ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်
ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် | |
University of West Yangon | |
ပညာဖွံ့ဖြိုး ပြည့်အကျိုး | |
To develop the knowledge for benefit of the country | |
အနောက်ပိုင်းတက္ကသိုလ် | |
![]() |
|
တည်ထောင်ခုနှစ် | ၂၆၊ ဇွန်၊ ၂၀၀၂ |
ပါမောက္ခချုပ် | ပါမောက္ခ ဒေါက်တာအောင်အောင်မင်း |
ဒုတိယပါမောက္ခချုပ် | ဒေါက်တာ သက်ထွန်းအောင် ၊ ဒေါက်တာ ဥမ္မာကျော် |
တည်နေရာ | ထန်းတပင်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး |
အဖွဲ့အစည်း | ပညာရေး ဝန်ကြီးဌာန |
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (အင်္ဂလိပ်: University of West Yangon) သည် ရန်ကုန်တိုင်းဒေသကြီး၏ အနောက်ဘက်၊ လှိုင်မြစ်အနောက်ဘက်ကမ်း ထန်းတပင်မြို့နယ် တွင် တည်ရှိသည်။
မာတိကာ
သမိုင်းကြောင်း[ပြင်ဆင်ရန်]
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကို ၈၈၈၈ လူထုဆန္ဒပြပွဲပေါ်ပေါက်ပြီးနောက် ရန်ကုန်တက္ကသိုလ် အားပိတ်လိုက်ပြီးနောက် ၁၄ နှစ်အကြာ ၂၀၀၂ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ကျောင်းအုပ်ကြီးများ[ပြင်ဆင်ရန်]
လက်ရှိရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ ပါမောက္ခချုပ်မှာ ဒေါက်တာ တင်မောင်ထွန်း ဖြစ်ပြီး၊ ဒုတိယပါမောက္ခချုပ်များမှာ ဒေါက်တာ အေးအေးခိုင် ဖြစ်သည်။
ဌာနများ[ပြင်ဆင်ရန်]
အဓိကအားဖြင့် သင်ကြားရေး ဌာန နှင့်စီမံရေး ဌာန ဟူ၍ (၂)ပိုင်း ရှိသည်။
သင်ကြားရေး ဌာနများ[ပြင်ဆင်ရန်]
သင်ကြားရေးဌာန (၁၄) ခုရှိသည်။ ဘာသာရပ်ဆိုင်ရာ ဌာနများအလိုက် ပါမောက္ခ၊ ဌာနမှူးများ ထားရှိသည်။ သင်ကြားရေးဌာန(၁၄)ခုမှာ-
- မြန်မာစာ ဌာန (ပါမောက္ခ၊ ဌာနမှူး- ဒေါက်တာ စိုးနိုင်)၊
- အင်္ဂလိပ်စာ ဌာန (ပါမောက္ခ၊ ဌာနမှူး- ဒေါ်မို့မို့)၊
- ပထဝီ ဌာန (ပါမောက္ခ၊ ဌာနမှူး- ဒေါက်တာ ခင်ခင်ဟန်)၊
- သမိုင်း ဌာန (ပါမောက္ခ၊ ဌာနမှူး-ဒေါက်တာ သီတာမြင့်)၊
- သင်္ချာ ဌာန (ပါမောက္ခ၊ ဌာနမှူး- ဒေါက်တာ မိုးသူ ) ၊
- သတ္တဗေဒ ဌာန (ပါမောက္ခ၊ ဌာနမှူး- ဒေါက်တာ သက်သက်ထွန်း)၊
- ရုက္ခဗေဒ ဌာန (ပါမောက္ခ၊ ဌာနမှူး- ဒေါက်တာ သန်းသန်းဆင့်) ၊
- ကုန်ထုတ်ဗေဒ ဌာန (ပါမောက္ခ၊ ဌာနမှူး- ဒေါက်တာ သင်းသင်းခိုင်)၊
- ဘူမိဗေဒ ဌာန (ပါမောက္ခ၊ ဌာနမှူး- ဒေါက်တာ သန်းသန်းဆင့်)၊
- ဒဿနိက ဌာန (ပါမောက္ခ၊ ဌာနမှူး- ဒေါက်တာ သက်သက်ဆိုင်)၊
- အရှေ့တိုင်းပညာ ဌာန (ပါမောက္ခ၊ ဌာနမှူး-ဒေါက်တာ ခင်လေးမြင့်)၊
- ဓါတုဗေဒ ဌာန (ပါမောက္ခ၊ ဌာနမှူး- ဒေါက်တာ လှိုင်လှိုင်ဦး)၊
- ရူပဗေဒ ဌာန (ပါမောက္ခ၊ ဌာနမှူး-ဒေါက်တာ မိုးဥမ္မာ)၊
- ဥပဒေ ဌာန (ပါမောက္ခ၊ ဌာနမှူး- သန်းဌေး) တို့ဖြစ်သည်။
စီမံရေး ဌာနများ[ပြင်ဆင်ရန်]
စီမံရေးဌာန(၁၂)ခု ရှိသည်။ စီမံရေးဌာနများမှာ-
- စီမံရေးရာ ဌာန၊
- ကျောင်းသားရေးရာ ဌာန၊
- အ ဝေးသင် ဌာနခွဲ၊
- ဘဏ္ဍရေး ဌာန၊
- စာမေးပွဲ နှင့် ဘွဲ့နှင်း၊
- စာကြည့်တိုက်၊
- တက္ကသိုလ်စီမံခန့်ခွဲရေးကော်မတီ
- ဗုဒ္ဓဘာသာ အသင်း၊
- အနုပညာ အသင်း၊
- ICT ကြီးကြပ်ရေး ကော်မတီ၊
- ကြက်ခြေနီ အသင်း၊
- နယ်မြေဌာန၊ တို့ဖြစ်သည်။
သင်ကြားနိုင်သောဘာသာရပ်များ နှင့် ပေးအပ်သောဘွဲ့များ[ပြင်ဆင်ရန်]
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင်အဓိအားဖြင့် ဝိဇ္ဇာနှင့် သိပ္ပံ အထူးပြုဘာသာရပ်များ သင်ယူနိုင်ပါသည်။
စဉ် | ဘာသာရပ် | အပ်နှင်းသောဘွဲ့ | မှတ်ချက်'" |
---|---|---|---|
၁ | မြန်မာစာ (Burmese) | BA | |
၂ | အင်္ဂလိပ်စာ (English) | BA | |
၃ | ပထဝီဝင် (Geography) | BA | |
၄ | သမိုင်း (History) | BA | |
၅ | ဒဿနိကဗေဒ (Philosophy) | BA | |
၆ | ရသပညာ (Creative Writing) | BA | |
၇ | အရှေ့တိုင်းပညာ (ပါဠိ) (Oriental Studies) | BA | |
၈ | ဘူမိဗေဒ (Geology) | BA | |
၉ | ရုက္ခဗေဒ (Botany) | BSc | |
၁၀ | ဓာတုဗေဒ (Chemistry) | BSc | ပညာချွန်ဆုလျှောက်နိုင် |
၁၁ | သင်္ချာ (Mathematics) | BSc | ပညာချွန်ဆုလျှောက်နိုင် |
၁၂ | ရူပဗေဒ (Physics) | BSc | ပညာချွန်ဆုလျှောက်နိုင် |
၁၃ | သတ္တဗေဒ (Zoology) | BSc | |
၁၄ | ကုန်ထုတ် ဓာတု (Chemical industry) | BSc |
အဝေးသင်ဌာနခွဲ[ပြင်ဆင်ရန်]
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် အဝေးသင်ဌာနခွဲကိုလည်းဖွင့်လှစ်ထားသည်။
ကိုးကား[ပြင်ဆင်ရန်]