သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)
University of Dental Medicine, Yangon
အာရောဂျံ ပရမံ လာဘံ
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၆၄
ပါမောက္ခချုပ် သိန်းကြူ၊ ဒေါက်တာ
တည်နေရာ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
အမျိုးအစား အများနှင့်သက်ဆိုင်သော
အဖွဲ့အစည်း ကျန်းမာရေး ဝန်ကြီးဌာန
ဝဘ်ဆိုတ် UDM Yangon


သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)သည် ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံရှိ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ် နှစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ နှစ်စဉ် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀၀ ခန့် လက်ခံသင်ကြားပေးလျက်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)ကို သွားဖက်ဆိုင်ရာဆေးပညာကျောင်းအနေဖြင့် ရန်ကုန်တက္ကသိုလ် ဆေးပညာဌာန လက်အောက်ခံအဖြစ် စတင်ခဲ့သည်။ ၁၉၆၄ တက္ကသိုလ်များ အက်ဥပဒေအရ သွားဘက်‌ဆိုင်ရာဆေးကောလိပ် အဖြစ် ၁၉၆၄ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန် အနီးတွင် ဖွင့်လှစ်ခဲ့ပြီး သွားဖက်ဆိုင်ရာဆေးပညာဘွဲ့ (Bachelor of Dental Surgery - BDS)ကို ပေးအပ်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ် အဖြစ်ပြောင်းလဲ ဖွင့်လှစ်ခဲ့ကာ သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) မဖွင့်လှစ်မီ ၁၉၉၈ ခုနှစ်အထိ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်အဖြစ် တည်ရှိခဲ့သည်။

ပေးအပ်သောဘွဲ့များ[ပြင်ဆင်ရန်]

သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) မှ ပေးအပ်သော ဘွဲ့များမှာ သွားဖက်ဆိုင်ရာဆေးပညာဘွဲ့ (BDS)၊ မဟာဘွဲ့ (MDSc) နှင့် ပါရဂူဘွဲ့ (DrDSc)များဖြစ်ကြပြီး ဒီပလိုမာဘွဲ့များအနေဖြင့် သွားဖက်ဆိုင်ရာဆေးပညာဒီပလိုမာ (DipDSc) နှင့် သွားဖက်ဆိုင်ရာနည်းပညာဒီပလိုမာ (DDT) တို့ဖြစ်သည်။[၁]

ဘွဲ့ သင်တန်းကာလ
သွားဖက်ဆိုင်ရာဆေးပညာဘွဲ့ ၅ နှစ်ခွဲ
သွားဖက်ဆိုင်ရာဆေးပညာမဟာဘွဲ့ ၂ နှစ်
သွားဖက်ဆိုင်ရာဆေးပညာပါရဂူဘွဲ့ ၃ နှစ်
သွားဖက်ဆိုင်ရာဆေးပညာဒီပလိုမာ ၁ နှစ်
သွားဖက်ဆိုင်ရာနည်းပညာဒီပလိုမာ ၃ နှစ်

ကိုးကား[ပြင်ဆင်ရန်]

  1. Degree & Courses offered။ သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)။ ၂၀၁၄-၁၁-၁၂ တွင် ပြန်စစ်ပြီး။