ဟင်္သာတတက္ကသိုလ်

ဝီကီပီးဒီးယား မှ
ဟင်္သာတတက္ကသိုလ်
ဆောင်ပုဒ်ပညာခေတ်ဖြင့် မျိုးဂုဏ်မြှင့်
အမျိုးအစားအများဆိုင်
တည်ထောင်၁၉၇၈ (၁၉၇၈)
ဒုအဓိပတိဒေါက်တာမာလာ
ပါမောက္ခချုပ်ဒေါက်တာနီလာမြင့်
တည်နေရာဟင်္သာတမြို့, ဧရာဝတီတိုင်းဒေသကြီး, မြန်မာနိုင်ငံ
ဝဘ်ဆိုဒ်hinthadauniversity.edu.mm

ဟင်္သာတတက္ကသိုလ် သည် မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဧရာဝတီတိုင်း အမှတ်(၂) ဟင်္သာတ ဒေသကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဟင်္သာတကောလိပ်အဖြစ် လည်းကောင်း၊ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဟင်္သာတဒီဂရီကောလိပ်အဖြစ် လည်းကောင်း၊ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဟင်္သာတတက္ကသိုလ်အဖြစ် လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁]

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

ဟင်္သာတတက္ကသိုလ်သည် ဟင်္သာတမြို့၏ အနောက်တောင်ဖက် မြို့ပတ်လမ်းမကြီးပေါ်တွင် တည်ရှိသည်။ မြေဧရိယာအကျယ်အဝန်းမှာ စတင်ဖွင့်လှစ်စဉ်က ၃၆.၇၅ ဧကသာရှိသော်လည်း ၁၉၉၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ၅၄.၇ ဧကအထိ တိုးချဲ့ပေးခဲ့သဖြင့် လက်ရှိတွင် ၉၁.၄၅ ဧက ကျယ်ဝန်းသည်။[၁] ကျောင်းသားအဖွဲ့အစည်းများဖြစ်သည့်‌အဝေးသင်ကျောင်းသားထုအဖွဲ့အစည်းနှင့်ကျောင်းသားများသမဂ္ဂလဲရှိသည်။

သင်ကြားပို့ချနေသော ဘာသာရပ်များ[ပြင်ဆင်ရန်]

ဟင်္သာတတက္ကသိုလ်တွင် အောက်ပါ ဘာသာရပ်သင်တန်းများကို သင်ကြားပို့ချပေးသည်။[၁]