မာတိကာသို့ ခုန်သွားရန်

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)

ဝီကီပီးဒီးယား မှ
ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)
University of Computer Studies, Taungoo
မြန်မှန်တွက်ချက် တိုင်းပြည်တွက်
{{{အမည်}}}
တည်ထောင်ခုနှစ် ၄ စက်တင်ဘာ ၂၀၀၀
ပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်[][]
တည်နေရာ ကန်ရိုးကျေးရွာ၊ တောင်ငူမြို့၊ ပဲခူးတိုင်းဒေသကြီး
အမျိုးအစား အများနှင့်သက်ဆိုင်သော
အကျယ်အဝန်း ၃၀.၂၅ ဧက
ဂျာနယ် Journal of Information Technology and Education Science (JITES)[]
ဝဘ်ဆိုတ် ucstaungoo.edu.mm

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)သည် ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့တွင် တည်ရှိသည်။ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ဝင်ပေါက်

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)ကို ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ (၄)ရက်နေ့ တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် တောင်ငူမြို့၊ ကေတုမတီမြို့သစ်၌ စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် တက္ကသိုလ် အဆင့်သို့ တိုးမြှင့်ခဲ့ပြီး ၂၀၀၈ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့တွင် တောင်ငူမြို့၊ ကန်ရိုးကျေးရွာရှိ နည်းပညာတက္ကသိုလ်(တောင်ငူ) ကျောင်းနယ်မြေအား ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)အဖြစ် လွှဲပြောင်း လက်ခံဖွင့်လှစ်ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)သည် တောင်ငူမြို့ မြောက်ဘက် (၃) မိုင်အကွာ ကန်ရိုးကျေးရွာတွင် တည်ရှိပြီး ၃၀.၂၅ ဧက ကျယ်ဝန်းသည်။[][][][][][]

သင်တန်းများ

[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[]

  • ပထမနှစ် ကွန်ပျူတာသိပ္ပံနည်းပညာ သင်တန်း (First Year (B.C.Sc/B.C.Tech))
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ သင်တန်း (Second Year (B.C.Sc))
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ သင်တန်း (Second Year (B.C.Tech))
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ သင်တန်း (Third Year (B.C.Sc))
  • တတိယနှစ် ကွန်ပျူတာနည်းပညာ သင်တန်း (Third Year (B.C.Tech))
  • စတုတ္ထနှစ် ကွန်ပျူတာသိပ္ပံ သင်တန်း (Fourth Year(B.C.Sc))
  • စတုတ္ထနှစ် ကွန်ပျူတာနည်းပညာ သင်တန်း (Fourth Year(B.C.Tech))
  • ပဉ္စမနှစ် ကွန်ပျူတာသိပ္ပံ သင်တန်း (Fifth Year(B.C.Sc))
  • ပဉ္စမနှစ် ကွန်ပျူတာနည်းပညာ သင်တန်း (Fifth Year(B.C.Tech))
  • ကွန်ပျူတာသိပ္ပံမဟာဘွဲ့ (M.C.Sc)
  • ကွန်ပျူတာအသုံးချ သင်တန်းများ (Basic Computer Application Training)
  • အဆင့်မြင့် ကွန်ပျူတာအသုံးချ သင်တန်းများ (Advanced Computer Application Training)
  • ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းမှု ကျွမ်းကျင်သင်တန်းများ(Computer Maintenance A+ Training)
  • ကွန်ပျူတာ ကွန်ယက်ချိတ်ဆက်မှု သင်တန်းများ (Basic Network ing Training)
  • အခြေခံ Website ရေးသားနည်းသင်တန်းများ (Basic Web Development Training)

ပေးအပ်ချီးမြှင့်သောဘွဲ့များ

[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[]

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံမဟာဘွဲ့ (M.C.Sc)

ကိုးကား

[ပြင်ဆင်ရန်]
  1. မော်ကွန်းတင်ပြီးမိတ္တူ။ 26 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2020 တွင် ပြန်စစ်ပြီး။
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 23 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2020 တွင် ပြန်စစ်ပြီး။
  3. http://ucstaungoo.edu.mm/call-for-paper/
  4. ၄.၀ ၄.၁ ၄.၂ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  5. http://ucstaungoo.edu.mm/background-history/
  6. မော်ကွန်းတင်ပြီးမိတ္တူ။ 7 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2020 တွင် ပြန်စစ်ပြီး။
  7. မော်ကွန်းတင်ပြီးမိတ္တူ။ 10 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2020 တွင် ပြန်စစ်ပြီး။
  8. မော်ကွန်းတင်ပြီးမိတ္တူ။ 23 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2020 တွင် ပြန်စစ်ပြီး။
  9. https://internetjournal.media/mcpa-quiz-2019-%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD-3/[လင့်ခ်သေ]