ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)

ဝီကီပီးဒီးယား မှ
ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)
Computer University, Pakokku
မြန်မှန်တွက်ချက် တိုင်းပြည်တွက်


တည်ထောင်ခုနှစ် ၂၁ ဇန်နဝါရီ ၂၀၀၂
တည်နေရာ ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး
အမျိုးအစား အများနှင့်သက်ဆိုင်သော

ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)သည် မကွေးတိုင်းဒေသကြီးပခုက္ကူမြို့တွင် တည်ရှိသည်။ အစိုးရကွန်ပျူတာကောလိပ်အဖြစ် ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။[၁] ပညာရေးဝန်ကြီးဌာနအဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

တက္ကသိုလ်ဝင်​ပေါက်

သင်တန်းများ[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]

  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ
  • ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
  • ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ

ပေးအပ်ချီးမြှင့်သောဘွဲ့များ[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]