ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)

ဝီကီပီးဒီးယား မှ
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)
စည်းလုံးခြင်းသည်အင်အား
Unity is strength


တည်ထောင်ခုနှစ် ၁၉၆၄
တည်နေရာ စစ်ကိုင်းမြို့
အကျယ်အဝန်း ၃၈၁.၆ဧက
ပိုင်ဆိုင်မှု နယ်စပ်ရေးရာ ဝန်ကြီးဌာန

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)သည် နယ်စပ်ရေးရာ ဝန်ကြီးဌာနပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ် တစ်ခုဖြစ်သည်။ ၁၉၆၄ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ မဟာဒဿန(ပညာရေး)ဘွဲ့ (၃၅)ဦး၊ မဟာပညာရေးဘွဲ့ (၉၃)ဦး၊ စုစုပေါင်း (၁၂၈)ဦး အပါအဝင် သင်တန်းသား/သူ (၁၂၄၉၃) ဦး သင်တန်းဆင်း ပြီးဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ကို တိုင်းရင်းသားလူငယ်များအား တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွှတ်မှု တိုးတက်ခိုင်မာရေးကို ကြိုးပမ်းကြမည့် အရည်အသွေးမြင့်မားသည့် ပညာရေး ဝန်ထမ်းကောင်းများ ဖြစ်ထွန်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်၍ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးသိပ္ပံ အဖြစ် ၂ဝ-၁ဝ-၁၉၆၄ ရက်နေ့ တွင် စစ်ကိုင်းမြို့၌ စတင် တည်ထောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၉/၉၁)ဖြင့် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ နယ်စပ်ရေးရာ ဝန်ကြီးဌာန အောက်သို့ လွှဲပြောင်းခဲ့သည်။

တည်နေရာ[ပြင်ဆင်ရန်]

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သည် စစ်ကိုင်းမြို့မှ (၂၂) မိုင် ကွာဝေးသည့် မန္တလေး-စစ်ကိုင်း-မုံရွာကားလမ်းပေါ်ရှိ နတ်ခရိုင်ကျေးရွာ၏ တောင်ဘက် (၄) မိုင်ခန့် ကွာဝေးသော ရွာသစ်ကြီးတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၅၄.၃ ဟက်တာ(သို့မဟုတ်) ၃၈၁.၆ဧက ရှိသည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၏ ရည်ရွယ်ချက်များ မှာ

  • ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ခင်မင် ရင်းနှီးစွာ နေထိုင်လျက် ပညာရှာမှီးကြရင်း ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲမှုရှိစေရန်။
  • ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ကောင်းများကို ထိန်းသိမ်းရန်နှင့် နားလည်သဘော ပေါက်စေရန်။
  • ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ စားဝတ်နေရေးအဆင့်အတန်း မြင့်မားစေရန် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ထက်သန်စေရန်။
  • ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာတွင်လိုအပ်သည့် ဦးဆောင်နိုင်မှု စွမ်းရည်မြှင့်တင်ရန်။
  • ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်မှုကိုရှေးရှု၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်လိုသည့် စိတ်ဓာတ်မွေးမြူပေးရန်။
  • ပါတီနိုင်ငံရေးကင်းရှင်းပြီး စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်။
  • ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းလိုသည့် စိတ်ဓာတ် ရှင်သန်ပွားများစေရန်။

သင်တန်းများ[ပြင်ဆင်ရန်]

မူလတန်းဆရာအတတ်သင်တန်း (၃)နှစ်
အထူးမူလတန်းဆရာအတတ်သင်တန်း (၁)နှစ်
အလယ်တန်းဆရာအတတ်သင်တန်း (၁)နှစ်
ဆရာအတတ်ပညာဒီပလိုမာသင်တန်း (၁)နှစ်
ပညာရေးဘွဲ့ပေါင်းကူးသင်တန်း (၂)နှစ်
ပညာရေးဘွဲ့သင်တန်း (၅)နှစ်
ဘွဲ့လွန်ပညာရေးဘွဲ့သင်တန်း (၁)နှစ်
မဟာပညာရေးဘွဲ့အရည်အချင်းစစ်သင်တန်း (၁)နှစ်
မဟာဒဿန(ပညာရေး)ဘွဲ့သင်တန်း (၁)နှစ်
မဟာပညာရေးဘွဲ့သင်တန်း (၂)နှစ်

[၂]

ဘာသာရပ်ဌာနများ[ပြင်ဆင်ရန်]

ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင့် အောင်လက်မှတ်များ[ပြင်ဆင်ရန်]

  • မူလတန်းဆရာအောင်လက်မှတ်
  • အလယ်တန်းဆရာအောင်လက်မှတ်
  • အထူးမူလတန်းဆရာအောင်လက်မှတ်
  • ဆရာအတတ်ပညာဒီပလိုမာ
  • ပညာရေးဘွဲ့
  • မဟာဒဿန(ပညာရေး)ဘွဲ့
  • မဟာပညာရေးဘွဲ့[၃]

ကိုးကားကျမ်း[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်[ပြင်ဆင်ရန်]