ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)
ပုံပန်းသွင်ပြင်
ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ) | |
University of Computer Studies, Meiktila(UCSMTLA) | |
" မြန်မှန်တွက်ချက် တိုင်းပြည်တွက် " | |
ကွန်ပျူတာတက္ကသိုလ် | |
|
|
တည်ထောင်ခုနှစ် | ၁၊အောက်တိုဘာ၊ ၂၀၀၁ |
တည်နေရာ | မိတ္ထီလာမြို့၊မန္တလေးတိုင်းဒေသကြီး |
အမျိုးအစား | အများနှင့်သက်ဆိုင်သော |
အဖွဲ့အစည်း | ပညရေးဝန်ကြီးဌာန၊အဆင့် မြင့်ပညာဦးစီးဌာန |
ဝဘ်ဆိုတ် | www.ucsmtla.edu.mm |
ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာ တောမအုပ်စု၊ ဥယျာဉ်ရွာ မိတ္ထီလာ-တောင်ကြီး ကားလမ်းမဘေး အနီးတွင်တည်ရှိသည်။ ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)ကို ၂၀ဝ၁ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ် အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)အဆင့်သို့ တိုးမြှင့်ခဲ့သည်။[၁]
ပေးအပ်ချီးမြှင့်သောဘွဲ့များ
[ပြင်ဆင်ရန်]ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)မှ အောက်ပါဘွဲ့များကို ပေးအပ်ချီးမြှင့်သည်။[၁]
- ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc.)
- ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech.)
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)။ ပညာဝန်ကြီးဌာန၊။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]