မာတိကာသို့ ခုန်သွားရန်

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်

ဝီကီပီးဒီးယား မှ
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်
West Yangon Technological University
WYTU(Hlaing Tharyar)
စက်မှုတတ်မျိုး ပြည့်အကျိုး
Industrial profit
WYTU
{{{အမည်}}}
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၏ အမှတ်တံဆိပ်
တည်ထောင်ခုနှစ် ၁၉၉၈
ပါမောက္ခချုပ် ဒေါက်တာကြည်စိုး
တည်နေရာ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
အမျိုးအစား အများနှင့်သက်ဆိုင်သော
အကျယ်အဝန်း ၂၂၀.၃၂ ဧက
အဖွဲ့အစည်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ။
ဝဘ်ဆိုတ် wytu.edu.mm

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (အင်္ဂလိပ်: West Yangon Technological University; အတိုကောက် WYTU) သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် တွင် တည်ရှိသည်။ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။ တက္ကသိုလ်၏ အကျယ်အဝန်းမှာ (၂၂၀.၃၂) ဧကရှိသည်။ ဤတက္ကသိုလ်အား ရန်ကုန်နည်းပညာတက္ကသိုလ်၏ ဒုတိယ နယ်မြေတစ်ခုအဖြစ် ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

၁၉၉၈ နောက်ပိုင်း ၂၀ဝ၅ ခုနှစ် ဒီဇင်ဘာလ တွင် YTU Campus အဖြစ်မှ လက်ရှိခေါ်တွင်သော ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (West Yangon Technological University; WYTU) အဖြစ်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၎င်းတက္ကသိုလ်တွင် အင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာ ဘွဲ့လွန် များအား အင်ဂျင်နီယာ နည်းပညာနယ်ပယ် အသီးသီးအတွက် ဖွင့်လှစ်သင်ကြားပေးနေပြီး ယခုအခါတွင် နယ်ပယ်အသီးသီး၌ ပျမ်းမျှခန့်မှန်း ကျောင်းသား/ကျောင်းသူ အရေအတွက် အယောက် ၁၀၀၀ ခန့်တက်ရောက် ပညာသင်ကြားလျက်ရှိသည်။[]

သင်ကြားပို့ချပေးလျက်ရှိသောသင်တန်းများ

[ပြင်ဆင်ရန်]

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တွင် အောက်ပါသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။[]

ပေးအပ်ချီးမြှင့်သော ဘွဲ့အမျိုးအစားများ

[ပြင်ဆင်ရန်]

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ပေးအပ်သောဘွဲ့မှာ

  • မဟာအင်ဂျင်နီယာဘွဲ့ (Master of Engineering)
  • အင်ဂျင်နီယာဘွဲ့ (Bachelor of Engineering) []
  • ဗိသုကာဘွဲ့ (Bachelor of Architecture) ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]