ရန်ကုန်ပညာရေးတက္ကသိုလ်

ဝီကီပီးဒီးယား မှ
ရန်ကုန်ပညာရေးတက္ကသိုလ်
Yangon Institute of Education
အားလုံးဆောင်ရွက်၊ အားလုံးတွက်တည့်
All for All
YIOE
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၃၁
ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်
တည်နေရာ ကမာရွတ်မြို့နယ်ရန်ကုန်မြို့
အကျယ်အဝန်း ၆.၇၅ဧက
ပိုင်ဆိုင်မှု ပညာရေးဝန်ကြီးဌာန


ရန်ကုန်ပညာရေးတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ် ပြည်လမ်းမကြီးဘေး စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော ပညာရေးတက္ကသိုလ် ဖြစ်သည်။

ရန်ကုန်ပညာ​ရေးတက္ကသိုလ်

တံဆိပ်[ပြင်ဆင်ရန်]

ဆီမီးသည် ပညာကိုရည်ညွန်းသည်။ အစိမ်းရောင်သည် ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို စိမ်းလမ်းစိုပြည် အေးချမ်းသာယာမှုကို ဖော်ဆောင်သည်။ စာအုပ်သည် ဗဟုသုတရှိမှုနှင့် အသိညဏ်ကို ဖော်ညွန်းသည်။

ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပြည်လမ်း

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရန်ကုန်တက္ကသိုလ်၌ ပညာရေးဌာန အဖြစ် စတင်ခဲ့သည်။ ၁၉၃၀ တွင် ရန်ကုန်ဆရာတတ်သင်သိပ္ပံအဖြစ် စတင်တည်ထောင်ခဲ့သည်။ ၁၉၆၄ တွင် ရန်ကုန်တက္ကသိုလ်မှ ခွဲထုတ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ် အဖြစ်တည်ထောင်ခဲ့သည်။ ပထမဆုံး ပါမောက္ခချုပ်မှာ ဒုတိယ ဗိုလ်မှူးကြီးစံမြင့်(B.A,B.Ed)ဖြစ်သည်။

အကျယ်အဝန်း[ပြင်ဆင်ရန်]

ရန်ကုန်ပညာရေးတက္ကသိုလ်

သင်တန်းများနှင့်ဘွဲ့များ[ပြင်ဆင်ရန်]

ပေးအပ်သောဘွဲ့များ[ပြင်ဆင်ရန်]

  • B.Ed(Bachelor of Education)
  • M.Ed(Master of Education)
  • M.phill(Master of Philosophy in Education)
  • Ph.D(doctor of Philosophy)
  • DELTM(DIploma in English Language Teaching Methodology)
  • M.A(TEFL) ( Teaching English as a Foreign Language)
  • PGDMA(Post Graduate Diploma In Multimedia Arts in Education)

ဖွင့်လှစ်သောသင်တန်းများ[ပြင်ဆင်ရန်]

  1. ဘွဲ့ကြိုလေးနှစ်သင်တန်း(စနစ်ဟောင်း)
  2. ဘွဲ့ကြိုငါးနှစ်သင်တန်း(၂၀၁၁ မှစ၍)
  3. ပေါင်းကူးဘွဲ့ကြိုသုံးနှစ် သင်တန်း (ပညာရေးကောလိပ်မှ)
  4. PGDMA(post graduate diploma in multimedia-arts)တစ်နှစ်သင်တန်း
  5. M.Ed သုံးနှစ်သင်တန်း
  6. M.Phill သုံးနှစ်သင်တန်း
  7. Ph.D တစ်နှစ်သင်တန်း
  8. ပညာရေးဘွဲ့စာပေးစာယူ နှစ်နှစ်သင်တန်း
  9. M.A(TEFL) တစ်နှစ်သင်တန်း
  10. DETL တစ်နှစ်သင်တန်း
  11. B.A(Education), B.Sc (Education) သင်တန်း (2019)

ပေါင်းကူးဘွဲ့ကြိုသုံးနှစ် သင်တန်း[ပြင်ဆင်ရန်]

  1. ကျောက်ဖြူပညာရေးကောလိပ်
  2. တောင်ငူပညာရေးကောလိပ်
  3. ထားဝယ်ပညာရေးကောလိပ်
  4. ပုသိမ်ပညာရေးကောလိပ်
  5. ပြည်ပညာရေးကောလိပ်
  6. ဘားအံပညာရေးကောလိပ်
  7. ဘိုကလေးပညာရေးကောလိပ်
  8. မော်လမြိုင်ပညာရေးကောလိပ်
  9. မြောင်းမြပညာရေးကောလိပ်
  10. ရန်ကင်းပညာရေးကောလိပ်
  11. လှည်းကူးပညာရေးကောလိပ်
  12. သင်္ဃန်းကျွန်းပညာရေးကောလိပ်

ဌာနများ[ပြင်ဆင်ရန်]

ပညာရေးဘာသာရပ်ဌာနများ[ပြင်ဆင်ရန်]

  • ပညာရေးသဘောတရားဌာန
  • ပညာရေးစိတ်ပညာဌာန
  • ပညာရေးသင်ပြနည်းဌာန

Academic ဌာနများ[ပြင်ဆင်ရန်]

စီမံနှင့် သင်တန်းရေးရာဌာနများ[ပြင်ဆင်ရန်]

  • စီမံ/ဘဏ္ဍာဌာန
    • စီမံဌာန
    • ဘဏ္ဍာဌာန
    • အင်ဂျီနီယာဌာန
  • သင်တန်းရေးရာဌာန

အဆောင်များ[ပြင်ဆင်ရန်]

  • ရန်ကုန်ပညာရေးတက္ကသိုလ် အမျိုးသမီး အဆောင်များ
  • ပုဂံဆောင်(မ)
  • တကောင်းဆောင်(မ)
  • ပြည်ဆောင်(မ)
  • နဝဒေးဆောင်(မ)
  • အုန်းတောဆောင်(မ)
  • သံပျင်ဆောင်(မ)
  • ဒူးယားဆောင်(ကျား)
  • ပုပ္ပားဆောင်(ကျား)
  • မဟော်သဓာဆောင်(ကျား)
  • မေခဆောင် (ကျား)
မဟော်သဓာဆောင်

[၁]

ရန်ကုန်ပညာ​ရေးတက္ကသိုလ်

ကိုးကား[ပြင်ဆင်ရန်]

  1. ပညာရေးတက္ကသိုလ်မဂ္ဂဇင်း