လွိုင်ကော်ပညာရေးကောလိပ်

ဝီကီပီးဒီးယား မှ
လွိုင်ကော်ပညာရေးကောလိပ်
လွိုင်ကော်ပညာရေးကောလိပ်
အမျိုးအစားအများဆိုင်
တည်ထောင်၂၀၁၅; ၉ နှစ် အကြာက (၂၀၁၅)
တည်နေရာလွိုင်ကော်မြို့နယ်ကယားပြည်နယ်
ဝဘ်ဆိုဒ်lkwedc.edu.mm

လွိုင်ကော်ပညာရေးကောလိပ်သည် ကယားပြည်နယ်လွိုင်ကော်မြို့နယ်တွင်တည်ရှိသော ပညာရေးကောလိပ်တစ်ခုဖြစ်သည်။ လွိုင်ကော်မြို့ လေယာဉ်ကွင်း၏ အရှေ့ဘက်တွင် တည်ရှိသည်။ စတင်ဖွင့်လှစ်စဉ်က ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)၏ ပင်မစာသင်ဆောင်တွင် တွဲဖက်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် ထိုတက္ကသိုလ်၏ မြောက်ဖက်တွင် သီးခြားဖွင့်လှစ်ထားရှိသည်။ ယခင်က ၂ နှစ်သင် ကောလိပ်အဆင့်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ၄ နှစ်သင် ဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ခဲ့သည်။[၁]

ကွန်ပျူတာတက္ကသိုလ်နှင့် တွဲဖက်စာသင်​ဆောင်

ကိုးကား[ပြင်ဆင်ရန်]

  1. သမိုင်းကြောင်း။ 27 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။