ပဲခူးတက္ကသိုလ်

ဝီကီပီးဒီးယား မှ

ပဲခူးတက္ကသိုလ် သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမကြီးဘေးတွင် တည်ရှိသည်။ ၂ဝ၁၁ ခုနှစ် ဇွန် ၁၃ ရက်တွင် ပဲခူးဒီဂရီကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။[၁] အကျယ်အဝန်းမှာ ၇၁၈.၆၅ ဧက ကျယ်ဝန်းသည်။[၂] ပဲခူးမြို့မှ (၅) မိုင်ခန့် အကွာတွင် ရှိသည်။ [၃] ဆောင်ပုဒ်မှာ "ပညာယအတ္ထံ ဇာနာတိ" ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၇၇ ခုနှစ် မတ်လ (၂၇) ရက်နေ့ [၃] တွင် ပဲခူးတိုင်းဒေသကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် ပဲခူးကောလိပ် အဆင့်သို့ လည်းကောင်း၊ ၁၉၉၂ ခုနှစ် ဩဂုတ် ၁၇ ရက်တွင် ပဲခူးဒီဂရီကောလိပ် အဆင့်သို့လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁]

သင်တန်းများ[ပြင်ဆင်ရန်]

ပဲခူးတက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊အရှေ့တိုင်းပညာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒနှင့် ဘူမိဗေဒစသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသည်။[၁] ၂၀၁၈- ၂၀၁၉ပညာသင်နှစ်တွင် နေ့သင်တန်းသား (၉၄၅၄) ရှိ၍ အဝေးသင် သင်တန်းသား (၁၀၀၀၀)ကျော်ခန့်သင်ကြားပေးလျက်ရှိသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ပဲခူးတက္ကသိုလ်၏ တိုးမြှင့်တည်ဆောက်အောင်မြင်မှုများ။ ပြန်ကြားရေးဝန်ကြီးဌာန (၁၂ ဇန်နဝါရီ ၂၀၁၅)။ ၂၆ ဇွန် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. ပဲခူးတက္ကသိုလ် မတ်လကုန် အပြီးတည်ဆောက်မည်။ မြဝတီ (၂၈ ဇန်နဝါရီ ၂၀၁၄)။ ၂၆ ဇွန် ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. ၃.၀ ၃.၁ ၃.၂ Official Website တွင်ဖော်ပြထားသော ပဲခူးတက္ကသိုလ်နောက်ခံသမိုင်းကြောင်း။ 5 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 September 2019 တွင် ပြန်စစ်ပြီး။