နည်းပညာတက္ကသိုလ်(ဟင်္သာတ)

ဝီကီပီးဒီးယား မှ

နည်းပညာတက္ကသိုလ်(ဟင်္သာတ) သည် မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်ဟင်္သာတမြို့၏ တောင်ဘက် နတ်မော်ကျေးရွာအနီး ဟင်္သာတ-ပုသိမ် ကားလမ်းဘေးတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၆၄.၆၄ ဧက ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

နည်းပညာတက္ကသိုလ်(ဟင်္သာတ)ကို နည်းပညာအထက်တန်းကျောင်းအဖြစ် ၁၉၇၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၈၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် တိုးမြှင့်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဧပြီ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဖြစ် ထပ်မံအဆင့်မြှင့်တင်ခဲ့သည်။[၁]

သင်တန်းများ[ပြင်ဆင်ရန်]

နည်းပညာတက္ကသိုလ်(ဟင်္သာတ)တွင် သင်ကြားပို့ချလျက်ရှိသော အင်ဂျင်နီယာဘာသာရပ်များမှာ-

  1. မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်
  2. လျှပ်စစ်(စွမ်းအား)အင်ဂျင်နီယာဘာသာရပ်၊
  3. အီလက်ထ​ရောနစ်အင်ဂျင်နီယာဘာသာ ရပ်နှင့်
  4. စက်မှုအင်ဂျင်နီယာဘာသာရပ်များ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Background History။ 4 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]