုခံရသည့် တက္ကသိုလ်လည်းဖြစ်သည်။[၂]
သမိုင်းကြောင်း[ပြင်ဆင်ရန်]
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) (ယခင် - 'ယဉ်ကျေးမှုတက္ကသိုလ်(ရန်ကုန်)') ကို ကမ္ဘာအေးစေတီလမ်း၊ ကမ္ဘောဇအဆောက်အဦဝင်းတွင် ဖွင့်လှစ်ခဲ့၍ ၁၉၉၆ ခုနှစ် စက်တင်ဘာလ၊ ၁၈ ရက်နေ့တွင် ယခုလက်ရှိတည်ရှိနေသော အမှတ်(၂၆)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်စတင်ဖွင့်လှစ်စဉ်က ကျောင်းအုပ်ကြီးအဖြစ် ဦးမောင်မောင်ခိုင်က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၉၄ တွင် ကျောင်းအုပ်ရာထူးမှ ပါမောက္ခချုပ်ရာထူးသို့ ပြောင်းလဲခန့်အပ်သည်။
၂၀၀၇ ခုနှစ်တွင် ယဉ်ကျေးမှု တက္ကသိုလ်ကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။[၃]
ပါမောက္ခချုပ်များ[ပြင်ဆင်ရန်]
- ဦးမောင်မောင်ခိုင် (၁၉၉၃–၁၉၉၇)
- ဦးဇော်သန်း (၁၉၉၈–၁၉၉၉)
- ဦးတင်စိုး (၁၉၉၉–၂၀၀၉)
- ဒေါ်နန္ဒာမွှန်း (၂၀၀၉-၂၀၁၀)
- ဒေါ်စန္ဒာခင် (၂၀၁၀–၂၀၁၁)
- ဦးကျော်ဦး (၂၀၁၁-၂၀၁၅)
- ဦးအောင်နိုင်မြင့်(၂၀၁၅-လက်ရှိ)
ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Khin Hla Htay (2005-12-13). "Government Mechanism for Safeguarding Intangible Cultural Heritage". Sub-Regional Experts Meeting in Asia on Intangible Cultural Heritage. Archived 3 March 2016 at the Wayback Machine.
- ↑ University of Culture။ Ministry of Culture။ 2008-12-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-11-27 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)။ ယဉ်ကျေးမှု ဝန်ကြီးဌာန။ 6 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၁-၁၃ တွင် ပြန်စစ်ပြီး။