မာတိကာသို့ ခုန်သွားရန်

ကွန်ပျူတာတက္ကသိုလ်(မအူပင်)

ဝီကီပီးဒီးယား မှ
ကွန်ပျူတာတက္ကသိုလ်(မအူပင်)
မြန်မှန်တွက်ချက်တိုင်းပြည်တွက်
ကွန်ပျူတာတက္ကသိုလ်(မအူပင်)


တည်ထောင်ခုနှစ် ၂၀၀၃
ပါမောက္ခချုပ် ဒေါက်တာသန္တာသိန်း
အမျိုးအစား အမျိုးသားတက္ကသိုလ်
အကျယ်အဝန်း ၄၂.၅၅၂ ဧက
အထိမ်းအမှတ်အရောင် စိမ်းပြာရောင်
ဆက်သွယ်ရန် စိမ်းမြကန်သာလမ်း
ဝဘ်ဆိုတ် ucsmub.edu.mm


ကွန်ပျူတာတက္ကသိုလ်(မအူပင်)သည် ရန်ကုန်မြို့အနောက်ဘက်ကီလိုမီတာ ၁၀၀ ခန့်တွင်ရှိသော မအူပင်မြို့နယ်တွင်တည်ရှိပြီး၊ ဧရာဝတီတိုင်းဒေသကြီးရှိ ကွန်ပျူတာတက္ကသိုလ်သုံးခုအနက် တစ်ခုဖြစ်သည်။ တက္ကသိုလ်သည် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့များကို ပေးအပ်သည်။ တက္ကသိုလ်၏ကျောင်းဝင်းသည် ၄၂.၅၅၂ ဧကအထိကျယ်ပြန့်သည်။ []

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အစိုးရကွန်ပျူတာကောလိပ်(မအူပင်)ကို ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလတွင် တည်ထောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(မအူပင်)အဖြစ် ပြောင်းလဲခဲ့သည်။

ပေးအပ်သော ဘွဲ့များ

[ပြင်ဆင်ရန်]
စဉ် ဘွဲ့အမည် ဘွဲ့အမျိုးအစား သင်တန်းကာလ
ရိုးရိုးဘွဲ့ B.C.Sc ၅ နှစ်
ရိုးရိုးဘွဲ့ B.C.Tech ၅ နှစ်
ဘွဲ့လွန်ဒီပလိုမာသင်တန်း D.C.Sc ၁ နှစ်

[]

ပညာရေးဆိုင်ရာဌာနများ

[ပြင်ဆင်ရန်]
  1. ကွန်ပျူတာသိပ္ပံဌာန
  2. သတင်းအချက်အလက်သိပ္ပံဌာန
  3. ကွန်ပျူတာဌာန
  4. ကွန်ပျူတာစနစ်နှင့်နည်းပညာဌာန
  5. သဘာဝသိပ္ပံဌာန
  6. ဘာသာစကားများဌာန
    • မြန်မာနိုင်ငံဌာန
    • အင်္ဂလိပ်ဌာန
  7. သတင်းအချက်အလက်နည်းပညာထောက်ပံ့ခြင်းနှင့်ထိန်းသိမ်းခြင်းဌာန
    • အသုံးချဌာန

စီမံခန့်ခွဲမှုဌာနများ

[ပြင်ဆင်ရန်]
  1. ဝန်ထမ်းရေးရာဌာန
  2. ကျောင်းသားရေးရာဌာန
  3. ငွေစာရင်းဌာန
  4. နယ်​မြေဌာန

[]

ပါမောက္ခချုပ်များ / ကျောင်းအုပ်ကြီးများ

[ပြင်ဆင်ရန်]
စဉ် နာမည် အခန်းကဏ္ဍ တာဝန်ထမ်း​ဆောင်ခဲ့​သောနှစ်
ဒေါ်မိုးမိုးဝင်း ကျောင်းအုပ်ကြီး
ဒေါ်တာတာခင် ကျောင်းအုပ်ကြီး
ဒေါက်တာမီမီစုသွင် ကျောင်းအုပ်ကြီး
ဒေါက်တာသင်းသင်းထိုက် ကျောင်းအုပ်ကြီး
ဒေါက်တာလှမြတ်ကောင်း ကျောင်းအုပ်ကြီး
ဒေါက်တာနှင်းမင်းဦး ကျောင်းအုပ်ကြီး
ဒေါက်တာသဲနုဖြူ ကျောင်းအုပ်ကြီး
ဒေါက်တာခိုင်ခိုင်ဦး ကျောင်းအုပ်ကြီး
ဒေါက်တာသန္တာသိန်း ပါမောက္ခချုပ်

ပညာရေးဆိုင်ရာဆက်နွယ်မှု

[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ်တွင် MikroTik ပညာ​​ရေးဆိုင်ရာသင်တန်း ဖွင့်လှစ်ရန် MikroTik အကယ်ဒမီနှင့်အတူ ပူး​ပေါင်းခဲ့သည်။[]

အဖွဲ့အစည်းများ

[ပြင်ဆင်ရန်]

ကျောင်းသားများသမဂ္ဂ

[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ်တွင် ကျောင်းသားများသမဂ္ဂကို တရားဝင်တည်ထောင်ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(မအူပင်) ကျောင်းသားများသမဂ္ဂ ဟုခေါ်သည်။

ကျောင်းသားအစည်းအရုံးများ / ကလပ်များ

[ပြင်ဆင်ရန်]

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်းတွင် ပါမောက္ခများနှင့်ဆရာများ၏ပံ့ပိုးမှုဖြင့် အိုင်တီကလပ်ကို တည်ထောင်ခဲ့ပြီး တက္ကသိုလ်၏ပါမောက္ခချုပ်မှ အသိအမှတ်ပြုခဲ့သည်။ ၎င်းကို အိုင်တီကလပ် ကွန်ပျူတာတက္ကသိုလ်(မအူပင်) အဖြစ်လူသိများသည်။[]

Music Club၊ Dance Club, Handmade Club, E-Sport Club တို့ကို ကျောင်းသားများသမဂ္ဂမှ ကျောင်းသားကလပ်များ အဖြစ်တည်ထောင်ပေးထားသည်။

ထုတ်ကုန်ပြပွဲ

[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တက္ကသိုလ်၏ထုတ်ကုန်ပြပွဲကို ကျင်းပခဲ့သည်။ [] ကျောင်းသားများသည် ထုတ်ကုန် ၄၁ ခုကို ပြသခဲ့သည်။ ထုတ်ကုန်ပြပွဲတွင် Information System of Private Hospital [], Trip Advisor နှင့် Garden System တို့သည် ပထမ၊ ဒုတိယနှင့်တတိယဆုအသီးသီးရရှိခဲ့ကြသည်။ Smart Restaurant [], APineKine နှင့် Smart Township System[] တို့သည်နှစ်သိမ့်မှုဆုများရရှိခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. BackGround History » Computer University (Maubin) (in en-US)။
  2. University Information။ 8 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  3. "Faculty – University of Computer Studies (Maubin) 5 June 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .". Retrieved 2020-04-27.
  4. "Mikrotik Academy – University of Computer Studies (Maubin) 5 June 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .". Retrieved 2020-04-27.
  5. Internally retrieved from the University's notice board. announced in December 2017.
  6. Product Show – University of Computer Studies (Maubin)။ Apr 27၊ 2020 တွင် ပြန်စစ်ပြီး။
  7. “ပွဲရက်နီးလာတဲ့တစ်လလောက်မှာ တစ်ညကို ၄ နာရီလောက်ပဲ အိပ်ရတော့တယ်” (in en)။
  8. Smart Restaurant စနစ်ရေးဆွဲသူ ကွန်ပျူတာတက္ကသိုလ် (မအူပင်) ကျောင်းသားများနှင့် တွေ့ဆုံခြင်း (in en)။
  9. Smart Township ပရောဂျက် ဖန်တီးသူများနှင့်တွေ့ဆုံခြင်း (in en)။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]