ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)

ဝီကီပီးဒီးယား မှ
ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)
Computer University, Myitkyina
မြန်မှန်တွက်ချက် တိုင်းပြည်တွက်








တည်နေရာ ရှမ်းစုတောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်
အမျိုးအစား အများနှင့်သက်ဆိုင်သော
အကျယ်အဝန်း ၅.၈၆၂ ဧက

ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)သည် ကချင်ပြည်နယ်မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်၊ ဇော်ဂျွန်းလမ်းနှင့် တာရိုးလမ်းကြား၊ ဦးပိုင်အမှတ် (၂၂+၁/၂၃) တွင်တည်ရှိပြီး စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ(၅.၈၆၂)ဧက ဖြစ်သည်။[၁] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

သင်တန်းများ[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]

  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ
  • ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
  • ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ

ပေးအပ်ချီးမြှင့်သောဘွဲ့များ[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]