သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)

ဝီကီပီးဒီးယား မှ
(သမဝါယမတက္ကသိုလ်(သန်လျင်) မှ ပြန်ညွှန်းထားသည်)
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)
University of Co-operative and Management,Thanlyin
Youth Co-operators, Future in Leaders
Yangon Co-operative University


တည်ထောင်ခုနှစ် ၁၉၉၄
ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း
တည်နေရာ သန်လျင်မြို့ရန်ကုန်တောင်ပိုင်းခရိုင်
အကျယ်အဝန်း ၂၀၈.၂၀၉ ဧက
ပိုင်ဆိုင်မှု သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန
ဝဘ်ဆိုတ် http://www.tcu.edu.mm

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)သည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ရန်ကုန်မြို့ အရှေ့တောင်ဘက် (၈)မိုင်ခန့်အကွာတွင် တည်ရှိပြီး၊ သန်လျင်မြို့ကျိုက်ခေါက်ဘုရား လမ်းမကြီး၏ အရှေ့ဘက်၊ ရန်ကုန်သီလဝါမီးရထားလမ်း အရှေ့ဘက်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ အနောက်ဘက် ညောင်သုံးပင်ရွာတွင်တည်ရှိပြီး၊ သမဝါယမ တက္ကသိုလ်ပိုင် မြေဧရိယာ စုစုပေါင်းမှာ (၂၀၈.၂၀၉)ဧက ရှိသည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသမဝါယမ ဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်တစ်ခု ဖြစ်သည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် နှစ်စဉ်ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၄၀၀)ဦး လက်ခံသင်ကြားပေးလျက်ရှိသည်။

ထူးခြားချက်[ပြင်ဆင်ရန်]

သမဝါယမတက္ကသိုလ်(သန်လျင်)မှ သင်ကြားပေးလျက်ရှိသော အထူးပြုမေဂျာဘာသာရပ်ငါးခု ထဲမှ တက္ကသိုလ်၏ အမြင့်ဆုံးဘာသာရပ်တစ်ခုဖြစ်သည့် ဝါဏိဇ္ဇဗေဒဌာနမှ သင်ကြားပေးလျက်ရှိသော Accounting&Financeမေဂျာမှ ဘွဲ့ရရှိသောသူများအားလုံးကို မြန်မာနိုင်ငံစာရင်းကောင်စီ မှ ဖွင့်လျက်ရှိသော လက်မှတ်ရပြည်သူ့စာရင်းကိုင်(CPA)သင်တန်းကို ဝင်ခွင့်ဖြေစရာမလိုပဲ တိုက်ရိုက်တက်ရောက်သင်ကြားနိုင်ပေသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သမဝါယမသင်တန်းကျောင်းကို မရမ်းကုန်းမြို့နယ်၊ ချော်တွင်းကုန်း တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက်၊ သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ လှည်းကူးမြို့နယ်၊ ဖောင်ကြီးဗဟိုသမဝါယမသင်တန်းကျောင်း တည်နေရာတွင် ရန်ကုန်တိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်း (၂)ကျောင်းအား စုပေါင်းဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်းကို ရန်ကုန်သမဝါယမဒေသကောလိပ်အဆင့်သို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အဖွဲ့၏ ၁၉၉၄ ခုနှစ် မေလ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၀/၉၄)အရ ၁၉၉၄ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် တိုးမြှင့်တည်ထောင်ခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ အဖွဲ့၏ ၁၉၉၆ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၇/၉၆)ဖြင့် ရန်ကုန်သမဝါယမဒေသကောလိပ် အား ရန်ကုန်သမဝါယမဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်နှင့် ပေါင်းစည်းပြီး (၃)နှစ်သင်တန်း ဖွင့်လှစ်၍ ဝိဇ္ဇာဘွဲ့၊ စီးပွားရေးသိပ္ပံ B.A(Business Science) ဘွဲ့ဒီဂရီကို ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အထိ ပေးအပ်ခဲ့ပြီး ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှစ၍ စီးပွားရေးသိပ္ပံဘွဲ့ (B.BSc)ဘွဲ့ ဒီဂရီကို ပြောင်းလဲပေးအပ်ခဲ့သည်။ ၂၀၁၂ခုနှစ် မေလ(၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၂) သဘောတူခွင့်ပြုချက်အရ ဝန်ကြီးရုံး၏ (၂၁-၆-၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၂)ဖြင့် သမဝါယမဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမဒီဂရီကောလိပ်(သန်လျင်) အား သမဝါယမတက္ကသိုလ်(သန်လျင်) အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ [၁]

သင်ကြားရေးဌာနများ[ပြင်ဆင်ရန်]

ဘွဲ့ကြိုသင်တန်းအတွက်အထူးပြုဌာနများ(၅)ခု

  • ဝါဏိဇ္ဇဗေဒဌာန
  • စီမံခန့်ခွဲမှုပညာဌာန
  • စာရင်းအင်းပညာဌာန
  • ဘောဂဗေဒဌာန
  • သမဝါယမပညာဌာန

ဘွဲ့ကြိုသင်တန်းအတွက်အထောက်အကူပြုဌာနများ(၆)ခု

  • မြန်မာစာဌာန
  • အင်္ဂလိပ်စာဌာန
  • သင်္ချာဌာန
  • စီးပွားရေးပထဝီဝင်ဌာန
  • ဥပဒေပညာဌာန
  • သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာန

သင်ကြားရသည့်ဘာသာရပ်များ[ပြင်ဆင်ရန်]

===First Year===
  • Myanmar
  • Aspects of Myanmar
  • Business English
  • Fundamentals of Social Enterprises
  • Principles of Business Studies
  • Mathematics
  • Basic Statistics
  • Introduction to Geography
  • Basic Accounting
  • Principles of Economics
  • Fundamental of ICT(Computer)

Second Year (Accounting&Finance Major)

  • Business English
  • Financial Accounting(1&2)
  • Cost Accounting
  • Business Statistics
  • General Management
  • Small&Medium Enterprises
  • Principles of Finance
  • Business Mathematics
  • Computerized Accounting

Second Year(Marketing Management Major)

  • Business English
  • SMEs&Microfinance
  • Computerized Managerial Decision Modeling
  • Money,Banking&Finance
  • Principle of Management
  • Principle of Marketing
  • Business Statistics
  • Marketing Management
  • Business Mathematics
  • Innovation and New Product Development
  • Entrepreneurship and Small Business Management

Second Year(Applied Statistics Major)

  • ICT Business
  • Business English
  • SMEs&Microfinance
  • Statistical Theory
  • Social Statistics
  • Applied Statistics
  • Business Mathematics
  • Sample Survey Methodology
  • Vital Statistics/Business Ethics
  • Financial Accounting

Second Year(Regional Development Major)

  • Business English
  • SMEs&Microfinance
  • ICT Business
  • Money,Banking&Finance
  • Economic and Social Statistics
  • Microeconomic Analysis
  • Business Statistics
  • Mathematics for Economists
  • Introduction to Regional Development
  • Macroeconomic Analysis
  • Financial Accounting

Second Year(Social Enterprise Management Major)

  • Business English
  • ICT Business
  • SMEs&Microfinance
  • Social Enterprise Creation
  • Principles of Management
  • Business Statistics
  • Entrepreneurship/Business Ethics and performance
  • Business Mathematics
  • Social Business Model in Developing Countries
  • Microeconomic Analysis
  • Financial Accounting

Third Year(Accounting&Finance Major)

  • Business English
  • IT for Accounting & Finance
  • Managerial Accounting
  • Performance Management
  • Principles of Marketing
  • Management Science
  • Statistical Package and Data Analysis
  • Financial Institutions&Financial Market1
  • Internal Control& Risk Management
  • Financial Management
  • Business Law

Third Year(Marketing Management Major)

  • Computerized Data Analysis
  • Business English
  • Retail Management
  • Organizational Behavior
  • Operations Management
  • Pricing Strategy
  • Statistical Package and Data Analysis
  • Brand Management
  • Management Information Systems
  • Financial Management
  • Business Law 1

Third Year(Applied Statistics Major)

  • Computerized Data Analysis
  • Business English
  • Mathematics
  • Analysis of Qualitative Data
  • Regression Analysis
  • Agricultural Analysis
  • Statistical Package and Data Analysis
  • Social Entrepreneurship
  • Design and Analysis of Experiments
  • Statistical Demography 1
  • Biostatistics

Third Year(Regional Development Major)

  • Business English
  • Modeling and Decision Analysis
  • Economic Development
  • Regional Development Economics
  • Geopolitics and Geoeconomics
  • Principles of Econometrics
  • Sample Survey Methodology/Development Economics
  • International Trade/Social Entrepreneurship
  • Urbanization and Development
  • Public Finance
  • Business Law

Third Year(Social Enterprise Management Major)

  • Business English
  • Computerized Data Analysis
  • Humanity and Social Science
  • Social Innovation/Corporate Social Innovation
  • Operations Management/Geopolitics and Geoeconomics
  • Marketing for Co-operatives and Enterprises/Financing of Social Enterprises
  • Statistical Research Methodology
  • Internationals Economics and Regional Economic Integration
  • Management Information Systems
  • Functional Management in Co-operatives
  • Management Accounting

Final Year (Accounting&Finance Major)

  • Auditing 1
  • Advanced Financial Accounting 1
  • Corporate Finance 1
  • Capital Market 1
  • Research Methodology
  • Accounting Information System
  • Computerized Managerial Decision Modeling
  • International Finance 1
  • International Accounting 1
  • Public Sector Accounting
  • Financial Reporting 1
  • Auditing 2

Final Year(Marketing Management Major)

  • Strategic Management
  • Service Marketing
  • Human Resource Management
  • Customer Relationship Management
  • Research Methodology
  • eMarketing
  • e-Commerce:A Managerial Perspective
  • Marketing Planning
  • Marketing Research
  • Marketing Communications
  • Leadership in Organizations
  • Business Law2

Final Year (Applied Statistics Major)

  • Intermediate Financial Accounting
  • Statistical Inference
  • Economic Statistics
  • Time Series Analysis
  • Research Methodology
  • Agricultural Economics
  • Mathematics
  • Natural Resource Economics and Environmental Management
  • Applied Econometrics
  • Statistical Demography 2
  • Financial and Insurance Statistics
  • Trade Statistics

Final Year(Regional Development Major)

  • Regional Economics Integration/ASEAN Economics
  • Human Resource Development 1/Strategic Management in Public Organizations
  • International Economics/Public Finance
  • Research Methodology
  • Agricultural Economics and Development
  • Capital Market
  • Rural Development and Poverty Alleviation
  • Natural Resources Economics&Environmental Management
  • Development Policy and Planning
  • Projects Analysis/Globalization and Development
  • Leadership in/for Organizations
  • Development Experiences of Myanmar

Final Year(Social Enterprise Management)

  • Intermediate Financial Accounting
  • Human Resources Management for Public and Nonprofit Organizations
  • Total Quality Management of Social Enterprise
  • Co-operation,Ethics and Development
  • Research Methodology
  • Social Entrepreneurship in the Developing World
  • Computerized Managerial Decision Modeling
  • Social Enterprise Management 1
  • Social Responsibility in Social Enterprises
  • Environmental Science and Co-operation
  • Leadership in Organizations
  • Political Economy

PGD(ဘွဲ့လွန်၁နှစ်သင်တန်း)(Accounting&Finance Major)

  • Economics
  • English for Business Communication
  • Strategic Performance Management
  • Corporate Finance
  • Marketing Management
  • Advance IT for Accounting&Finance
  • Project Management
  • Corporate Information Management
  • Financial Institution and Bank Management
  • International Financial Reporting Standards

ပေးအပ်သည့်ဘွဲ့များ[ပြင်ဆင်ရန်]

ဘွဲ့[ပြင်ဆင်ရန်]

ပထမနှစ်မှစ၍စတုတ္ထနှစ်(နောက်ဆုံးနှစ်အထိ)အောင်မြင်သူများကို အောက်ပါဘွဲ့လက်မှတ်ကို ချီးမြှင့်ပေမည်။

  1. B.B.Sc (Business Science)
  2. B.B.Sc (Regional Development)
  3. B.B.Sc (Accounting and Finance)
  4. B.B.Sc (Marketing Management)
  5. B.B.Sc (Applied Statistics)
  6. B.B.Sc (Social Enterprise Management)

Final yearအောင်စာရင်းထွက်ရှိချိန်တွင် အောင်စာရင်းတွင် star တစ်လုံး ပါခဲ့လျှင် အောက်ဖော်ပြပါဘွဲ့လွန်ဒီပလိုမာ(၁)နှစ်သင်တန်းတက်ရောက်နိုင်သည်။

ဘွဲ့လွန်ဒီပလိုမာ[ပြင်ဆင်ရန်]

  1. PGDSEM (Postgraduate Diploma in Social Enterprise Management)
  2. PGDRD(Regional Development)
  3. PGDAF (Accounting and Finance)
  4. PGDMM(Marketing Management)
  5. PGDAS (Applied Statistics)

​Final Year အောင်စာရင်းထွက်ရှိချိန်တွင် အောင်စာရင်းတွင် star နှစ်လုံးပါခဲ့လျှင် အောက်ဖော်ပြပါ မဟာဘွဲ့(၂)နှစ်သင်တန်းကို ဘွဲ့လွန်ဒီပလိုမာ(PGD)တန်းတက်စရာမလိုပဲတိုက်ရိုက်တက်ရောက်နိုင်သည်။ ဘွဲ့လွန်ဒီပလိုမာ ၁နှစ်သင်တန်းတက်ရောက်ရသောသူများသည် ဘွဲ့လွန်ဒီပလိုမာအောင်စာရင်းထွက်ရှိချိန်တွင် star တစ်လုံး ပါမှ မဟာဘွဲ့(၂)နှစ်သင်တန်းကို တက်ရောက်နိုင်ပေသည်။

မဟာဘွဲ့[ပြင်ဆင်ရန်]

  1. Master of Regional Development(MRD)
  2. Master of Accounting and Finance(MAF)
  3. Master of Marketing Management(MMM)
  4. Master of Applied Statistics(MAS)
  5. Master of Social Enterprise Management(MSEM)

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

သမဝါယမတက္ကသိုလ်(သန်လျင်)၏ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

  • စီမံခန့်ခွဲရေးဌာန
    • စီမံရေးရာဌာန
      • ဝန်ထမ်းရေးရာဌာနခွဲ
      • နယ်မြေဌာနခွဲ
    • ဘဏ္ဍာရေးရာဌာန
      • ငွေစာရင်းဌာနခွဲ
      • ငွေကိုင်ဌာနခွဲ
      • ပစ္စည်းဌာနခွဲ
    • နယ်မြေအင်ဂျင်နီယာဌာန
      • မြို့ပြအင်/ယာဌာနခွဲ
      • စတိုအင်/ယာဌာနခွဲ
      • ရေသန့်အင်/ယာဌာနခွဲ
      • လျှပ်စစ်အင်/ယာဌာနခွဲ
  • သင်တန်းရေးရာဌာန
    • ကျောင်းသားရေးရာဌာနခွဲ
    • အားကစားဌာနခွဲ
    • စာမေးပွဲဘွဲ့နှင့်ဌာနခွဲ
    • နိုင်ငံတကာဆက်ဆံရေးဌာနခွဲ
    • စာကြည့်တိုက်ဌာနခွဲ
  • သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန
    • သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ နည်းပညာဌာနခွဲ
  • သင်ကြားရေးဌာန

အထူးပြုမေဂျာဘာသာရပ်များ[ပြင်ဆင်ရန်]

သမဝါယမတက္ကသိုလ်(သန်လျင်) တွင် အောက်ပါ အထူးပြုမေဂျာဘာသာရပ်များကို သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ (၄)နှစ် ဖြစ်သည်။

  • စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ(Accounting&Finance Major)
  • ဈေးကွက်စီမံခန့်ခွဲမှုပညာ(Marketing Management Major)
  • စာရင်းအင်းပညာ(Applied Statistics Major)
  • ဒေသဆိုင်ရာဖွဲ့ဖြိုးမှုပညာ(Regional Development Major)
  • လူမှုစီးပွားစီမံခန့်ခွဲမှုပညာ(Social Enterprise Management Major)

လူမှုစီးပွားစီမံခန့်ခွဲမှုပညာသည် မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ် များအားလုံးထဲတွင် သမဝါယမတက္ကသိုလ်/ကောလိပ် တစ်ခုတည်းသာ သင်ကြားပေးသော ဘာသာရပ်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တက္ကသိုလ်၏သမိုင်းကြောင်း။ 2 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2021 တွင် ပြန်စစ်ပြီး။