အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း)
Government Technical Institute (Yenangyaung)
အခြားအမည်
GTI Yenangyaung
ယခင်အမည်
အစိုးရနည်းပညာအထက်တန်းကျောင်း
တည်ထောင်၁၉၉၇ (၁၉၉၇)
နှီးနွယ်အဖွဲ့အစည်းပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန
ကျောင်းအုပ်ကြီးဒေါက်တာဝင်းစန္ဒာ
သင်တန်းသား၇၁၁ ဦး
တည်နေရာရေနံချောင်းမြို့, မကွေးတိုင်းဒေသကြီး

အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း) သည် မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့တွင် တည်ရှိပြီး ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနလက်အောက်ရှိ နည်းပညာသိပ္ပံဖြစ်သည်။ မြန်မာနိုင်ငံ ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ ၂၅ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသိပ္ပံသည် နည်းပညာဒီပလိုမာကိုသာ ချီးမြှင့်နိုင်သည်။ ဤသိပ္ပံကို ယခင်က အစိုးရနည်းပညာအထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း)ကို ၁၉၇၇ခုနှစ် ဩဂုတ်လ(၁)ရက်နေ့တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ရေနံချောင်း) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အစိုးရစက်မှုလက်မှုအထက်တန်းကျောင်း မှ အစိုးရစက်မှုလက်မှုသိပ္ပံ အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)အားအောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ် သင်ကြား ပို့ချလျက်ရှိပါသည်-

(က)ဒေသအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများမှအဆင့်မီသူတိုင်း အင်ဂျင်နီယာပညာရပ်များကို မိမိဒေသအတွင်း၌ပင် လေ့လာသင်ယူနိုင်ရန်။

(ခ)ခေတ်နှင့်အညီဖြစ်ပေါ်လာသောအင်ဂျင်နီယာပညာရပ်များသင်ကြား ပေးနိုင်ရန်။

(ဂ)နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် အကျိုးပြုနိုင်သော အရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာကောင်းများ မွေးထုတ်ပေးနိုင်ရန်။

(ဃ)အသိပညာပြည်‌့ဝသော အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ ပြုစု ပျိုးထောင်ပေးရန်နှင့် မွေးထုတ်ပေးရန်။

သင်ကြားရေးဌာနများ[ပြင်ဆင်ရန်]

  • မြို့ပြအင်ဂျင်နီယာဌာန
  • အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဌာန
  • လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
  • စက်မှုအင်ဂျင်နီယာဌာန

ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ[ပြင်ဆင်ရန်]

GIZ(Germany)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(မကွေးမြို့၊ချောက်မြို့)၊ ထပ်ဆင့်အသံလွှင့်ရုံ (မင်းဘူးမြို့)၊ ရေနံချောင်းစက်မှုဇုန်၊ ရေနံချောင်းရေနံမြေ၊ အရာတော်၊ကျွန်းချောင်းဓာတ်အားခွဲစက်ရုံ၊ Khin Maung Nyunt Co.ltd(ရန်ကုန်)၊ ကောင်းမွန်ကုမ္ပဏီ(မကွေးမြို့)၊ YMT Construction Co.ltd(မန္တလေးမြို့)၊ Now Engineering Co.ltd(ရန်ကုန်)၊ ဦးကိုကိုမောင်(မြသန္တာကုမ္ပဏီ-ရန်ကုန်)၊ Crystal Future Venture Myanmar(CFVM)(ရန်ကုန်)တို့နှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

ဘွဲ့ဒီဂရီများ[ပြင်ဆင်ရန်]

ဘွဲ့ကြိုသင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
မြို့ပြအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (Civil) ၃ နှစ်
အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (EC) ၃ နှစ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (EP) ၃ နှစ်
စက်မှုအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (ME) ၃ နှစ်

ကိုးကား[ပြင်ဆင်ရန်]

  1. GTC/GTI/THS - Department of Technical and Vocational Education (DTVE)။ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့်နည်းပညာ)။ ၂၅ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။