ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)

ဝီကီပီးဒီးယား မှ
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)
တည်ထောင်၂၀၁၂ (၂၀၁၂)
နှီးနွယ်အဖွဲ့အစည်းနယ်စပ်ရေးရာ ဝန်ကြီးဌာန
တည်နေရာစစ်ကိုင်းမြို့, စစ်ကိုင်းတိုင်းဒေသကြီး, မြန်မာနိုင်ငံ
22°00′14″N 95°50′32″E / 22.003953°N 95.842292°E / 22.003953; 95.842292ကိုဩဒိနိတ်: 22°00′14″N 95°50′32″E / 22.003953°N 95.842292°E / 22.003953; 95.842292

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းမြို့တွင် တည်ရှိသည်။ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များအား အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် (၂၀၁၃-၂၀၁၄) ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်။[၁]

သင်ကြားပို့ချ ပေးသော ဘာသာရပ်များ[ပြင်ဆင်ရန်]

သင်တန်းအားလုံးတွင် ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်၊ ခေါင်းဆောင်မှု ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်၊ ယဉ်ကျေးမှုဘာသာရပ်နှင့် ကွန်ပျူတာသိပ္ပံဘာသာရပ် တို့ကို ပူးတွဲသင်ကြားသည်။ [၂]

ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင့် အောင်လက်မှတ်များ[ပြင်ဆင်ရန်]

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) မှပေးအပ်ချီးမြှင့်သည့် ဘွဲ့၊ အောင်လက်မှတ်များနှင့် သင်တန်းကာလများမှာ အောက်ပါအတိုင်းဖြစ်သည်။[၃]

ဘာသာတွဲ ဘွဲ့/ဒီပလိုမာ သင်တန်းကာလ
ဝိဇ္ဇာ ဝိဇ္ဇာဘွဲ့ ၄နှစ်
သိပ္ပံ သိပ္ပံဘွဲ့ ၄နှစ်
အေဂျီတီအိုင် ဒီပလိုမာ ၃နှစ်
နည်းပညာ နည်းပညာဘွဲ့ အေဂျီတီအိုင်အောင်ပြီး ၂နှစ်

ကိုးကား[ပြင်ဆင်ရန်]

  1. ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၏ သမိုင်းအကျဉ်း (၇ စက်တင်ဘာ ၂၀၁၅)။ ၂၈ ဒီဇင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. သင်ကြား ပို့ချ ပေးသော ဘာသာရပ်များ (၇ စက်တင်ဘာ ၂၀၁၅)။ ၂၈ ဒီဇင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင့် အောင်လက်မှတ်များ (၇ စက်တင်ဘာ ၂၀၁၅)။ ၂၈ ဒီဇင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]