အစိုးရနည်းပညာကောလိပ် (မန္တလေး)

ဝီကီပီးဒီးယား မှ
အစိုးရနည်းပညာကောလိပ် (မန္တလေး)
Government Technological College (Mandalay)
အခြားအမည်
GTC Mandalay
တည်ထောင်
  • ၂၅ ဇန်နဝါရီ ၂၀၁၆ (GTI)
  • ၂၀၂၂ (GTC)
နှီးနွယ်အဖွဲ့အစည်းသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန
ကျောင်းအုပ်ကြီးဒေါက်တာ​​ထွန်း​ကျော်မြင့်
လိပ်စာလမ်း၇၀နှင့် ၂၈လမ်းထောင့်, မန္တလေးမြို့, မန္တလေးတိုင်းဒေသကြီး
ဝဘ်ဆိုဒ်gtcmandalay.edu.mm

အစိုးရနည်းပညာကောလိပ် (မန္တလေး) (အင်္ဂလိပ်: Government Technological College - Mandalay)သည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနလက်အောက်ရှိ ​ကောလိပ်တစ်ခုဖြစ်သည်။[၁] ယခင်က စက်မှုလက်မှုသိပ္ပံအဖြစ် တည်ရှိခဲ့ပြီး ၂၀၂၂ခုနှစ်တွင် ကောလိပ်အဆင့် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဤကျောင်းသည် မန္တလေးမြို့၏ ဒုတိယမြောက် ဖွင့်လှစ်ခဲ့သော အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာကောလိပ် ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)ကို ၁၉၅၅ခုနှစ် ဒီဇင်ဘာ ၂၀ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုက ဖွင့်လှစ်ပေးခဲ့သည်။ထိုစဉ်က ကျောင်း၏တည်နေရာမှာ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀နှင့် ၃၁လမ်းကြား ၆၈လမ်းနှင့် လမ်း၇၀ကြားဖြစ်သည်။ ၁၉၉၉ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် တိုးမြှင့်ခဲ့သည်။ ၂၀၀၂ခုနှစ် အောက်တိုဘာ ၂၂ရက်နေ့တွင် မန္တလေးတောင်မြောက်ဘက် ပုသိမ်ကြီးမြို့နယ်သို့ ​ပြောင်း​ရွှေ့ကာ ၂၀၀၇ခုနှစ်တွင် နည်းပညာတက္ကသိုလ်(မန္တလေး)အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။ ယခင် အစိုးရစက်မှုလက်မှုသိပ္ပံနေရာအား ဗဟိုအမျိုးသမီးဆေးရုံအဖြစ် ဖွင့်လှစ်ခဲ့သည်။

GTIအဖြစ် ၂၀၂၀ပြည့်နှစ်က​တွေ့ရစဉ်

၂၀၁၅ခုနှစ်တွင်မှ နိုင်ငံတော်၏ နည်းပညာနှင့် သက်မွေး ကဏ္ဍ (TVET) ဏ္ဍမြှင့်တင်ရေးမူ အရ ယခင် အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းနေရာဖြစ်သော ယခုနေရာ တွင် ပြန်လည်ဖွင့်လှစ်ကာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အဖြစ် ၂၀၁၆ခုနှစ် ဇန်နဝါရီ ၂၅ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။[၂] ၂၀၂၂ခုနှစ်တွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနလက်​အောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံအချို့ကို နည်းပညာ​ကောလိပ် (gtc) အဖြစ် အဆင့်မြှင့်တင်ခဲ့ရာ မန္တ​လေးအစိုးရစက်မှုလက်မှုသိပ္ပံလည်း ပါဝင်ခဲ့သည်။ ထို့​ကြောင့် ၂၀၂၂ခုနှစ်မှစ၍ အစိုးရနည်းပညာ​ကောလိပ်အဆင့် ​ရောက်ရှိခဲ့ကာ လက်ရှိတွင် ​ကောလိပ်အဆင့်မြှင့်ရန် ပြင်ဆင်​နေဆဲဖြစ်သည်။[၃]

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

အစိုးရနည်းပညာကောလိပ် (မန္တလေး) ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ (က) ဒေသတွင်း လူငယ်လူရွယ်များအား အသက်မွေးဝမ်းကြောင်းပြုနိုင်သည့်နည်းပညာဘာသာရပ်များ လေ့ကျင့်သင်ကြားပေးနိုင်ရန်။ (ခ) ကျွမ်းကျင်တတ်မြောင်သည့် နည်းပညာရှင် လူ့စွမ်းအား အရင်း အမြစ်များမွေးထုတ်ပေးနိုင်ရန်။

​ကျောင်းအုပ်ကြီးများ[ပြင်ဆင်ရန်]

# အမည် စတင်နှစ် ပြီးဆုံးနှစ်
ဒေါက်တာအောင်သိန်းစိုး ၁.၁.၂၀၁၆ ၂၅.၅.၂၀၁၈
ဒေါက်တာကျော်ကျော်မြင့် ၂၅.၅.၂၀၁၈ ၁၈.၃.၂၀၂၁
​ဒေါက်တာထွန်း​ကျော်မြင့် ၁၈.၃.၂၀၂၁ ယ​နေ့ထိ

ဌာနများ[ပြင်ဆင်ရန်]

  • မြို့ပြအင်ဂျင်နီယာဌာန
  • လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
  • အီလက်ထရောနစ်အင်ဂျင်နီယာဌာန
  • စက်မှုအင်ဂျင်နီယာဌာန
  • သုတနည်းပညာဌာန
  • စက်မှုလုပ်ငန်းအင်ဂျင်နီယာဌာန
  • စာပေဌာန

သင်တန်းများကို နေ့ပုံမှန်သင်တန်းနှင့် ညသင်တန်း (စက်မှုလုပ်ငန်းမပါ) ဟူ၍ ဖွင့်လှစ်သည်။ သင်တန်းကာလ (၃) နှစ်ပြီးဆုံးပါက A.G.T.I (ဒီပလိုမာ) ပေးအပ်သည်။ အဆင့်မီသော ကျောင်းသားများအနေဖြင့် နည်းပညာတက္ကသိုလ်များ၏ ပေါင်းကူးစာမေးပွဲကို ဖြေဆိုကာ တတိယနှစ်မှစ၍ တက်ရောက်နိုင်သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးစီးဌာနမှဖွင့်လှစ်လျက်ရှိသောကျောင်းများ။ 16 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 June 2022 တွင် ပြန်စစ်ပြီး။
  2. Background History။ 25 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. နောက်ခံသမိုင်းကြောင်း
  4. ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်[လင့်ခ်သေ]