အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
အမျိုးအစား | အများဆိုင် |
---|---|
တည်ထောင် | ၂၀၀၄ |
ဆရာဦးရေ | ၄၈[၁] |
ဝန်ထမ်းဦးရေ | ၄၂[၁] |
တည်နေရာ | ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
ဝဘ်ဆိုဒ် | nmdc.edu.mm |
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (အင်္ဂလိပ်: National Management Degree College) သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် တည်ရှိသော ကောလိပ်တစ်ခု ဖြစ်သည်။ အကျယ်အဝန်းမှာ ၃.၀၇၈ ဧက ဖြစ်သည်။
သမိုင်းကြောင်း[ပြင်ဆင်ရန်]
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မတိုင်မီ ၁၉၄၈ ခုနှစ်တွင် သက်ကြီးတက္ကသိုလ် အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် လုပ်သားများကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် ဒေသကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ) အဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် (NMC) အဖြစ် လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) အဖြစ် လည်းကောင်း ဖွင့်လှစ်ခဲ့သည်။[၂]
ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် အဓိကအားဖြင့် သင်ကြားရေးဌာနများ နှင့် စီမံခန့်ခွဲရေးဌာနများပါဝင်သည်။[၁]
သင်ကြားရေးဌာနများ[ပြင်ဆင်ရန်]
- စီးပွားရေးလုပ်ငန်းနှင့်စီးပွားရေးပညာဌာန
- သတင်းအတတ်ပညာဌာန
- ခရီးသွားလုပ်ငန်းပညာဌာန
- အင်္ဂလိပ်စာဌာန
- မြန်မာစာဌာန
- သင်္ချာဌာန
- ကွန်ပျူတာသိပ္ပံပညာဌာန
စီမံခန့်ခွဲရေးဌာနများ[ပြင်ဆင်ရန်]
- စီမံဌာန
- ဘဏ္ဍာဌာန
- သင်တန်းရေးရာဌာန
- စာကြည့်တိုက်ဌာန
- အင်ဂျင်နီယာဌာန
- ကွန်ပျူတာဌာန
- အားကစားဌာန
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ ၁.၂ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ ဖွဲ့စည်းပုံ။ ၈ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ Background history of National Management Degree College။ 6 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၈ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
![]() | ဤ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |