နည်းပညာတက္ကသိုလ်(မြိတ်)
ပုံပန်းသွင်ပြင်
နည်းပညာတက္ကသိုလ်(မြိတ်) သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကဘင်းရွာတွင် တည်ရှိပြီး ဧက ၁၀၇.၈၉ [၁]ကျယ်ဝန်းသည်။ ၁၉၉၉ ခုနှစ် အောက်တိုဘာ ၂၇ တွင် အစိုးရနည်းပညာသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၂ ခုနှစ် ဇန်နဝါရီတွင် အစိုးရနည်းပညာကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီတွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။ ၂၀၁၉ တွင် ဆရာ၊ ဆရာမဦးရေ ၉၅ ဦးနှင့် ကျောင်းသားဦးရေ ၇၃၅ ဦးရှိသည်။[၁]
သင်ကြားရေးဌာနများ
[ပြင်ဆင်ရန်]- မြို့ပြအင်ဂျင်နီယာဌာန
- အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဌာန
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
- စက်မှုအင်ဂျင်နီယာဌာန
- စာပေဘာသာရပ်ဌာများ (မြန်မာစာနှင့် အင်္ဂလိပ်စာ)
- ဓာတုဗေဒဌာန
- ရူပဗေဒဌာန
- သင်္ချာဌာန
သင်တန်းများ
[ပြင်ဆင်ရန်]စဉ် | ဘွဲ့ကြိုသင်တန်းများ | ဘွဲ့ဒီဂရီ | သင်တန်းကာလ |
---|---|---|---|
၁ | မြို့ပြအင်ဂျင်နီယာဒီပလိုမာ | A.G.T.I | ၂ နှစ် |
၂ | လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဒီပလိုမာ | A.G.T.I | ၂ နှစ် |
၃ | စက်မှုအင်ဂျင်နီယာဒီပလိုမာ | A.G.T.I | ၂ နှစ် |
၄ | အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဒီပလိုမာ | A.G.T.I | ၂ နှစ် |
စဉ် | ဘွဲ့သင်တန်းများ | ဘွဲ့ဒီဂရီ | သင်တန်းကာလ |
---|---|---|---|
၁ | အင်ဂျင်နီယာဘွဲ့ (မြို့ပြ) | B.E | ၆ နှစ် |
၂ | အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအား) | B.E | ၆ နှစ် |
၃ | အင်ဂျင်နီယာဘွဲ့ (စက်မှု) | B.E | ၆ နှစ် |
၄ | အင်ဂျင်နီယာဘွဲ့ (အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေး) | B.E | ၆ နှစ် |
ဤ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
- ↑ ၁.၀ ၁.၁ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြိတ်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ။ September 2019။ p. 67။ October 9, 2020 တွင် ပြန်စစ်ပြီး။