ဘားအံပညာရေးဒီဂရီကောလိပ်

ဝီကီပီးဒီးယား မှ
(ဘားအံပညာရေးကောလိပ် မှ ပြန်ညွှန်းထားသည်)
ဘားအံပညာရေးဒီဂရီကောလိပ်
သံလွင်ဆောင်၊ ဘားအံပညာရေးကောလိပ်
အမျိုးအစားအများဆိုင်
ကျောင်းအုပ်ကြီးဒေါ်ခင်မူမြင့်
တည်နေရာဘားအံမြို့နယ်, ကရင်ပြည်နယ်, မြန်မာနိုင်ငံ

ဘားအံပညာရေးဒီဂရီကောလိပ် (အင်္ဂလိပ်: Hpa-an Education Degree College; HEC [၁][၂])သည် ကရင်ပြည်နယ်ဘားအံမြို့၊ လှာကဒေါင်ကျေးရွာအုပ်စု၊ ဘားအံ-အိန္ဒုကားလမ်းမကြီး[၂]၌ တည်ရှိကာ၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးကောလိပ်ကျောင်း ဖြစ်သည်။ ကျောင်းသားသမဂ္ဂ ရှိသည်။

၂၀၁၉ ဒီဇင်ဘာမှ စပြီး၊ နိုင်ငံတဝန်း ပညာရေးကောလိပ် ၂၅ ကျောင်းကို ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ရာ ဘားအံပညာရေးကောလိပ်လည်း ပါဝင်သည်။ ယခင် ၂ နှစ်တက် ဒီပလိုမာရသော သင်တန်းမှ ၄ နှစ်သင်တန်းသို့ ပြောင်းလဲခဲ့သည်။[၃]

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

ကျောင်းအုပ်မှာ ဒေါ်ခင်မူမြင့် ဖြစ်သည်။[၃] ၂၁ ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာလက်မှတ် အပ်နှင်းပွဲအခမ်းအနား၌ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာ သင်တန်း သိပ္ပံကျောင်းသား ၂၁၀ ဦး၊ ဝိဇ္ဇာကျောင်းသား ၁၄၆ ဦး ၊ စုစုပေါင်း ၃၅၆ ဦး ဘွဲ့ရသည်။[၃] ဇန်နဝါရီ ၂၇၊ ၂၀၂၀ (၂၀၂၀-၀၁-၂၇) တွင် ဆေးလိပ်ငွေ့ကင်းစင် ကောလိပ်ဖြစ်ကြောင်း ကြေညာသည်။ [၄]

ဘွဲ့နှင်းသဘင်[ပြင်ဆင်ရန်]

ပုံစာ
ခုနှစ် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာဒီပလိုမာသင်တန်းဆင်းပွဲ ဘွဲ့ရ မှတ်ချက်
၂၀၁၉ ၂၁ ကြိမ်မြောက် ၃၅၆ ၂နှစ်
2020 ၂၂ ကြိမ်မြောက် ၄၀၉

ကိုးကား[ပြင်ဆင်ရန်]