မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်
အမျိုးအစား | အများနှင့်သက်ဆိုင်သော |
---|---|
တည်ထောင် | ၁၅ ဖေဖော်ဝါရီ ၂၀၀၂[၁] |
ပါမောက္ခချုပ် | ဒေါက်တာ ကြည်သွင် |
သင်တန်းသား | ၂၇၉ (၂၀၀၅)[၂] |
တည်နေရာ | မိတ္ထီလာမြို့၊ မန္တလေးတိုင်းဒေသကြီး 20°53′41″N 95°53′41″E / 20.894721°N 95.8948061°Eကိုဩဒိနိတ်: 20°53′41″N 95°53′41″E / 20.894721°N 95.8948061°E |
ဝဘ်ဆိုဒ် | maeu.moe-st.gov.mm |
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတ္ကသိုလ် (အင်္ဂလိပ်: Myanmar Aerospace Engineering University) သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် တည်ရှိပြီး လေကြောင်း နှင့် အာကာသ ဆိုင်ရာ အင်ဂျင်နီယာ ပညာရပ်များကို ပို့ချပေးနေသော တက္ကသိုလ် တစ်ခု ဖြစ်သည်။ လေကြောင်း နည်းပညာ များနှင့်ပတ်သတ်သော ဘွဲ့ကြိုသင်တန်း ဘွဲ့လွန်သင်တန်းများကို တက်ရောက်သင်ယူနိုင်သည်။[၁]
သမိုင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် မတည်တောင်သေးခင် အချိန်က ရန်ကုန်နည်းပညာတက္ကသိုလ် (RIT)သည် လေကြောင်းအင်ဂျင်နီယာပညာရပ်များကို သင်ကြားနိုင်သော မြန်မာနိုင်ငံရှိ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည်။ လေကြောင်းအင်ဂျင်နီယာသင်တန်းကို ၁၉၉၁ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ တွင် လေကြောင်းအာကာသအင်ဂျင်နီယာ သင်တန်းအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။[၃] ၂၀၀၂ တွင် စစ်အစိုးရသည် တရုတ်နှင့်ရုရှား ထံမှ အကူအညီ ရယူ၍ မြန်မာလေတပ် ဌာနချုပ် တည်ရှိရာ မိတ္ထီလာမြို့တွင် တည်ဆောက်ခဲ့သည်။[၄] မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်(မိတ္ထီလာ)အား ၂၀၀၂ ခုနှစ် ဩဂုတ် ၁ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။[၅]
ပရိဝုဏ်
[ပြင်ဆင်ရန်]တက္ကသိုလ် ပရိဝုဏ်မှာ ၁၁၅.၈၄ ဧက ကျယ်ဝန်းသည်။ ရန်ကုန်-မန္တလေး ကားလမ်းဘေး မြေပြင်အတတ်သင်လေတပ်စခန်း အနီးတွင် တည်ရှိသည်။ [၅]
သင်တန်းများ
[ပြင်ဆင်ရန်]ခြောက်နှစ် သင်ယူရမည် လေကြောင်းအင်ဂျင်နီယာ သင်တန်း များ (BE) တစ်နှစ် သင်ယူရမည် ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင်သည်။[၁]
ဘွဲ့
[ပြင်ဆင်ရန်]- စက်နှင့်ပျံသန်းယာဉ် အင်ဂျင်နီယာသင်တန်း (BE.Aerospace-Propulsion and Flight Vehicles)
- လေကြောင်းအီလတ်ထရောနစ် အင်ဂျင်နီယာသင်တန်း (BE.Aerospace-Avionics)
- လျှပ်စစ် နှင့် တိုင်းတာပစ္စည်း အင်ဂျင်နီယာသင်တန်း (BE.Aerospace-Electrical Systems and Instrumentation)
- လောင်စာ နှင့် တွန်းကန်ပစ္စည်း အင်ဂျင်နီယာသင်တန်း (BE.Aerospace-Fuel and Propellant Engineering)
- အာကာသစနစ် အင်ဂျင်နီယာ သင်တန်း (BE.Aerospace-Space Systems Engineering)
ဘွဲ့လွန်ဒီပလိုမာ
[ပြင်ဆင်ရန်]- လေဆိပ် စီမံခန့်ခွဲမှု နည်းပညာ (Dip.A.M.)
- Aerospace Materials Technology (Dip.A.M.Tech.)
- Airport Engineering (Dip.A.Engg.)
- Space Technology (Dip.S.Tech.)
ဒီပလိုမာ
[ပြင်ဆင်ရန်]- Avionic Technology (Dip.A.Tech.)
- Electrical & Instrumentation Technology (Dip.E.I.Tech.)
- Engine and Airframe Technology (Dip.E.A.Tech.)
အဓိကဌာနများ
[ပြင်ဆင်ရန်]- စက်နှင့်ပျံသန်းယာဉ် ဌာန
- လေကြောင်းအီလတ်ထရောနစ် ဌာန
- လျှပ်စစ်နှင့်တိုင်းတာပစ္စည်း ဌာန
- လောင်စာနှင့်တွန်းကန်ပစ္စည်း ဌာန
- အာကာသစနစ် အင်ဂျင်နီယာ ဌာန
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ Dr. Sayne Lei Shwe. "Technology and State Development". Ministry of Science and Technology. Retrieved on 2008-12-06. မော်ကွန်းတင်ပြီးမိတ္တူ။ 10 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2021 တွင် ပြန်စစ်ပြီး။
- ↑ Dr. Zaw Min Aung (2008-10-12). "Aerospace Education in Myanmar". Asia-Pacific Regional Space Agency Forum-12. Retrieved on 2008-12-06. 24 October 2007 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . မော်ကွန်းတင်ပြီးမိတ္တူ။ 24 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2015 တွင် ပြန်စစ်ပြီး။မော်ကွန်းတင်ပြီးမိတ္တူ။ 24 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2015 တွင် ပြန်စစ်ပြီး။
- ↑ Dr. Kyi Thwin။ Space Education in Myanmar။ MAEU။ 20 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-12-07 တွင် ပြန်စစ်ပြီး။
- ↑ Clive Parker။ "Inside Myanmar's secret capital"၊ Asia Times Online၊ 2006-10-26။ 11 September 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 13 May 2011။
- ↑ ၅.၀ ၅.၁ Background History။ MAEU။ 11 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။