ပြည်နည်းပညာတက္ကသိုလ်

ဝီကီပီးဒီးယား မှ
ပြည်နည်းပညာတက္ကသိုလ်
Pyay Technological University
စက်မှုစွမ်းအား ပြည်ထွန်းကား


တည်ထောင်ခုနှစ် ၁၉၉၈ ခုနှစ် ဧပြီလ ၁ ရက်
ဒုတိယပါမောက္ခချုပ် ​ဒေါက်တာ မြနန္ဒာလွင်
တည်နေရာ လက်ခုပ်ပင်ရွာပြည်မြို့
ပဲခူးတိုင်းမြန်မာနိုင်ငံ
အမျိုးအစား အများသူငါနှင့်ဆိုင်သော
အကျယ်အဝန်း ၁၂၃.၃၀ ဧက
ပိုင်ဆိုင်မှု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
ဝဘ်ဆိုတ် http://www.most.gov.mm/ptu/


ပြည်နည်းပညာတက္ကသိုလ် (Pyay Technological University) သည် မြန်မာနိုင်ငံ၏ ရှေးကျသော နည်းပညာတက္ကသိုလ်သုံးခုဖြစ်သော (ရန်ကုန်နည်းပညာတက္ကသိုလ်မန္တလေးနည်းပညာတက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်)တွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ မှ (၇) မိုင်အကွာ ပြည် - ပေါက်ခေါင်း ကားလမ်းပေါ်ရှိ လက်ခုပ်ပင်ရွာတွင် တည်ရှိသည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၂၇/၉၈)ဖြင့် ပြည်စက်မှုတက္ကသိုလ် အဖြစ် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ပြည်နည်းပညာတက္ကသိုလ်ကို ၁၉၉၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စီမံခန့်ခွဲရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး သင်တန်းအသီးသီးကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးရုံး၏ (၂၉.၆.၁၉၉၈)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၇၃/၉၈)အရ ပြည်စက်မှုတက္ကသိုလ်ကို ပြည်နည်းပညာတက္ကသိုလ်ဟူ၍ ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ(၁)ရက် နေ့မှစ၍ ပြောင်းလဲတည်ထောင်ခဲ့သည်။ [၁]

အင်ဂျင်နီယာ ဘာသာရပ်များ[ပြင်ဆင်ရန်]

အင်ဂျင်နီယာနည်းပညာဘွဲ့ Bachelor of Technology (B-tech)နှင့် အင်ဂျင်နီယာဘွဲ့Bachelor of Engineering (BE) အတွက် သင်ကြားနေသောဘာသာရပ်များမှာ

  1. မြို့ပြအင်ဂျင်နီယာ Civil Engineering
  2. အီလက်ထရောနစ်အင်ဂျင်နီယာ Electronic Engineering
  3. လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ Electrical Power Engineering
  4. စက်မှုအင်ဂျင်နီယာ Mechanical Engineering
  5. စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ Mechatronic Engineering
  6. သုတနည်းပညာအင်ဂျင်နီယာ Information Technology
  7. ရေနံအင်ဂျင်နီယာ Petroleum Engineering

ကျောင်းသားများ[ပြင်ဆင်ရန်]

၁၉၉၇ မှ ၂၀၀၇ အထိ A.G.T.I ဒစ်ပလိုမာရရှိသော ကျောင်းသား၊သူများအရေအတွက်မှာ (Diploma of A.G.T.I (1997 to 2007))

Year Civil EC EP MP MT/CNC IT MC PE Total
1997,April 3 6 9
1997,Dec 139 102 102 343
1998 101 82 94 277
1999 103 88 86 277
2000,March 165 68 95 328
2000,Nov 173 86 123 382
2002,Jan 123 162 145 430
2002,Dec 26 18 17 61
2003,Aug 34 42 39 39 10 45 25 234
2003,Dec 50 42 32 18 4 24 13 183
2004,No 19 52 57 58 26 25 22 259
2005,Oct 55 94 116 71 50 54 29 469
2006,Sep 63 70 70 73 48 42 34 15 415
2007,Nov 67 47 53 30 20 29 24 7 277

၂၀၀၂ မှ ၂၀၀၇ အထိ B.Tech / B.E ဘွဲ့ရရှိသော ကျောင်းသား၊သူများအရေအတွက်မှာ (Graduate of B.Tech/B.E (2002-2007))

Year Civil EC EP MECH IT MC Total
2002,Dec(B.Tech) 245 57 76 61 349
2004,Feb(B.Tech) 61 81 59 3 31
2004,Dec(B.Tech) 8 10 13 31
2004,(B.E) 66 22 38 23 149
2005,(B.Tech) 32 15 31 25 34 16 153
2005,Jan(B.E) 69 51 49 6 175
2005,Nov(B.E) 9 26 18 53
2006,(B.Tech) 35 48 39 31 15 12 180
2006,(B.E) 34 15 33 23 34 15 154
2007,(B.Tech) 59 43 38 58 34 17 249
2007,(B.E) 31 44 27 27 11 9 149
Total 649 412 421 257 128 69 1936

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ပြည်နည်းပညာတက္ကသိုလ်။ ၂၀၁၄-၁၀-၁၉ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  1. http://www.most.gov.mm/ptu/index.php Archived 1 October 2013 at the Wayback Machine.