အဝေးသင်တက္ကသိုလ်(မန္တလေး)
ပုံပန်းသွင်ပြင်
အဝေးသင်တက္ကသိုလ်(မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် တည်ရှိသည်။ မြန်မာနိုင်ငံရှိ အဝေးသင်တက္ကသိုလ်နှစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ အထက်ပိုင်းရှိ ကျောင်းသားကျောင်းသူများအတွက် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် စီးပွားရေးဘွဲ့ သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အဝေးသင်တက္ကသိုလ်ပညာရေးစနစ်အား ၁၉၉၂ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်၌ စတင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် အထက်မြန်မာပြည်အတွက် အဝေးသင်တက္ကသိုလ်(မန္တလေး)ကို ဖွင့်လှစ်ခဲ့သည်။
အဝေးသင်ဌာနခွဲများ
[ပြင်ဆင်ရန်]အဝေးသင်တက္ကသိုလ်(မန္တလေး)သည် အောက်ပါဒေသများ၌ အဝေးသင်ဌာနခွဲများကို ဖွင့်လှစ်ထားရှိသည်။
- ဗန်းမော်မြို့
- ကလေးမြို့
- ကျိုင်းတုံမြို့
- ကျောက်ဆည်မြို့
- လားရှိုးမြို့
- လွိုက်ကော်မြို့
- မကွေးမြို့
- မိတ္ထီလာမြို့
- မိုးညှင်းမြို့
- မုံရွာမြို့
- မြစ်ကြီးနားမြို့
- ပခုက္ကူမြို့
- ပင်လုံမြို့
- ရွှေဘိုမြို့
- တောင်ကြီးမြို့
- ရေနံချောင်းမြို့
- မြင်းခြံမြို့