ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)
ပုံပန်းသွင်ပြင်
ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မှ ပင်လုံသို့သွားသော ပြည်ထောင်စုလမ်းမကြီး၏ လက်ဝဲဘက်တွင် တည်ရှိပြီး လွိုင်လင်မြို့မှ ၁ မိုင်ခန့် ကွာဝေးသည်။ တက္ကသိုလ်၏ ဧရိယာအကျယ်အဝန်းမှာ ၁၀၆ ဧက ဖြစ်သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အစိုးရကွန်ပျူတာကောလိပ်(ပင်လုံ) ကို ၂၀၀၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) အဖြစ် တက္ကသိုလ်အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Background Histroy။ ၁၅ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]
ဤ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |