မာတိကာသို့ ခုန်သွားရန်

ရှေးဟောင်းမြိုလူမျိုး

ဝီကီပီးဒီးယား မှ

(ဤအကြောင်းအရာသည် ခမီဘာသာစကား‌ပြော ဆိုသော(မြို)များနှင့်မရော‌‌ထွေးပါနှင့်)

Mro
မြိုလူမျိုး
 မြန်မာ,  ဘင်္ဂလားဒေ့ရှ်, အိန္ဒိယ
မြိုအမျိုးသားတီးဝိုင်းပုံ
လူဦးရေ စုစုပေါင်း
၁၂၀,၀၀၀ (၂၀၂၀)
အများစု နေထိုင်သည့် နေရာ
မြန်မာ၊ ဘဂ်လားဒေရှ့်
ဘာသာစကား
မြိုဘာသာစကား [ဒေသိယစကား မရူ ၊ မြုံ၊ မြုန်၊ တောင်မရူ၊ တောင်မြို၊ မြူ၊ မြိုစာ၊ မြူစာ၊ မရူဆာ]
ကိုးကွယ်မှု
နတ်ကိုးကွယ်ယုံကြည်မှု

ကရာမာ ဘာသာ

ဗုဒ္ဒဘာသာ

ခရစ်ယာန်ဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ချင်းလူမျိုး

တိဗက်- မြန်မာ အစုမှ ချင်းအုပ်စုခွဲတွင် ပါဝင်သော တိုင်းရင်းသား လူမျိုးများအနက် ရှေးဟောင်းမြိုလူမျိုးတို့သည် စစ်တွေခရိုင် ဘူးသီးတောင် ဒေသနှင့် ယခင် ရခိုင်တောင်တန်းဒေသ၊ ယခု ချင်းဝိသေသတိုင်း ပီးချောင်း၊ မီးချောင်း တလျှောက်တွင် နေထိုင်ကြသည်။ ထို့ပြင် အရှေ့ပါကစ္စတန် ပြည်၊ စစ်တကောင်း တောင်တန်း၊ ဗိုလ်မင်းထောင် တောင်တန်းနယ် အစွန်အဖျားတွင်လည်း မြိုလူမျုတို့ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် သန်းကောင် စာရင်းအရ မြိုလူမျိုးတို့၏ ဦးရေမှာ ၁၃,၇၆၆ ခန့်ရှိသည်။ မြိုလူမျိုးတို့သည် မြို့ကြီးပြကြီးနှင့်မနီး၊ တောတောင် ချောင်းမြောင်း ထူထပ်သော အရပ် များတွင် ရှေးဓလေ့အတိုင်း တောင်ယာပဲခင်း လုပ်ကိုင်စားသောက်လျက် ရှိကြသည်။ ယောက်ျားတို့မှာ အနံ တဝါးလောက် အပြာရောင် အဝတ် ရှည် ကို ခါးတောင်ကျိုက်၍ ဝတ်ကြပြီးလျှင်၊ မိန်းမများမှာ အင်္ကျီဝတ်ကြရိုး ထုံးစံမရှိဘဲ၊ နက်ပြာရောင် အဝတ်စ အနံတထွာလောက်ကို ဒူးဆစ်အထိ ဆီး စပ်အောက် ရှော၍ ပတ်ရစ်ဝတ်ဆင်ကြသည်။ ထိုအဝတ်စ ခါးတွင် မြဲနေစေရန် ပုတီးစေ့လုံးကြီးများ သီထားသော ကြိုးများဖြင့် ရစ်ပတ်စည်း နှောင် ၍သော်လည်း ထားတတ်၏။ သို့မဟုတ် ကြေးနီခွေများကိုသော်လည်း စွပ်ထားတတ်၏။ ရိုးသားစွာ နေထိုင်လေ့ရှိသည်။ လူအိုလူမင်းများကို လုပ်ကို င် ကျွေးမွေးမည့် သားသမီးမရှိလျှင် ကာလသားများသည် စု၍ အပိုသက်သက် တောင်ယာလုပ်ပြီးလျှင် ဝမ်းစာထည့်ပေးကြ၏။ ခေါင်းကိုက်၊ ဝမ်းနာ၊ ဖျားနာခြင်းမှစ၍ နတ်ဖမ်းစားသည်ဟု အယူရှိပြီးလျှင် ကျွဲနွားဝက်တို့ကို သတ်၍ နတ်တင်လေ့ရှိသည်။ တောင်ပေါ် ယာခင်းတွင် မျိုးကြဲခါနီး၌ ကြက် ကို အကောင်များစွာ သတ်၍၊ ကြက်သွေးဖြင့် ယာခင်းကို ပက်ဖျန်းကာ ယာခင်းကောင်းစေရန်လည်း နတ်တင်လေ့ရှိသည်။ မြိုလူမျိုးတို့သည် တချိန် က ရခိုင်ပြည်တွင် မင်းဧကရာဇ်များအဖြစ် နန်းတက်၍ “မြို” မင်းဆက် နှစ်ဆက်ကိုပင် တည်ထောင်ခဲ့ဘူးလေသည်။ ထိုသို့ မြိုမင်းဆက် နန်းတက် ခဲ့သည်မှာ သက္ကရာဇ် ၁၃၁ ခုနှစ်မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့် ကြာခဲ့လေသည်။ဤသို့မြိုမင်းဆက်နှစ်ဆက်ထူထောင်ခဲ့ဖူသော မြိုလူမျိုးတို့မှာ ယခု အခါ မထင်မရှားသော လူမျိုးအနေဖြင့် တည်ရှိကာ၊ အခြား မြန်မာနိုင်ငံ တိုင်းရင်းဘွားတို့ကပင် မြိုလူမျိုးတို့အကြောင်းကို မသိရှိကြပေ။ []ဤ ဆောင်းပါးတွင်ဖော်ပြသည့်မြိုလူမျိုးများဆိုရာတွင် ရခိုင်လူမျိုးတို့က မြို(mro) ဟုလည်းကောင်း၊ မီဇိုးချင်းတို့က မီရီယား (Miria) ဟုလည်းကောင်း၊ ခူမီးချင်းတို့က လောင်ဟူး(Lawnghu) ဟုလည်းကောင်း၊ ရခိုင်ပြည်နယ်မှခမီတို့က ဒါက်(Dak) ဟုခေါ်ဆို သောလူမျိုးများဖြစ်သည်။ ဘင်္ဂလီတို့က မူရုန်,မြုံ(Murung) ဟုလည်းကောင်းခေါ်ဆိုပြီး ၎င်းတို့ကိုယ်တိုင်၏ မိခင်ဘာသာစကားဖြင့် မရူ၊ မရူစား (Mru, Mrucha) အဖြစ်ခေါ်ကာ စာပေရေး သားရာတွင်လည်း မြို နှင့် မြူ (Mro and Mru) နှစ်မျိုးစလုံးဖြင့်အသုံးပြုရေးသားသည့် လူမျိုးများကိုဆိုလိုခြင်းဖြစ်သည်။ ချင်းပြည်နယ်မီးချောင်းနှင့် ရခိုင်ပြည် နယ်အတွင်းမှ အခြားလူမျိုးများနှင့်ကွဲပြား စွာ သိနိုင်ပေသည်။ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်ထောင်စုသန်ခေါင်စာရင်း ကောက်ယူရာ၌ ကုတ်နံပါတ်တွင် (၇၀၆) အဖြစ်ဖော်ပြထားသော မြိုတိုင်း ရင်းသားလူမျိုးစုဖြစ်သည်။

ပထဝီနယ်မြေ

[ပြင်ဆင်ရန်]

မြို တိုင်းရင်းသားလူမျိုးစု ဆိုသည်မှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးစု များဖြစ်သည့် ရခိုင်ကမန်ခမီဒိုင်းနက်မရမာကြီး၊ မြို(မရူ)၊ သက် ဟုဆိုခါ လူမျိုးစု ၇ စုတွင်ပါ ရှိသည်။ ယခုအခါတွင် မောင်တောခရိုင်မေယုတောင်တန်းဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်(စိုင်းဒင်ရေတံခွန်)ချောင်းဖျား အထက်ပိုင်းတွင်အများဆုံးနေထိုင်ကြသည်။ပုဏ္ဏားကျွန်းမြို့နယ် ၊စမ်းပတီးချောင်းတစ်လျှောက်၊ ကျောက်တော်မြို့နယ် နှင့် ချင်းပြည်နယ် ချင်းလက်ဝတွင် အနည်းငယ် ပျံ့ နှံ့နေထိုင်ကြသည်။ နေထိုင်ရာဒေသ ပျံ့နှံ့ သွားပုံ ကို သမိုင်း၊ နုတ်ရာဇဝင် မှတ်တမ်းများအရ ဤသို့ ဆိုသည် လွန်ခဲ့ သောနှစ်ပေါင်းထောင်ကျော်ခန့်ကမဇ္ဈိမဒေသတစ်နေရာတွင် ကုသဝတီပြည်ရှိလေသည် ။ ထိုပြည်တွင် ဝါရဓမ္မတူအမည်ရှိ ဘုရင်အုပ်ချုပ်စိုးစံလေ၏။ အခြားမင်းသားတစ်ပါးသည် ဝါရဓမ္မတူမင်းအား စစ်သည်ဗိုလ်ပါများစွာဖြင့် ဝင်ရောက်တိုက်ခိုက် လေရာ အရေးနိမ့်ပြီး မင်းညီမင်းသားဆွေတော်မျိုးတော်အပေါင်းတို့ ကစဥ့်ကရဲပြိုကွဲ၍ အသက်ဘေးမှ လွတ်မြောက်ရန်ခြေဦးတည်ရာ ထွက်ပြေးတိမ်းရှောင်ကြရသည်။ ကုသဝတီပြည့်ရှင် ဘုရင် ဝါ ရဓမ္မတူ၏ သားတော် ခွာဇုပုတိမင်းသားသည် အပေါင်းအဖော်နောက်လိုက် တစ်သောင်းခန့်နှင့် အာသမ်နယ်ဘက် တွင် အချိန်အတော်ကြာရပ်နား၍ မိမိတို့၏ ဘဝတစ်သက်သာအတွက် အခြေစိုက် နေ ထိုင်ရန် စီစဉ်ကြသည်ဟု ဆို၏။ သို့ရာတွင် အာသမ်ဘုရင်သည် ခွာဇုပုတိမင်းသားခြောက်လ၊ တစ်နှစ်စသည်ဖြင့်လောက်သာ ခေတ္တ ခိုလှုံရန် ခွင့်ပြုသည်။ အမြဲ တမ်းအခြေစိုက်နေထိုင်ရန် ခွင့်မပြုပေ။ ထို့ကြောင့်ခွာဇုပတိတို့အုပ်စုသည် အာသမ်နယ်ဘက်မှ ကစ္ဆပနဒီ မြစ်ဘက်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာကြသည်။ ထိုတစ်သောင်းခန့်သော လူအုပ်စုသည် အရှည်ကြာမြင့်စွာစခန်းချနေထိုင်မည့်နေရာတွင် တစ်စုတစ်စည်းတည်းနေထိုင်ကြကာ အကာအရံ ခုနှစ်ထပ်ဖြင့် ပြုလုပ်နေထိုင်ကြသည်။ ထိုခုနှစ်ထပ်သော ခြံဝိုင်း၊ ခြံစည်းရိုးများမှာ ဝါးလုံးကြီးများဖြင့် ထူထပ်စွာ ဆောက်လုပ်ထားသော ခံတပ်ကြီး သဖွယ်ခိုင်လုံသည့် အကာအရံတစ်ခုဖြစ်သည်ဟု သမိုင်းကဆိုသည်။ ခြံစည်းရိုးထိုးကြပုံမှာ အမြင့်(၈)တောင် ရှိပြီး အပေါ်ထက်မှာ အချွန်၊ ဝါးခြမ်းပြား အစိတ်ကို အဖျား၊အရင်း အချွန်ထားကာ၊အချွန် သည်အပြင်ဘက် ဟ ပြီး ခြံစည်းရိုးဝိုင်းကြီးကို ကာရံထိုးပါသည်။ ထိုခေတ်ကာလသည် တိုင်းပြည်မငြိမ်မသက်ဖြစ်နေရကား ဘုရင်စနစ် သူရဲကောင်းစနစ် ကျင်းသုံးကာ တစ်ပါးနှင့် တစ်ပါး တိုင်းပြည် နေရာလုနေကြသည် ဟုမှတ်ယူနိုင်သည်။ တစ်ပါးနှင့်တစ်ပါး စစ်တိုက်သည်ကို မြိုဘာသာစကားဖြင့်(ဟိယာရို့)ဟုခေါ်ပါသည်။ မြိုလူမျိုးကို စစ်လာတိုက်သည့် စစ်အမည်မှာ (Hὓm Pok Hie-ဟုန်မ် ပေါက်ဟိယာ၊ Maih Bown Hie-မာမ် ဘင်န်ဟိယာ) ဟူ၍ဖြစ်သည်။ မြိုလူမျိုးတို့၏ စစ်အမည်သည် (Hoi Kong Hie-ဟွေခေါင်ဟိယာ)ဟုခေါ်သည်။ (Hὓm Pok Hie –ဟုန်မ်ပေါက်ဟိယာ) စစ်ရန် ကြောင့် မြို လူမျိုးသူရဲကောင်း ဖြစ်သည့် (ထင်းလောင်း-ဟိယာရန့်) သည်အသတ်ခံခဲ့သည်ဟု ဆိုသည်။ ရှိသမျှသော လူတို့မှာ ထိုခြံစည်းရိုးဝိုင်းတွင်သာ နေကြရ၍ ဝင်ပေါက်တစ်ပေါက် နှင့် ထွက် ပေါက်တစ်ပေါက်သာရှိလေသည်။ ဤခြံစည်းရိုးဝိုင်းကြီးထဲတွင် နေကြသောသူများအနက် မိမိသဘောအလျောက်ဘုရင်မှတစ်ပါး မည်သူမျှ ထွက်၍ သီးခြားရပ်ရွာအိုးအိမ်တည်ဆောက်၍ မနေကြရဘဲ၊ ခြံဝိုင်းကြီးထဲမှာပင် အချိန်အကန့်အသတ်မရှိ နေကြရပေသည်။ ထိုသို့ ခြံဝိုင်းကြီးထဲတွင် နေထိုင်ကြရသော သူများကို ယင်းတို့ဘာသာစကားဖြင့် မရုပ်နေဘရီးကအဲဒတ်ဟုခေါ်ကြသည်။ သို့သော် ဤ တစ်သောင်းမျှသော လူစုလူဝေးကြီးတစ်ခုလုံး၏ စားသောက်သွားလာနေထိုင်မှု ကိစ္စ မှာ အလွန်ကြီးကျယ်သောကြောင့် စစ်ပြေးချိန်မှတစ်ပါး အမြဲတမ်းတစ်သမတ်တည်း တစ်သောင်း လုံးစုဝေး၍ နေထိုင်ရေးမှာ မလွယ်ကူတော့ပေ ။ အုပ်ချုပ်သူဘုရင်အနေဖြင့်လည်း ထိုသူတို့၏ ရိက္ခာဖုံလုံရေးတာဝန်ကိုယူရသည်မှာမသေးငယ်လှပေ။ ထို့ကြောင့် ဘုရင်သည် မိမိအုပ်စုကြီးအားကစ္ဆပနဒီ မြစ်ဖျား အရပ်ရှိ စိမ်းလန်းစိုပြည်၍ အသီးအနံ ဖြစ်ထွန်းမည့်နေရာ ဒေသအသီးသီးသို့ ခြံဝိုင်းကြီးမှ ခွဲထွက်စေပြီး နေရာသီးခြားပြုကာ နေထိုင်ခွင့်ပေးလေသည်။ ဘုရင်၏ အမိန့်တော်အရခြံစည်းရိုးအတွင်းမှ သီး ခြားအုပ်စုခွဲအဖြစ် နေထိုင်ရန်ထွက်လာသူကို မရူ မရုပ်ဟူသော အခေါ်မှ မရို ဟု ပြောင်းလဲ လာခဲ့ပေသည်။ မရို ဟူသော အသုံးအနှုန်းမျသည် ယခုအခါ တွင် မြို ဟူ၍ ပြောင်းလဲ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ မြို တို့သည် ဥဒလင်း၊ မီးချောင်း၊ကလပ်ချောင်း၊ စသည့် ဒေသများတွင် အုပ်စုခွဲကာ နေထိုင်ကြလေသည်။ ထို့ကြောင့် မြို သို့မဟုတ် ခြံစည်းရိုးအတွင်းမှ လူသားများသည် အာသမ်နယ်ဘက်မှ ဆင်းသက်လာပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရခိုပြည်နယ်၊ ကဇ္ဈပနဒီ မြစ်ဝှမ်းဒေသ၌ အထင်အရှားရှိနေပြီး ဖြစ်ကြောင်း ပါးစပ်ရာဇဝင် များအရလေ့လာ သိရှိရပေသည်။။ အနောက်မဇ္ဈိမမှ စစ် ဘေးဒဏ်ကြောင့် မြို တို့သည် ဟိမဝန္တာတောင်ခြေများကို ဖြတ်ကျော်လျက် တိဗက်ကုန်းပြင်မြင့်သို့ ရောက်ရှိခဲ့ကြသည်ဟု ရှေးဘိုးဘေး၊ ဘီဘင်တို့၏ နှုတ်ဆင့်ကမ်းစကားအရလည်းကောင်း၊ မြို ဘာသာ စကား၊ တေးလင်္ကာပုံပြင်၊ ဝတ္ထုအရလည်းကောင်း သိရသည်။ တိဗက်မှတစ်ဆင့် အာသံ၊ မဏိပူရသို့ ရောက်ရှိလာခဲ့ကြပြီး နောက်တစ်ဖန် ယင်း အာသံမဏိပူရမှ တစ်ဆင့် ခြေဦးတည့်ရာသွားကြပြန်ရာ ယခု ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ အရှေ့ဘက် (၁၀) မိုင်ကျော်ခန့်အကွာ မြို ဘာသာစကားဖြင့် ကိမ္မာ ခေါ်ဆိုသည့် ကျောက်ပန်းတောင်နှင့် နီလာပန်းတောင်သို့ ရောက်ရှိ အခြေချနေထိုင်ခဲ့ ကြ သည်။ တဖန် ၁၄ ရာစု နှင့် ၁၇ရာစုကြားကာလတွင် မြို လူမျိုးများကို ခူမီး လူမျိုးတို့က တိုက်ခိုက်၍ လည်းကောင်း၊ နိုင်ငံရေး မတည်ငြိမ်မှု လည်းကောင်း စစ်တကောင်းတောင်တန်း ‌‌‌‌‌ဒေသ ဘန်ဒရာဘင်(Bandarban )၊ အိန္ဒိယနယ်စပ် ဘဂ်ါ (Bengal ) နှင့် အရှေ့ ပါကီစတန် အထိ ပျံ့ နှံ့ ရောက်ရှိသည်။ ယခုတိုင် ၎င်း နေရာများတွင်နေထိုင်ကြသည်။ အချို့ တို့သည် ပီချောင်း၊ မီးချောင်း၊ ကုလာတန်မြစ်ကြော မှ ယင်းမှတစ်ဆင့် အချို့သည် ကစ္ဆပနဒီ(ကုလားတန်မြစ်)၏ အထက်အောက်နှင့် လေးမြို့မြစ်တစ်လျှောက် ပျံ့နှံ့စွာ ဆင်းသက်နေထိုင်ခဲ့ကြသည်။ ရှေးလူကြီး သူမတို့၏ ပြောစကားအရ မြို သည် တောရိုင်းတိရစ္ဆာန်ရန်မှလည်းကောင်း၊ ဟိယာဟုခေါ်သော စစ်ရန်မှလည်းကောင်း ကာကွယ်ရန် ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကာရံလျက် နေထိုင်ကြသည်ဟုဆိုသည်။ ယင်းသို့ ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကျားရဲ တိရစ္ဆာန်တို့၏ ဘေးရန်မှ ကာကွယ်နေထိုင်ခြင်းကို ရှေးပညာရှိများက မြို ဘာသာစကား၊ ခြံစည်းရိုး အခေါ်အဝေါ် မြို ကို အခြေပြုပြီး ခြံစည်းရိုးအတွင်းနေထိုင်လူ(လူမျိုး) မြိုလူမျိုးဟု သမိုင်းမှတ် တမ်း များ တင်ခဲ့ကြသည်။[]

သမိုင်း

[ပြင်ဆင်ရန်]

မြိုးတိုင်းရင်းသားလူမျိုးများ' ရခိုင်ဒေသသို့စတင်အခြေချမှုနှင့်ပတ်သက်၍ ရခိုင်သမိုင်းများတွင် လည်းခြေ ရာကောက်ယူနိုင်သည်။ ကစၦပန ဒီမြစ် ဝှမ်းဒေသသို့ ရခိုင်လူမျိုးများ မြောက်ဘက်မှ ဝင် ရောက်လာရာ မြိုတို့သည် အဆိုပါဒေသတွင်ရှိနှင့်နေပြီးဖြစ်ကြောင်း၊ပထမဓညဝတီကို တည် ထောင်ကာ ရခိုင်မင်းဆက်ကို တည်ထောင်ခဲ့သော သူရဲကောင်း မရယုမင်း သည် "မြို"အကြီး အကဲတစ်ဦး ၏သမီး မပိန်နှင့် လက်ထပ်ထိမ်း မြား ခဲ့ကြောင်း၊ ထို့နောက် "မြို"လူမျိုးတို့နှင့် ပူးပေါင်းကာ ထိုစဉ်က ကစၦပနဒီ မြစ်ဝှမ်းတစ်ဝိုက် မင်းမှုဆိုး သွမ်းနေကြသော ဘီလူးများကို တိုက် ခိုက် အောင်မြင်ခဲ့ကြောင်း ရခိုင် သမိုင်းများက ဆိုသည်။[] ထိုအ ကြောင်းကို အဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်းအပိုဒ်(၆) တွင် 'မာရယုလျှင်၊ ဘဖြူမြိုထီး၊ သင်းကြီးအောင်လာ၊ သည်းချာဒေဝီ၊ သမီးဘီနှင့် ယှဉ်မှီတကွ' ဟူ၍ စပ် ဆိုထားသည် ရခိုင်မဟာမုနိဘုရားသမိုင်းစာအုပ်တွင် 'မာရယုသည် စွမ်း ရည်သတ္တိနှင့် ပြည့်စုံသည်ဖြစ်၍ မြိုလူမျိုးခေါင်းဆောင်ရအောင်လာ၏ သမီးနှင့်လက် ထပ်သည်' ဟုဖော်ပြထားသည် ။[]ဤ အဖြစ်အပျက်ကို နှောင်း ပိုင်းသုတေသီတို့က ခရစ်နှစ်အဖြစ် နန်းစဉ် နန်းဆက် သမိုင်းပြု၍ ဖော်ပြရာ ဘီစီ-၃၃၂၅ သည် မာရယု၏ နန်းတက်နှစ်ပင်ဖြစ်သည်။ သို့ဖြစ်၍ ရခိုင် သမိုင်းဦး ကာလကပင် ရခိုင် ပြည်နယ်၌ "မြို"တိုင်းရင်းသားတို့ရှိနှင့်ပြီဖြစ်ကြောင်း ယေဘုယျ မှတ်ချက် ယူနိုင်သည်။ မြိုတို့သည် ရခိုင်နှင့်အတူ တကွ နေထိုင်လာခဲ့ကြရာ ဝေသာလီခေတ်ကုန်ခါနီးတွင် မြို လူမျိုးသုံး ဦးဘုရင် ဖြစ်လာ ခဲ့သော သမိုင်းကြောင်းသည် ရခိုင်ရာဇဝင်တွင် ထင်ရှားခဲ့ပါ သည။ ဝေသာလီကျောက် လှေကားခေတ်တွင် စူဠစန္ဒားမင်းနတ်ရွာစံပြီးနောက် မင်းဆက်ပြတ်ခဲ့ရာ စန္ဒာဒေဝီမိဘုရားသည် ဘုရင်ကြီးမှာ ခဲ့အတိုင်း မိမိလက်စွပ်ဖြင့်တန်သူကို ရှာဖွေခဲ့ရာ မတွေ့ရ၍ချောင်းဖျား၊မြောင်းဖျား၊တောတောင်အနှံ့အပြားရှာ ဖွေစေသည်။ ထိုအခါအဆင်း၊ခွန်အား၊စွမ်း အားဖြင့်ပြည့်စုံသောမြိုလူမျိုးသုံးဦးဖြစ်သည့် အမြတူ၊ အမြကူ၊ပဲဖြူ တို့နှင့် လက်စွပ်တန်သည်ဖြစ်၍ဝေသာလီမြိ့တော်သို့ခေါ်ယူခဲ့သည်။ []ယင်း နောက်အစ်ကိုကြီး အမြကူကို အိမ်ရှေ့အရာအပ်နှင်းကာ သားဖြစ်သူပဲဖြူကို မြောက်ဦးမြို့အားစားစေသည်။ ထိုအကြောင်းကို ရခိုင်မင်း သမီး ဧချင်းအပိုဒ်(၁၄)တွင် 'မြိုတွင် ထင်ရှား၊ သင်းကြီးသားလျှင်၊ ရည်သွားလုံးရပ်၊ စည်းကြပ်ကျစ်ကြော၊ ချောမောဆင်းရောင်၊ ညီနောင်သားဘ သုံးယောက်ရ၍၊ အစတည်တုံ၊ အမြတူနှင့်၊ တူစုံသားမောင်၊ထီးနန်းဆောင်၍ နောင်တလစ်မှု၊ သားပဲဖြူနှင့်၊ ရိပ်ဖြူဆောင်းချုပ်၊ ပြည်ရွာအုပ်လျက်' ဟုမှတ်တမ်းတင်ခဲ့သည်။[၆] ပဲဖြူမင်း မြောက်ဦးမြို့တည်၍နေစဉ် မြောက်ဘက်မှ မွန်ဂိုလီယံများ ဝင်ရောက်တိုက်ခိုက်၍ပျက်စီးသည်ကို 'တုံလှုပ်မစွမ်း၊ ခဲ့ယိုယွင်းတွင် ရှမ်းလိမ်းဘုန်းရှင်၊ သိုခင်ဘွားကြီး၊ တောင်ရိုးစီး၍ဖျက်ဆီးလေသော၊ တို့ရွာတစ်ကြိမ်၊ မင်းမဲ့တိမ်သည်' ဟူ၍ ရခိုင် မင်းသမီးဧချင်းအပိုဒ်(၁၄)၌ပင်ဖော်ပြထားသည်။ ရခိုင်ဘုရင်ကောလိယမင်း၏သားတော်ဿရာဇာလက်ထက်တွင်ပျောက်ဆုံးနေသော မဟာ မြတ်မုနိရုပ်ပွားတော်ကြီးအား အမတ်ကြီးလကျၤာကို ဆုလာဘ်ပေး၍ ရှာဖွေစေသည်။ နောက်ဆုံးတွင်ချောင်းဖျား၊ မြောင်းဖျား၊ တောနားတောင်နားတွင် နေထိုင်စားသောက်ကြသော မြိုလူမျိုးရ ဟောင်လာနှင့် အပေါင်လာညီအစ်ကို နှစ်ဦး၏ အကူအညီ လမ်း ညွန်မှုဖြင့် မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးကို ချောင်းဖျားငယ်တစ်ခုတွင် လည်တော်တိုင် မြေဖုံး၍ တွေ့ရသည် ဟုဆိုသည်။[] ယင်းအကြောင်းကို ရခိုင်မင်းသမီးဧချင်းအပိုဒ်(၁၉)တွင် 'ကောလိယမင်း၊ အ ရင်းသည်းခြာ၊ ဿရာလျှင်၊ မဟာမုနိ၊ ရှိသည့်အကြောင်း၊ ပေါင်လောင်မြို့ထီး၊ သင်းကြီးညွန်ပြ'ဟူ၍ ဖော်ပြထားသည်။ သို့ဖြစ်၍ ရခိုင်သမိုင်းများ၏ အဆိုအရ တစ်နည်းနည်းဖြင့် ရခိုင်ဒေသသို့ ရောက် ရှိခဲ့မည် ဖြစ်သော "မြို"တိုင်းရင်းသားများသည် ရခိုင်ပြည်မြောက်ပိုင်း ကစ္ဆပနဒီ နှင့် လေးမြို့မြစ် ဝှမ်းသို့ တစ်သုတ် ပြီးတစ်သုတ် အခြေချခဲ့ကြောင်း တွေ့ရှိရသည်။ ထိုကစ္စပနဒီနှင့်လေးမြို့မြစ်ဝှမ်းသို့ အခြေချလာပုံနှင့်ပတ်သက်၍ ဤသို့ဆိုသည် BC-၃၃၀၀ ကျော်က အဆိုပါ မြိုလူမျိုးများသည် အိန္ဒိယတောင် တန်းအရပ်ဒေသနှင့်တရုတ်ပြည် ယူနန်အရပ်ဒေသတွင်နေထိုင်ခဲ့လေ၏။ ထိုအရပ်ဒေသမှ တစ်ဆင့် ကစ္စပနဒီ (မြိုဘာသာခေါ်ယာမ်မာစေ) လေးမြို့မြစ် နှင့်ကုလာတန်မြစ် ဝှမ်းပီချောင်း၊ မီးချောင်း အရပ်ဒေသ၌အခြေချ လာရာထိုအရပ်၌ပင်ရခိုင်တိုင်းရင်းသားများနှင့် ရင်းနှီးစွာနေထိုင်ရင်း ရခိုင် မင်းဆက်သုံးဆက်မျှ အုပ်စိုးခဲ့ကြသည်။" ၁၉၄၃၊ စစ်အတွင်းကမြန်မာနိုင်ငံအစိုးရက ဆင်းလား မြို့တွင် ပုံနှိပ်ထုတ်ဝေခဲ့သော မြန်မာနိုင်ငံလက်စွဲစာအုပ်တွင် ချင်းအမျိုးအနွယ်ဝင် 'မြို'တိုင်းရင်းသားတို့ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာပုံနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြခဲ့ပသည်။ တိဗက်-မြန်မာ မျိုးနွယ်အုပ်စုသည် သုံးစုခွဲ၍ လမ်းကြောင်းဖြင့်တောင်ဘက်သို့ ဆင်းလာခဲ့ရာ ဧရာဝတီ မြစ်ဖျား ခံရာ အရပ်ဒေသများမှဖြတ်ကျော်ခဲ့ကြသည်။ ထိုနေရာမှချင်းအမျိုးသား တို့သည် အနောက်ဘက် တောင်တန်းများသို့ တက်ခဲ့ကြလေသည်။ ဆင်းသက်လာသောသုံးစု အနက်အများစုတွင် မြန်မာနှင့် ရှေး မြန်မာများပါဝင်သည်။ တောင်ဘက်သို့ဆက်၍ ဆင်းသက်လာရင်း လမ်း တစ်လျှောက်တွင် အချို့က အတည်တကျစွဲမြဲနေထိုင်ရစ်ကြရာ မြန်မာပြည်မြောက်ပိုင်းနေ မျိုးနွယ်စုများဖြစ်သွားကြသည်။ ရခိုင် ရိုးမတောင်တန်းများ၌ နေကြသော ချင်း၊ ဒိုင်းနက်၊ မြို၊ တောင်သား၊ ခမီးတို့သည်လည်း တိဗက်မြန်မာအုပ်စုဝင်များဖြစ်ကြသည်။ ချင်း၊ ကချင်နှင့် မျိုးနွယ်ချင်းဆက်စပ်သော နာဂတို့သည် မြန်မာနိုင်ငံ မြောက်ဘက် တောင်တန်းများ၊ ဟူးကောင်းတောင်ကြားနှင့် ချင်းတွင်းမြစ်အနောက်ဘက်တို့တွင် နေထိုင်ကြသည်ဟုရေးသားထားသည်။ ထို့အပြင် ရခိုင်ရာဇဝင်ကျမ်းများဖြစ်ကြသည့် ရခိုင်မဟာရာ ဇဝင်တော်ကြီး ဓညဝတီရာဇဝင်သစ် မရယုနှင့် ဗေဒါရှင်းတမ်း စသည့်ကျမ်းကန်များတွင်လည်းကောင်း၊တချို့သောစာအုပ်စာပေများတွင်လည်းကောင်း၊ မြိုလူမျိုးကိုရေးသားကြရာတွင်မြိုဟူသောဝေါဟာရ အပြင် မြိုဟူ၍လည်းကောင်း မြုန်"ဟူ၍လည်းကောင်း "မြို့"ဟူ၍လည်းကောင်း မှုကွဲစာလုံးပေါင်းဖြင့်ရေးသားထားသည်။ မြို၊ မြုန်၊ မြုမ်၊ မြူ၊ မြို့ဟူသော အရေးအသားသည် "မြို"လူမျိုးတစ်မျိုးကိုပင်ရေးသားထားဟုမှတ်ယူနိုင်သည်။ အိန္ဒိယလူမျိုးများက မြိုလူမျိုးများကို "မြုံဂျာ"ဟုခေါ်ဝေါ်နေကြသည်။ မှုလ "မြူ" "မရု"စကားလုံးကို ရခိုင် တိုင်းရင်းသားတို့က "မြို" ဟုခေါ်ပြီး ဗမာတိုင်းရင်းသား တို့ကမှု "မြို"ကို "မျို"အသံထွက်သည်။[] မြို လူမျိုးကို တစ်ခြားတိုင်းသားများက သူ့လျာသံနှင့်မည်သို့ပင်ခေါ်စေကာမှု မိမိကိုယ်ကို "မြူ""မရု"ဟု ယနေ့တိုင်ခေါ်ဝေါ် ကြသည်။ မြိုတိုင်းရင်းသားလူမျိုးများမှာ မှုလ "မြူ"နာမည် []ရှိသလို ရခိုင်လူမျိုး၊ ဗမာလူမျိုး စသည့်တိုင်းရင်းတို့မှာလည်း"Burma ဘာမာ"ဟုတွေ့ရပြီး၊ရခိုင်တိုင်းရင်းသားတို့မှာလည်း"Arakan အာရကန်"ဟုတွေ့ရသည်။ မြိုတိုင်းရင်းသားတို့သည် မိမိကိုယ်ကိုယ် "မြူ"ဟူ၍အပြင် "မြိုစာ Mro-cha"ဟူ၍၊ မရိုစာ Mo-roo-sa ဟူ၍လည်းခေါ်ပါသည်။ []"မြူ"အသုံးနုန်း သည် အများဆိုင် 'နာမ်'ကိုလည်းသုံးပါသည်"မြိုစာ"အသုံးနုန်းသည်မိမိကိုယ် ကိုယ်စားပြုပါသည်။ ထို့အပြင် "မရိုစာ Mro-cha"ဟူ၍လည်းကောင်း၊ "မရုစာ Mru- chaဟူ၍ လည်းကောင်းခေါ်ဆို သည်။ လူလူသားဟု အဓိပ္ပာယ်ရသည်။

ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာစကား

[ပြင်ဆင်ရန်]

မြိုတိုင်းရင်းသား လူမျိုးများသည် ယခင် ယခင် ကဆိုလျှင် နတ်ဘာသာ ကို ကိုးကွယ်ယုံကြည်ကြသည်။ ယင်းတို့မှာ ဘုရား (သုံး)ပါး ကို ကိုးကွယ် ယုံကြည်ကြောင်း THE BRITISH BURMA GAZETTEER IN TWO VOLUMES. VOL. II PRINTED AT THE GOVERNMENT PRESS. 1879: Rangoon, စာမျက်နှာ -၄၂၅ တွင် ဤသို့ ဖော်ပြသည် "They have Three gods , Too-ra-ee, the the father, Tsoon-toon, the nat of the hills and Oo-rengs, the nat of the streams" by (Sir, Arthur Phayre)" ယင်းတို့မှာ ဘုရား သုံးပါး ရှိသည် ထူရိုင်းဘုရား -Too-ra-ee , ဆုန်တောမ်း နတ်-Tsoon-toon,နှင့် အော်နှာမ့်နတ် - Oo-rengs ဟူ၍ ဖော်ပြထားသည်။ မြိုတို့ ဘာသာစကားဖြင့် စက်ြာဝဌာ တစ်ခုလုံးကို အုပ်စိုးသော ဘုရား ကို "ထူရိုင်း"(သို့)"ထိုရိုင်း" ဟု ခေါ်ဆိုသည်။ တောင် စောင့်နတ် ကို ကား " "ဆုန်တောင်မ့်" (သို့) "ဆုန်နှာမ့်" ဟုခေါ်၍ ချောင်းစောင့်နတ် ကိုမူ "အော်နှာမ့်" ဟုခေါ်ဆိုသည်။ "ထူရိုင်း "ဘုရားသည် ဘုရားတကာတို့ထက် ကြီးမားသည် ကောင်းကင်ဘုံမှာ နေသည်ဟု ယုံ ကြည်ကြသည်။ "ဆုန်တောမ်း" (သို့) "ဆုန်နှာမ့်" နတ်ဘုရားသည် ကုန်းမြေကို အုပ်စိုး၍ ကုန်းမြေရှိသမျှအရပ်ရပ်တွင် ရှိသည်ဟု ယုံကြည်သည်။ "အော်နှာမ့်" နတ် ဘုရားသည် မြစ်၊ချောင်း၊ အင်းအိုင်၊ ပင်လယ်သမုတ္တရာ တို့ကို အုပ်စိုး၍ ရေရှိသော အရပ်ရပ်တွင် ရှိသည်ဟု ယုံကြည်ကြသည်။ တဖန် ၁-၁၁-၁၉၇၀-ခုနှစ် ထုတ် ရှုဒေါင့်ဂျာနယ် စာမျက်နှာ (၃၅) တွင်ပါရှိသော ဆောင်းပါး တွင်လည်း မြိုတို့ ကိုးကွယ်ယုံကြည်မှုအကြောင်းကို " လောကတခုလုံး၌ ရှိသော စုန်းနတ်များကို အုပ်ချုပ်သည့် "ထိုရိုင်း" အမည်ရှိနတ်မင်းကြီးသည် ကောင်းကင်ဘုံတွင်နေသည်" ဟူ၍ဖော်ပြထားသည်။ ပြီးနောက် မှ ဗုဒ္ဒဘာသာ ​ထွန်းကားလားလာပြီး ထေရဝါဒ ဗုဒ္ဒဘာသာ ကို ကိုးကွယ် ယုံကြည်လာကြသည်။ ၁၉၈၀ ခုနှစ် မှ မြို တိုင်းရင်းသားလူမျိုးများ ဘာသာ ကိုးကွယ် ယုံကြည်မှု ကို လေ့ လာကြည့်သော်

နတ်ကိုးကွယ်ယုံကြည်မှု

ဗုဒ္ဒဘာသာ

ခရစ်ယာန်ဘာသာ

မြိုကရာမာ ဘာသာ

ဟိန္ဒူဘာသာ- စသည်တို့ကို နေရာဒေသ အပေါ် မှုတည်ပြီး ကိုးကွယ် ယုံကြည်ပါသည်။ ဗုဒ္ဒဘာသာ သာသနာ ရောက်သည့်ဒေသတွင် ဗုဒ္ဒဘာသာ ကို ကိုးကွယ်ယုံကြည်ကြသည်။ ခရစ်ယာန် ဘာသာ သာသနာထိုးဖောက်သည့်ဒေသတွင် ခရစ်ယာန်ဘာသာကို ကိုးကွယ် ယုံကြည်ကြသည်။ ကရာမာ ဘာသာ ပေါ်ပေါက်လာချိန်မှာ ကရာမာ ဘာသာ ကို ကိုးကွယ် ယုံကြည်ကြသည်။ ဟိန္ဒူ ဒေသတွင် နေ ထိုင်သူများသည် ဟိန္ဒူဘာသာ ကို ကိုး ကွယ် ယုံကြည်ကြသည်။ ဘယ်ဘာသာ ရပ်မှမရာက်သည့်တောတောင် အရပ်ဒေသ တွင်ကား စုန်း၊နတ်ဘာသာ ကို ကိုးကွယ် ယုံကြသည်။ ဟိန္ဒူဘာသာ ကိုး ကွယ် ယုံ ကြည် သူများသည် အိန္ဒိယ အရပ်ဒေသ တွင်နေထိုင်သူများဖြစ်သည်။ လောကတစ်ခုလုံး၌ရှိသော စုန်း၊နတ်များ ကို အုပ်ချုပ်သည့် "ထိုရိုင်း"အမည်ရှိ နတ်မင်းကြီး (ဘုရား)သည် ကောင်းကင် ဘုံတွင် နေသည်။ ၎င်းနတ်မင်းကြီး (ဘုရား)သည် ၎င်းတို့အား ကောင်းကျိုး၊ဆိုးကျိုးကို ပေးစွန်းနိုင်သည်ဟူ၍ ယုံကြ်ကြသည်။[၁၀] မြိုလူမျိုးဘာသာစကားတို့တွင် နေရာ ဒေသ နှင့် လိုက်၍ ဘာသာ စကား အ နည်းငယ် ကွဲပြားမှု ရှိပြီး ၎င်းကို (၆)အုပ်စု အနေဖြင့် ခွဲခြားနိုင်သည်။ ၎င်းတို့မှာ ရိုင်းမာ၊ နောက်ဆာ၊ဒိုမ်ရောင်၊ နောက်ကော့၊ ဆုန်မာနှင့် တင်ဆာ ဟူ၍ ဖြစ်သည်။ မျိုးနွယ်စုကြားတွင် နောက်ဆာစကား သည် တင်ဆာ စကားနှင့်အများဆုးံတူညီသည် အပြော များဆုံး ဖြစ်သည်။ မြို တို့တွင် ကြာမာကိုယ်ပိုင်စာပေ ရှိသည်။ လာတင်အက္ခရာနှင့်ဆင်တူသည် သည်။ မြိုလူမျိုး တို့၏ ဘာသာစကားနှင့် ရိုးရာ ဓလေ့တို့သည် တောင်ပိုင်း ချင်း များနှင့် ပိုမို တူညီမှုများသည်။

မြိုလူမျိုးတို့ဘာသာစကားဆက်နွယ်မှု

[ပြင်ဆင်ရန်]

၂၀၁၁ ခုနှစ်တွင် LSDO အသင်းမှ ဘာသာဗေဒစစ်တမ်းအဖြစ် စကားလုံးများအားကောက်ယူကာ နှိုင်းယှဉ်ခြင်းကိုပြုလုပ်ခဲ့လေ သည်။ ထို့အပြင်မြိုဘာသာစကားအတွင်းမှ ဒေသိယဘာသာစကား(၆) မျိုး ခန့်ကိုလေ့လာကာ အခြားချင်းဘာသာစကားများ နှင့်နှိုင်းယှဉ်လေ့လာခြင်းအားပြုလုပ်လေသည်။ မြို၏ဘာသာဗေဒကုတ်နံပါတ်မှာ ISO 639-3 mro ဖြစ်လေသည်။ ပညာရှင်များက Mo-roo- sa စကား ဟူ၍လည်းကောင်း[၁၁]၊Mro စကားဟူ၍လည်းကောင်း၊Mru စကားဟူ၍လည်းကောင်း[၁၂]G.H.Luce,1986-Phases of Pre-Pagan Burma Languages and History( Volume.II)မှာ Mru Words မြိုဘာသာစကားဝေါဟာရ ၊Toung Mru စကားဟူ၍လည်းကောင်း အရေးအသားခြားနားစွာ ဖော်ပြကြသည်။ မြန်မာနိုင်ငံ LDSO မှ ၂၀၁၁ ခုနှစ်တွင် Mrusa (Buthidaung), Mrusa (Ponnagyun), Mrusa(Maungdaw), Mrusa(Dowpreng-bgldsh-Tauk Para), Mrusa (Sungma-bgldsh-Tuktong Para), Mrusa (Anok-bgldsh-Noa Para) ဟု ကောက်ခံခြင်းပြုကြလေသည်။ ထိုဒေသိယ ဘာသာစကားများ အကြားတွင် တူညီ/ကွဲခြားမှု ၈၁%-၉၅% အကြားရှိသည်ဆိုလေသည်။ မြိုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ Anu(Tuikinalong), ခေါင်ဇိုချင်းHkongso (Lakinwa) ISO 639-3 anl တို့အကြားတွင် ၆၄%-၇၃% အတွင်းတူညီလေသည်။ ယနေ့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ ခမီအုပ်စုဝင်ဘာသာ စကား (ဘာသာဗေဒပညာရှင်များက Ethnologue Language of the World မှတ်တမ်း အရ Mro-Khimi ဟုမှတ်တမ်း တင်ထားပြီး ဘာသာစကားကုတ်နံပါတ်မှာ ISO 639-3 cmr ဖြစ်သည်)များဖြစ်သည့် (Areong, Wakung,Likhy,Xena, Xangtau, Rengsa, Khenlak, Sangtha) ဒေသိယ ဘာသာစကားများနှင့် ၁၃% တူညီမှုရှိသည်။ဤ Mro-Khami သည် ခမီ၊ခူမီး အုပ်စုဝင်များအဖြစ် ပညာရှင်များက ထည့်သွင်းသတ်မှတ်သည်။ မြို,မြူ လူမျိုး ဘာသာစကား၊ ခူမီး (ISO 639-3 cnk) တို့နှင့် ၂၂%-၄၂% အထိတူညီပြန်သည်။ လက်၊ အိမ်၊ဆင်၊ ရေ၊ လေ၊လေး၊ခေါင်း၊ ကျောက် စသည့် ဝေါဟာရ စကားလုံး သည် ချင်း၊ မြို၊ ခမွီး( ခမီ၊ ခူမီး)၊ သက် တို့ ဘာသာ စကား ဆင်တူကြောင့် (Dr.E. Forchhammer, 1882) သူ၏ မှတ်တမ်း Notes on the Languages and Dialects spoken in British Burma ,PP,9 တွင်ဖော်ပြထားသည်။ [၁၃]အခြားချင်း မျိုးနွယ်များနှင့်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ တောင်ဘက်ချင်း အနွယ်ဝင်များအကြားကိုယ်နှိုက်တွင် မြောက်ပိုင်းနှင့်အလယ်ပိုင်းချင်းမျိုးနွယ်စုများထက် ဘာသာစကား ကွာခြားချက်ရာခိုင်နှုန်း မြင့်မားသည်။ (Chin Dialects Lexical Result, 2011,LSDO) အသုံးအနှုန်းများမှာ LSDO ၏အရေးအသားကိုသာတိုက်ရိုက် ဖော်ပြပါသည်။

မြိုအမျိုးကွဲပေါင်း

[ပြင်ဆင်ရန်]

မြိုလူမျိုးတို့တွင် မြိုအမျိုးကွဲပေါင်း(၁၀၀)ကျော်ခန့်ရှိသည်ဟူ၍ အဆိုရှိကြသည်။ သို့သော် ယခုအခါ မြိုအမျိုးကွဲပေါင်း (၅၇) မျိုးခန့်သာ ရှာဖွေတွေ့ရှိရကြေား၊ ယင်းအထဲတွင်လည်း အမှန်တကယ် အား ဖြင့်ရှိနေသော မြိုမျိုးကွဲမှာ (၃၀) ဖြစ်ကြောင်းအဆိုရှိကြသည် ဟု ရှုဒေါင့်ဂျာနယ် (စာမျက်နှာ-၃၅) တွင်ဖော်ပြထားသည်။ ၁၈၇၉-ခုနှစ်က British Burma Gazetteer စာအုပ် (စာမျက်နှာ-၄၂၅ ) တွင် Fifteen clans of Mro named -မြို မျိုးကွဲပေါင်း (၁၅) မျိုးတွေ့ရှိကြောင်း ဖော်ပြထားသည်။[၁၄] ဤစာအုပ်တွင်ဖော် ပြချက်သည် ခမီ သို့မဟုတ် ခူမီး တို့မျိုးကွဲများနှင့် မှားဖော်ပြခြင်းဖြစ်နိုင်ပါသည် အကြောင်းမှာ ပါမော က္ခ‌ဒေါက်တာ Lorenz.G. Loffler ၏ သုတေသနပြု စာအုပ်ကြီးဖြစ်သော " Ethnographic- Notes on the Mru and Khumi of the Chittagong and Arakan Hill Tracts. A Contribution to our knowledge of South and Southeast Asian Indigenous Peolples, mainly based on filed research in the Southern Chittagong Hill tracts.[၁၅] မှာ မြိုလူမျိုးကွဲပေါင်း ၁၀၀ ကျော် အထိဖော်ပြထားကြောင်းဖြစ်ပါသည်။ စာအုပ် စာပေများတွင် ဖော်ပြရေးသားချက်များသည် သုတေသနပြုသူများ၊ သမိုင်းဆရာတို့က လက်လှမ်းမီ သည်အထိသာ ရေးသားပြုစုကြသည်ကြောင့် အကြောင်းအရာအမျိုးမျိုး ဖြစ်ပေါလာ ခြင်းဖြစ်ပေမည်။ မိမိ ကိုယ်၌ပင် ယခုတိုင်တိတိကျကျ ဖော်ပြရန်မလွယ်ကူပေ။ မြိုလူမျိုးသည် လူဦး‌ရေနည်းသလောက် မျိုးကွဲများပြားသည်။ ယခုအခါ မိမိလက်လှမ်းမှီသမျှလေ့လာရာတွင် မြိုမျိုးကွဲများ (၈၃) မျိုးကိုသာ ရှာဖွေလေ့လာ တွေ့ရှိသည်။ ၎င်းတို့မှာ-၁။ ပလောင်ဒို ၂။ တင်မ်တူ ၃။ ဆွေ၄။ ဆာမ်လာမ်၅။ ပြန့်စာ ၆။ ဆင်ကာလ်စာ ၇။ ဘွေမာ ၈။ သရိကလောင် ၉။ ခွာ ၁၀။ အာလှာမ် ၁၁။ ဒန် ၁၂။ ကုံမ့်စာ ၁၃။ ဒိန်တင့် ၁၄။ ဘွေတိန် ၁၅။ မာလှာမ်မာ ၁၆။ နိုနှာမ် ၁၇။ နိုလှာမ် ၁၈။ ကုမ့်စာ ၁၉။ ပေးနှာမ့် ၂၀။ ပြန်မ်ဆင် ၂၁။ ခိုင်စာ ၂၂။ ဆင်ရိုးစာ ၂၃။ ကြောင်ဝေ့စာ ၂၄။ ပေါင့်စာ ၂၅။ ငါ့မာ ၂၆ ။ ဟန်းလာ့ ၂၇။ ယောမ့်ရဲ့ ၂၈။ ပက်တိယာ ၂၉။ ဆင်ပြော့စာ ၃၀။ လန်းပြွေစာ ၃၁။ ရွေ့စာ ၃၂။ မရာစာ ၃၃။ ဖလောင် ၃၄။ တာမ်ဆင် ၃၅။ ရဟစာ့ ၃၆။ တိန်မ်ကမ် ၃၇။ မင့်စာနှာမ် ၃၈။ နာမ့်သရှိန်း ၃၉။ နာမ့်ဆစာ ၄၀ ။ ဟွာမာ ၄၁။ ပုလ်စာမ့် ၄၂။ ရုံမ်ထူတင့် ၄၃။ ပေါင်မိတင့် ၄၄။ မေ့မတင့် ၄၅။ ရန့်လိပ်ဖ်စာ ၄၆။ ခုံမ်စာ ၄၇။ ရန်မိတ်စာ ၄၈။ လင့်စားတင့် ၄၉။ တောင်န် တင့် ၅၀။ ယာမ့်မာတင့် သို့မဟုတ် ယာမ်မာဆောင်အိုင်မ်းတင့် ၅၁။ တာမ်ဆာ ၅၂။ ရိုမ်စာ ၅၃။လိင်မ် ကန့်စာ ၅၄။ ရပေါစာ ၅၅။ ရုံမ်ထူ ၅၆။ ငါ့ရွာ့ ၅၇။ နာမ့်ဖန်ဒန် ၅၈။ အွေထနိ့ဒန် ၅၉။ စတုဒန် ၆၀။ ရောင့်ဒိမ့် ၆၁။ ဒက်ဒိမ့် ၆၂။ နှာမ်ဒေါင့်မ် ၆၃။ ပလက်ဆင် ၆၄။ ဝင့်ကို ၆၅။ ဒန်ပရာမ့်နှာမ့် ၆၆။ ကွိုင်စင့်မ် ၆၇။ ရန်စာ ၆၈။ အောမ်စာမ့် ၆၉။ ဆာရမ်စာ ၇၀။ စတု ၇၁။ တိန်စာ ၇၂။ ရန်တိန်စာ ၇၃။ နှာမ်ဒင်စာ ၇၄။ ပက်ဆရွမာ ၇၅။ ကြောင်ထော်စာ ၇၆။ တိန်မာ ၇၇။ မရာမ် ၇၈။ ပေါင်မိ ၇၉။ တောင်ဝ ၈၀။ စီတုန့်မာ ၈၁။ ရန့်ဖာလ်စာ ၈၂။ ပေါ်ကြောင်စာ ၈၃။ ကွီဆန့်စာ တို့ ကို လက်တလောလေ့လာတွေ့ရှိထားပါသည်။

မြိုအက္ခရာ | မြိုရောမအက္ခရာ | မြန်မာအက္ခရာ
𖩡 𖩐𖩍𖩖𖩒𖩝𖩁 𖩅𖩖𖩑𖩁 1 Pawng down ပလောင်ဒို
𖩢 𖩀𖩆𖩎 𖩀𖩑 2 Tamtu တာမ်တူ
𖩣 𖩔𖩑𖩊 3 Sui ဆွေ
𖩤 𖩔𖩆𖩎 𖩍𖩘𖩎 4 Sam Lem ဆာမ်လာမ်
𖩥 𖩐𖩓𖩘𖩏 𖩋𖩖 5 Pren cha ပြန့်စာ
𖩦 𖩔𖩆𖩁 𖩌𖩆𖩓 𖩋𖩖 6 Sankar cha ဆင်ကာလ်စာ
𖩧 𖩄𖩒𖩊 𖩎𖩆 7 Bawi ma ဘွေမာ
𖩨 𖩉𖩘𖩓 𖩌𖩍𖩒𖩁 8 Helklawng ဟြိကလောင်
𖩩 𖩈𖩒𖩗 9 Khuai ကွဇ်
𖩡𖩠 𖩆 𖩒𖩆𖩗 10 Alaou ၁၀ အလှာမ်
𖩡𖩡 𖩅𖩆𖩁 11 Den ၁၁ ဒန်
𖩡𖩢 𖩈𖩖𖩎 𖩋𖩖 12 Küm cha ၁၂ ခုမ်စာ
𖩡𖩣 𖩅𖩊𖩁 𖩀𖩆𖩁 13 Ding tang ၁၃ ဒိန်တင့်
𖩡𖩤 𖩄𖩒𖩊 𖩀𖩊𖩁 14 Bawi tin ၁၄ ဘွေတိန်
𖩡𖩥 𖩎𖩒𖩆𖩗 𖩎𖩆 15 Ma laua ma ၁၅ မလှာမ်မာ
𖩢𖩦 𖩏𖩑𖩁 𖩏𖩆𖩗 16 Nowng nau ၁၆ နို့နှာမ်း
𖩢𖩧 𖩏𖩖𖩁 𖩍𖩆𖩊 17 Nowng lai ၁၇ နို့လှာမ်
𖩢𖩨 𖩌𖩑𖩎 𖩋𖩖 18 Kumcha ၁၈ ကုမ့်စာ
𖩡𖩩 𖩐𖩘 𖩏𖩆𖩗 19 Pe nau ၁၉ ပေ့နှာမ့်
𖩢𖩠 𖩐𖩓𖩘𖩎 𖩔𖩆𖩁 20 Phren sang ၂၀ ပြန်မ်ဆင်
𖩢𖩡 𖩈𖩘𖩁 𖩋𖩖 21 Khin cha ၂၁ ခိုင်စာ
𖩢𖩢 𖩔𖩆𖩁 𖩓𖩑𖩖 𖩋𖩖 22 Sang rü cha ၂၂ ဆင်ရို့စာ
𖩢𖩣 𖩌𖩓𖩝𖩁 𖩗𖩖𖩊 𖩋𖩖 23 Krawng uai cha ၂၃ ကြောင်ဝေ့စာ
𖩢𖩤 𖩐𖩒𖩏 𖩋𖩖 24 Pawn cha ၂၄ ပေါင့်စာ
𖩢𖩥 𖩁𖩆 𖩎𖩖 25 Nga ma ၂၅ င မာ
𖩢𖩦 𖩉𖩘𖩁 𖩍𖩆 26 Hlen la ၂၆ ဟန်းလာ့
𖩢𖩧 𖩂𖩝𖩎 𖩓𖩘 27 Jawm re ၂၇ ယောင့်မ်ရဲ
𖩢𖩨 𖩐𖩆𖩌 𖩀𖩘𖩂 28 Pak tai ၂၈ ပက်တိယာ
𖩢𖩩 𖩔𖩆𖩁 𖩆𖩓𖩖 𖩋𖩖 29 Sang phro cha ၂၉ ဆင်ပြောစာ
𖩣𖩠 𖩒𖩘𖩁 𖩐𖩓𖩊 𖩋𖩖 30 Hleng phrui cha ၃၀ လိုင်းပြွေစာ
𖩣𖩡 𖩓𖩑𖩊 𖩋𖩖 31 Rui cha ၃၁ ရွေ့စာ
𖩣𖩢 𖩎𖩓𖩆𖩏 𖩋𖩖 32 Mara cha ၃၂ မရာစာ
𖩣𖩣 𖩇𖩖 𖩍𖩒𖩁 33 Pha lawng ၃၃ ဖလောင်
𖩣𖩤 𖩀𖩒𖩊 𖩔𖩆𖩁 34 Tai sang ၃၄ တာမ်ဆင်
𖩣𖩥 𖩓𖩆 𖩉𖩆 𖩋𖩖 35 Ra ha cha ၃၅ ရဟစာ
𖩣𖩦 𖩀𖩊𖩁 𖩌𖩘𖩁 36 Tim khen ၃၆ တိမ်ကန်
𖩣𖩧 𖩎𖩆𖩁 𖩋𖩖 𖩏𖩆𖩗 37 Mang cha nau ၃၇ မင့်စာနှာမ်
𖩣𖩨 𖩏𖩆𖩎 𖩀𖩆 𖩔𖩊𖩁 38 Nam ta sheng ၃၈ နှင့်မ်သရှိန့်
𖩣𖩩 𖩏𖩆𖩎 𖩔𖩆 𖩋𖩆 39 Nam sa cha ၃၉ နှင့်မ်ဆစာ
𖩤𖩠 𖩉𖩒𖩗 𖩎𖩆 40 Hua ma ၄၀ ဟွာမာ
𖩤𖩡 𖩐𖩑𖩓 𖩋𖩘𖩏 41 Pur chan ၄၁ ပုလ်စာမ့်
𖩤𖩢 𖩓𖩖𖩎 𖩕𖩑 𖩀𖩆𖩁 42 Rüm thu tang ၄၂ ရုံမ်ထူတင့်
𖩤𖩣 𖩐𖩒𖩁 𖩎𖩊 𖩀𖩆𖩁 43 Phawn mi tang ၄၃ ပေါင်မိတင့်
𖩤𖩤 𖩎𖩘 𖩎𖩆 𖩀𖩆𖩁 44 May ma tang ၄၄ မေ့မာတင့်
𖩤𖩥 𖩓𖩆𖩁 𖩒𖩊𖩐 𖩋𖩖 45 Ren lip cha ၄၅ ရန်လပ်ဖ်စာ
𖩤𖩦 𖩈𖩖𖩎 𖩋𖩖 46 Kowm cha ၄၆ ခင်မ်စာ
𖩤𖩧 𖩓𖩘𖩁 𖩎𖩊𖩅 𖩋𖩖 47 Ren mit cha ၄၇ ရန်မိတ်စာ
𖩤𖩨 𖩍𖩆𖩁 𖩋𖩆 𖩀𖩆𖩁 48 Lang chah tang ၄၈ လင်းစားတင့်
𖩤𖩩 𖩀𖩒𖩏 𖩀𖩆𖩁 49 Tawn tang ၄၉ တောင်မ်တင့်
𖩥𖩠 𖩂𖩆𖩎 𖩎𖩖 𖩀𖩆𖩁 50 Yam ma tang ၅၀ ယာမ့်မာတင့်
𖩥𖩡 𖩀𖩆𖩎 𖩔𖩆 51 Tam sa ၅၁ တာမ်ဆာ
𖩥𖩢 𖩓𖩖𖩁 𖩋𖩖 52 Rown cha ၅၂ ရိုမ့်စာ
𖩥𖩣 𖩒𖩊𖩎 𖩌𖩘𖩏 𖩋𖩖 53 Lim ken cha ၅၃ လိမ်ကန့်စာ
𖩥𖩤 𖩓𖩆 𖩐𖩒 𖩋𖩖 54 Ra paw cha ၅၄ ရပေါစာ
𖩥𖩥 𖩓𖩖𖩎 𖩕𖩑 55 Rüm thu ၅၅ ရုံမ့်ထူ
𖩥𖩦 𖩁𖩆 𖩓𖩆𖩗 56 Nga rua ၅၆ ငရွာ
𖩥𖩧 𖩏𖩆𖩎 𖩇𖩘𖩏 𖩅𖩘𖩁 57 Nam fan den ၅၇ နှင့်မ်ဖန်ဒန်
𖩥𖩨 𖩑𖩊 𖩕𖩝𖩏 𖩅𖩘𖩁 58 Uih tawn den ၅၈ အွေထွန်းဒန်
𖩥𖩩 𖩔𖩆 𖩀𖩑 𖩅𖩘𖩁 59 Stu den ၅၉ စတုဒန်
𖩦𖩠 𖩓𖩝𖩁 𖩅𖩊𖩎 60 Rawng dim ၆၀ ‌ရောင့်ဒိမ်
𖩦𖩡 𖩅𖩆𖩌 𖩅𖩊𖩎 61 Dak dim ၆၁ ဒက်ဒိမ်
𖩦𖩢 𖩏𖩆𖩎 𖩅𖩖𖩁 62 Nam down ၆၂ နှင့်မ်ဒေါင်
𖩦𖩣 𖩐𖩒𖩆𖩌 𖩔𖩆𖩁 63 Plap sang ၆၃ ပလက်ဆင်
𖩦𖩤 𖩗𖩆𖩁 𖩌𖩖 64 Win kaw ၆၄ ဝင့်ကို
𖩦𖩥 𖩅𖩘𖩁 𖩐𖩓𖩆𖩎 𖩏𖩆𖩗 65 Den pram nau ၆၅ ဒန်ပရာမ့်နှင့်မ်
𖩦𖩦 𖩌𖩜 𖩋𖩘𖩏 66 Kuai chen ၆၆ ကွာမ်စင့်
𖩦𖩧 𖩓𖩖𖩁 𖩋𖩖 67 Rown cha ၆၇ ရိုမ်စာ
𖩦𖩨 𖩒𖩎 𖩋𖩘𖩎 68 Om chem ၆၈ အောမ်စာမ့်
𖩦𖩩 𖩔𖩓𖩘𖩁 𖩋𖩖 69 Saren cha ၆၉ ဆာရမ်စာ
𖩧𖩠 𖩔𖩆 𖩀𖩑 70 Stu ၇၀ စတု
𖩧𖩡 𖩀𖩊𖩁 𖩋𖩖 71 Tin cha ၇၁ တိန်စာ
𖩧𖩢 𖩓𖩘𖩁 𖩀𖩊𖩁 𖩋𖩖 72 Ren tin cha ၇၂ ရန်တိန်စာ
𖩧𖩣 𖩏𖩆𖩎 𖩅𖩖𖩁 𖩋𖩖 73 Nam down cha ၇၃ နှာမ်ဒင်စာ
𖩧𖩤 𖩐𖩆𖩌 𖩔𖩆 𖩓𖩆𖩗 𖩎𖩖 74 Pak sa rawu ma ၇၄ ပက်ဆရွမာ
𖩧𖩥 𖩌𖩓𖩝𖩁 𖩋𖩝 𖩋𖩖 75 Krawng taw cha ၇၅ ‌ကြောင်ထော်စာ
𖩧𖩦 𖩀𖩊𖩁 𖩎𖩆𖩁 76 Theng ma ၇၆ တိန်မာ
𖩧𖩧 𖩎𖩓𖩆𖩏 77 Mran ၇၇ မရာမ်
𖩧𖩨 𖩐𖩒𖩁 𖩎𖩊 78 Pawng mi ၇၈ ပေါင်မိ
𖩧𖩩 𖩀𖩒𖩁 𖩗𖩆 79 Tawn wa ၇၉ ‌တောင်ဝ
𖩨𖩠 𖩔𖩊 𖩀𖩑𖩁 𖩎𖩖 80 Situng ma ၈၀ စီတုန့်မာ
𖩨𖩡 𖩓𖩘𖩁 𖩇𖩖𖩓 𖩋𖩖 81 Reng fowr cha ၈၁ ရန့်ဖာလ်စာ
𖩨𖩢 𖩐𖩒 𖩌𖩓𖩝𖩁 𖩋𖩖 82 Paw krawng cha ၈၂ ‌ပေါ်ကြောင်စာ
𖩨𖩣 𖩌𖩑𖩊 𖩔𖩘𖩁 𖩋𖩖 83 Kui Chen cha ၈၃ ကွီဆန့်စာ

ဤသို့ မျိုးကွဲများပြားသည်အလျောက် ခရီးသွားသည့်အခါမှာ ကျေးရွာတစ်ရွာ သို့ ဝင်လျှင် ၎င်းရွာတွင် မိမိအမျိုး ရှိမရှိကို မေးမြန်းရသည် အမျိုးတူ ရှိပါက ၎င်းအိမ်တွင်တည့်ခိုလေ့ရှိသည် အိမ်ရှင် တို့က လည်း မိမိအမျိုးရောက်လာသော ဧသည်အား ပျုငှာ စွာ ဧည်းဝတ်ပြုရသည်။ အမျိုးမရှိပါက ကျေးရွာ လူကြီးအိမ်တွင် တည့်ခိုလေ့ရှိသည်။ ချစ်စရာဓလေ့မှာ ကျေးရွာတစ်ရွာတွင် ရောက်လာ သော ဧသည် သည် မိမိအမျိုး မဟုတ်သော်လည်း အိမ်နီးချင်း များက ဟင်းပွဲ တစ်ပွဲ နှင့် ထမင်းပုကန်တစ်ခု ဧည်းသည်တည့်ခိုသည့် အိမ်သို့ ပေးပို့ လေ့ရှိကြသည်။ ထို့အပြင် ဧသည် အိပ်ရန် ရိုးရာခြုံထည်စောင် လည်း ပို့လေ့ရှိကြသည်။

ဘာသာ သာသနာ နှင့် စာပေ

[ပြင်ဆင်ရန်]

မြိုလူမျိုးတို့၏ Krama-ကရာမာ ဘာသာ သာသနာ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း သည် ဘင်္ဂလားဒေရ် ့စစ်တကောင်းခရိုင်၊ခမောင်းဖြူကျေးရွာ၌ နေထိုင်သော ဦးမာန်ဆိန်း (Man Chien )၏ ဇနီးဒေါ် (Arue Tun Te) သည် တောထဲသို့ ထင်းခွေသွားရာ အတောင်ပံပါသော ကောင်းကင်တမန်တော်တစ်ပါးကို မြင်ခဲ့ပြီး မကြာမီအချိန်တွင်းမှာ ပဋ္ဋိသနေ​္ဒစွဲနေသည်။ Arue Tun Te သည် ကိုးလလွယ် ဆယ် လမွေး ပြီး သားယောက်ျားကိုဖွားမြင်ခဲ့သည်။ ထိုသားကို Manley မန်လေ ဟုအမည်ပေးလေ၏။ Manley Mro-မန်လေမြို သည် ငယ်စဉ်ကတည်းကပင် သူများနှင့်မတူသည့် အတွေ့အခေါ်၊ အ မြော် အမြင်ရှိသူ တစ်ယောက်ဖြစ်သည် သာမက ဉာဏ်ရည် ထက်မြတ်သူ တစ်ဦးလည်းဖြစ်သည်။ မိဘနှစ်ပါးသည် သူတို့၏ သားဖြစ်သူ "မန်လေ ကို ပညာတတ်ကြီးဖြစ်ချင်သော ကြောင့် ဘင်္ဂလား ဒေရ့်နိုင်ငံ စစ်တကောင်းပြည်နယ်၊ (Slogute or I cha school ria) အမည်ရှိကျောင်းတော်၌ ပညာသင်ယူရန်စေလွတ်ခဲ့သည် မန်လေ သည်ဉာဏ်ပညာထက် မြတ်သူ တစ်ယောက်ဖြစ်သော်လည်း အလွန်ပျင်းရိ သော သူငယ်တစ်ယောက်ဖြစ်သည်။ သူ၏ဆရာ/မများသင်ပေးသော ကျောင်းစာကိုစိတ်မဝင်စားဘဲ တောထဲကို သာ နေ့စဉ်နေ့တိုင်း သွားတတ်ပြီး တစ်နေ့တွင် စာသင်ခန့်ထဲ၌ အိပ်ပျော်နေစဉ် အိပ်မက်ထဲ တွင် ကောင်းကင်တမန် ဟုခေါ်သော Krama Mu Mang သည် ကမ်ဘာပေါ်တွင် မရှိသည့် စာပေ တစ်မျိုးကို မန်လေမြို အားပေးလိုက်သည်။ အိပ်ရာမှ နိုးလာသည်နှင့် ထိုစာပေ ကို ရေးလေသည်။ ထို စာပေ ၏အမည်မှာ မြို စာပေတစ်မျိုးဖြစ်ပြီး (၃၁) လုံးဗျဉ်းအက္ခရာ ရှိ၍ (၃၁) ဗျဉ်းအက္ခရာသည် လူ့ဘုံ၊ နဂါးဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ စသည့် ဘုံအဆင့်ဆင့်မှ တစ်ခုစီ ယူလာ၍ ဗျဉ်းအက္ခရာ (၃၁) လုံးကို ကောင်းကင်တမန်က မန်လေးမြိုအား (မြို ကရာမာ)စာပေနှင့် အတူ (မြို ကရာမာဘာသာ တရား )လည်း စတင်ပေါ်ပေါက်လာသည်။ ထိုစာပေ ကို ရရှိသည်နှင့် မန်လေသည်သူ၏နဂို ဉာဏ်ရည်ထက် ပညာကြွယ်ဝလာသည်။ သူ၏ဆရာ ကစာတစ်ကြောင်း သင်ပေးလျှင် နှစ်ကြောင်း ပိုရသည်။ ဥပမာ- သူ၏ဆရာသည် သူ့ကိုစာမသင်ပေးခင်ကတည်းက ရှေ့မှာ သင်ယူရမည့် သင်ခန်းစာများကို ကြိုသင် သိရှိနေပြီဖြစ်သည်။ ထိုကဲ့သို့ပညာထက်မြက်ပြီး မကြုံစဖူးသော အရာများကို ကြုံတွေ့နေရသည့် ကျောင်းဆရာသည် အံ့ဩ ပြီး မန်လေးကို ကျောင်းထုတ် လိုက်လေသည်။ ထိုကျောင်းကနေ ထွက်ပြီး မွေးရက်မြေ ကိုပြန်လာသည်။ သူ၏ဇတိမြေရပ်ဒေသသို့ ရောက်လာသည်နှင့် သူမွေးဖွားခဲ့သော အိမ်နေရာ၌ ဘုရားကျောင်း ဆောက်လုပ်ရန် မိဘ နှစ်ပါး ထံတောင်းဆိုခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်၌ သူများမမြင်ဖူးသောစာပေ များ၊ အတွေ့အခေါ်အပြောအဆိုများနှင့် ပြည့်စုံသည့်မန်လေးကိုအရူးဟုခေါ်ခဲ့ကြသည်။ တစ်နေ့မှာသူ၏ မိခင်ကသူ့ကိုနောက် ကျောပို့ရန်ငြင်းဆိုရာ အတိတ်ဘဝဟောင်းက သူသည်ဂဏန်းဖြစ်ခဲ့ဖူးသည့်အကြောင်းကိုဖွင့်ပြောလိုက်လေသည်။ ဤသို့ပင် သူသည် ကြီးပြင်းလာပြီး တောနက်ကြီးထဲတွင် တရားထိုင်လျက်နေလေ၏။ ရက်၊ လ၊ အတော်ကြာ သူတရားထိုင်နေစဉ် ဗိုက်ဆာလာသောအခါ ကျားကြီးတစ်ကောင်က ပန်းတစ်ပွင့် ကိုးလာဆက်သလိုက်သည်။ ထိုပန်းပွင့်၏ အမွှေးအနံ့ကြောင်း ဗိုက်မဆာတော့ပေ။ မန်လေး သည် တရားထိုင်သည့်အချိန်ကြာမြင့်နေပြီ ဖြစ်သောကြောင့် ခရီး ထွက်ရန် တရား ထိုင်ရာမှ ထွက်ခွာပြီး (Spark) ဟုခေါ်သော ချောင်းကိုရေဖြတ်ကူးနေစဉ် ကောင်းကင်တမန်တော်က သူ၏ လက် နှစ်ဖက်ကိုကိုင်ကာ ကူညီလိုက်သည်။ မန်လေး ကိုပန်းဆက်သလိုက်သည့်ကျားကြီးကလည်းတစ်ဖက်ကိုင်းထိကူပြီးဘေးအန္တရာယ်များကိုကာကွယ်ပေးရန်စောင့်ရှောက်လိုက်ပါခဲ့ပါ။ သည် ကီမိုတောင် ဘက်သို့ ခရီးသွားလိုသည်ဖြစ် ၍ တော၊တောင်ကို ဖြတ်ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အုန်းသီးဝရွာ သို့ ရောက်ခဲ့ဖူးသည်ဟုသိရသည်။ ထို့နောက် ပလက်ဝမြို့နယ် ဆမီးကျေးရွာ၌နေ ထိုင်သော မြိုလူမျိုး Aman ဆိုသူတစ်ဦးနှင့် တွေ့ဆုံ စကားပြော ဖြစ်ခဲ့သည်။ ထို Aman အမန် ဆိုသော လူသည် ပုဏားကျွန်းမြို့နယ် အထက်မြတ်လှဲရွာ ၌ ယနေ့(၂၀၁၃) နှစ်ထိ အသက်ရှင်လျက် ရှိသည်။ အမန်း ကို မန်လေး ကဘိသိတ်တန်ခိုး ပေးရန် နှင့် (ကရာမာ) သာသနာပြုဆရာ လုပ်ရန် တိုက်တွန်းသည်။ သူသည် အရက်သေစာအနည်းငယ်သောက်စားသောကြောင့် သူ၏ ဆန္ဒကိုငြင်းဆိုလိုက် သည်။ သို့သော်လည်း မန်လေး သည် သူပထမဆုံးတွေ့ ဆုံခဲ့သောအမန်းကို သူ၏ အသက်မွေးဝမ်းကျောင်းအတွက် တောဆေး ပညာနှင့် ကောင်းစားဘို့ရန် ဘိသိတ်ပေးလိုက်သည်။ ပထမ ဆုံး နှင့် နောက်ဆုံး တွေ့ဆုံ ခဲ့သည့် အမန်း ၏နုတ်ထွက်ဆိုချက်သည် သူသည် အရပ်အမြင့် ၆ ပေရှိပြီး မန်လေး သည် အရပ် ၅ ပေကျော်သာရှိသည်။ သို့သော်လည်း ပြိုင်တူ ရပ်လျှင် မန်လေးကအရပ်ပိုရှည် သည်ဟု ဆိုသည်။ မန်လေး သည် နောင်လာလတ္တံတွင် ပွင့် တော်မူမည့် အရိမေတေ္တယျ မြတ်စွာဘုရားရှင်သည် ယင်းတို့၏ ဘုရားရှင် အစစ်အမှန် ဖြစ်မည်ဟုဆိုသည်။ ထို အဆိုအရ အရိမတ္တေ ယျမြတ်စွာဘုရားအား မြိုတို့ ဖူးမြော်နိုင်ရန် အလို့ ငှာ (Krama ကရာမာ ဘာသာအားယုံကြည် ကိုးကွယ်ကြရန် ရည်ရွယ်၍ သိကြားမင်း က မန်လေး ဆိုသူ ပုဂိုလ်တစ်ဦးအား တမန်တော်အဖြစ်စေ လွှတ်ခဲ့သည်[၁၆][၁၇]

မြိုစာပေ

[ပြင်ဆင်ရန်]

မြိုအက္ခရာ စာပေသည် ၁၉၈၀ခုနှစ် တွင် တမန်တော် မန်လေးမြို က တီထွင်ပေးခဲ့သည်။ ထိုစာပေကို တစ်ဟုန်ထိုး သင်ကြားကာ ဖတ်စာအုပ် အတန်း(၃) တန်းထိ ထုတ်ဝေထားရှိသည်။ ထို မြို စာပေ သည် တိုင်းရင်းသားစာပေတွင်ပါဝင်သည်သာမက ကမ္ဘာ့စာပေတွင် UNESCO ယူနစ်စကို မှ ၂၀၁၀ခုနှစ် ဇွန်လတွင်မြေ ကမ္ဘာပေါ်၌ မပေါ် မရှိသည့် မြိုစာပေကို အသိအမှတ်ပြုထားခဲ့သည်။[၁၈]မြိုစာ ပေ ပျောက်ဆုံးခြင်းနှင့် ပြန်လည် ရရှိခြင်းအကြောင်းပုံပြင်သမိုင်းသည် မြိုလူမျိုးရိုးရာနွားထိုးပွဲနှင့်လည်းဆက်နွယ်မှုရှိသည်။ လွန်လေပြီးသောနှစ်ပေါင်းထောင်ချီများစွာကလူမျိုးအသီး သီးစာပေ များကို ထာ ဝရဘုရားသခင်ထံသို့သွားရောက်ယူ သည့်အခါမြိုလူမျိုးများက သွားမယူခဲ့ပေ။ ထို့ကြောင့် ထာဝရဘုရားသခင်သည် ကမ္ဘာပေါ်၌ရှိသော လူမျိုးအသီးသီးတို့၏ စာပေကို ပေးပြီး မြို လူမျိုး များကို ကားမ ပေးရသည်မှာ မကောင်း ဟုဆိုကာ ထာဝရဘုရား(Thu rai ထူရိုင်း )သည် မြို စာပေကို ငှက်ပျိုးရွက် ပေါ်တွင် ရေးပြီး မြို လူမျိုးစုများအတွက် နွားကိုပေးပို့ခိုင်းရာ၊ နွားက ဗိုက်ဆာပြီး ၎င်း ငှက်ပျိုးရွက် ကိုစားလိုက်သည်။ မြိုလူမျိုး များထံသို့ ၎င်း စာပေ မရောက်သည် အတွက် ထိုနွားကို ထာဝရဘုရားက စစ်ဆေးရာ ဗိုက်ဆာ၍ စားလိုက်ကြောာင်းဝန် ခံလိုက်သည်။ ထိုနွားကို ထာဝရ ဘုရားသည် သင်‌ ဘောသဖန်းပင်ရင်း၌ချဉ်နှောင်ကာ၊ခြေထောက်ဖြင့် ကန်ချလိုက်သည့် အခါ နွားမှာအပေါ်သွားတန်းကျိုးသွားသည်။ ထို့ကြောင့်နွားမျိုးနွယ်မှာ ယနေ့ထိတိုင် အောင် အပေါ် သွားမ ရှိချေ။ ပြီးနောက် သဘ်ော့ သဖန်းပင်သည် လည်း ဖြောင့်ဖြောင့် မတ်မတ် မရှိဘဲ သဘော်သဖန်းပင် တိုင်း ယိုင်နေသည်ကို တွေ့ရသည်။ ထို မြိုစာပေ ကို စားလိုက်သည့် နွားမျိုးနွယ် များကို မြို လူမျိုးစုများက သေဒဏ်ပေးသည့် အနေဖြင့် ရိုးရာ ပွဲတော် ကျင်းပ သည့်အ ခါ ရွာလည်ခေါင်၌ နွားကို ချည်ပြီး ဝါးလုံး များဖြင့် ပန်းဖော်ထားသော ယဇ်ပလ္လင်ဆောက်လုပ်ကြသည်။ ထိုယဇ်ပလ္လင် ဘေးနား၌ ချဉ်နှောင်ထားသည့် နွားကို ဝိုင်းကာပတ်ကာကကြသည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် ရိုးရာ ဓလေ့ ဖြစ်လာသည်။ ထိုနွား၏ လျာကိုလည်း ဓားဖြင့်ဖြတ်ကာ ဘုရားသခင်ထံသို့ ပူဇော်ပြ သသည်။ နွားကိုလည်း ရိုးရာလှံဖြင့်နံဘေးကို ထိုး သတ်ကြသည်။ ထို ကြောင်းကို H.Yamada က အခုလိုပဲ ပြန်လည်ဖော်ပြထားသည် "ဘုရားသခင်သည် လောကကိုဖန်ဆင်းတော်မူသောအခါ လူမျိုးတိုင်းအတွက် နေထိုင်ကျင့်ကြံရန် စည်းမျဉ်းစည်းကမ်းများကို သွန်သင်ရန် နွားတစ်ကောင်ကို စေလွှတ်တော်မူသည်။ နွားမသည် ပထမဦးစွာ ဘင်္ဂါလီများထံသို့သွား၍ အခြားအရာများအပြင် တစ်နှစ်လျှင် တစ်ကြိမ် ပေါင်းသင်ရမည်၊ သုံးကြိမ် ရိတ်သိမ်းရမည်ဟူသော အချက်အပါအဝင် အရာအားလုံးကို ပြောပြခဲ့သည်။ ထို့နောက် နွားမသည် မရူလူမျိုးများအတွက် စာရွက်စာတမ်းကို ပါးစပ်ဖြင့်ကိုက်၍ တောင်ပေါ်သို့တက်သွားသည်။ သို့သော် မွန်းတည့်ချိန်နီးလာသောအခါ ပူပြင်းလာကာ နွားမသည် ဆာလောင်မွတ်သိပ်လာပြီး ပါးစပ်အတွင်း၌ လျှာကိုလှုပ်ရှားမိသည်။ မကြာမီ စာရွက်စာတမ်းကို မျိုချမိသွားသည်။ နွားမသည် နောက်ဆုံးတွင် မရူလူမျိုးများထံရောက်ရှိလာသောအခါ တစ်နှစ်လျှင် သုံးကြိမ် ပေါင်းသင်ရမည်၊ တစ်ကြိမ်သာ ရိတ်သိမ်းရမည်ဟု ပြောပြခဲ့သည်။ ဤညွှန်ကြားချက်များကို မကျေနပ်သော မရူလူမျိုးများသည် ဘုရားသခင်ထံသို့သွား၍ တိုင်ကြားခဲ့သည်။ ဘုရားသခင်သည် နွားမကိုခေါ်တော်မူပြီး နွားမသည် အမှန်တကယ် စာရွက်ကို မျိုချမိပြီး မှားယွင်းသောသတင်းကိုသာ ပြောပြခဲ့ကြောင်း ဝန်ခံခဲ့သည်။ ဘုရားသခင်သည် ဤအရာကိုကြားသောအခါ အလွန်အမျက်ထွက်တော်မူပြီး နွားမ၏ပါးစပ်ကို ရိုက်တော်မူသည်။ ထို့ကြောင့် ယနေ့တိုင် နွားများ၏ အပေါ်ရှေ့သွားများ ပျောက်နေခြင်းဖြစ်သည်။ ထို့နောက် ဘုရားသခင်သည် မရူလူမျိုးများအား နွားမကို တိုင်တစ်တိုင်နှင့်ချည်၍ ပတ်ကခုန်ပြီး နောက်ဆုံးတွင် သတ်ရန် အမိန့်ပေးတော်မူသည်။ ထို့နောက် ၎င်းတို့အား မှားယွင်းသောသတင်းကို ပြောပြခဲ့သော လျှာကို ဖြတ်ယူကာ တိုင်တွင် ရိုက်ထားရန် ညွှန်ကြားတော်မူသည်။ နွားတစ်ကောင်၏ တတိယအစာအိမ်အတွင်း၌ မရူတို့သည် ဘုရားသခင်က သူတို့အတွက် ရည်ရွယ်ထားသော ကျမ်းစာကိုတွေ့ရှိနိုင်မည်။ သို့ရာတွင်ဘုရားသခင်က ဤ အချက်မှလွဲ၍ စည်းမျဉ်းနှင့်ပတ်သက်၍ အခြားဘာမျှ ပြုလုပ်ပေးနိုင်ခြင်းမရှိတော့ပေ"[၁၉] ဟု ဖော်ပြထားပါသည်။ ခုအချိန် မှာ တမန်တော် ဟုခေါ်သော ''Manley Mro မန်လေးမြို အားဖြင့် မိမိ၏ လူမျိုးစာပေကို ထာဝရ ဘုရားထံမှ ပြန်လည် ရယူ ရရှိနေပြီ ဖြစ်သောကြောင့် ထိုနွားမျိုးနွယ်များကို သေ ဒဏ်မပေးသင့်ကြောင့် ပြောကြားခဲ့သည်။

အမျိုးသားဝတ်စားဆင်ယင်မှု

[ပြင်ဆင်ရန်]

မြို အမျိုးသားများသည် သျှောင်းထုံး ကိုးသေသပ်ကျနစွာ ထုံးကြသည်။ သျှောင်ထုံး တွင် ဘီးစိုက်ထားလည်းရှိသည်။ အိမ်ထောင်ကျပြီး သားများသည် ဘီးစိုက်ခြင်းအစား ဦးခေါင်းတွင် နှစ်ကိုက်မျှရှည် သော အဝတ်ဖြူစကိုခေါင်းပေါင်းအဖြစ်ပေါင်းကြသည်။ သျှောင်ထုံးတွင် ဆံထိုးများလည်း ထိုးစိုက်လည်းရှိသည်။ နားတွင် လူပျိုများက ပန်းပွင့်အနီ၊ ချည်ပိုးအနီကိုများသောအားဖြင့် (နပက်)ကွင်းတွင် တပ်ဆင်ဆွဲလေ့ရှိကြသည်။ အိမ်ထောင်ရှင် ယောက်ျားများကမူ နားကွင်းပြားရိုးရိုးကိုပင် ဆွဲကြသည်။ မျက်မှာပြင်ပေါ်တွင်လည်းကောင်း၊ နဖူးပေါ်တွင်လည်းကောင်း ဆေးအနီရောင်ဖြင့် အကွက်အ ကွင်း များ ပြုလုပ်၍လည်း ခြယ်သတတ်ကြသည်။ လက်ကောက်၊လက်ကြပ်များကို ဝတ်ဆင်ကြပြီး သန္ဓာစေ့ ပုတီးများကို လည်ဆွဲအဖြစ် တန်ဆာဆင်ကြသည်။ မြိုလူမျိုးများသည် ရှေးရှေးကခန္မာ ကိုယ် အ ထက်ပိုင်းတွင်အဝတ်မဲ့နေလေ့ရှိကြသည်။ ခါးအောက်ပိုင်းတွင်အနံတစ်ကိုက်ကျော်မျှရှည်သော အဝတ်စကို ခါးတောင်းကျိုက်လျက် ဝတ်ဆင်ကြသည်။ အစွန်းနှစ်ဖက်ကိုရှေ့တစ်စ နောက် တစ်စချကာ ဝတ်ဆင်ကြသည်။[၂၀]ယခုအခါတွင်မြန်မာအမျိုးသားများကဲ့သို့ပင် ရှပ်အကျ်ီ နှင့်လုံချည်ကို ဝတ်ဆင်လာကြသည်။ သက်ကြီးရွယ်အိုများသည် လက်နှစ်ဖက်မပါသော ပခုံးတစ်ဆက် တည်း ဂျပ်ခုတ်တိုက် ပုံအကျ်ီ တို ဝတ်ဆင်ကြသည်။ အုပ်ချုပ်သူအကြီးအကဲများမှာ သာမန်အရပ်သားထက်အနည်းငယ်အဖိုးတန်သော အဝတ်ကို ဝတ်ဆင်လေ့ရှိသည်။

အမျိုးသမီးဝတ်စားဆင်ယင်မှု

[ပြင်ဆင်ရန်]

မြို အမျိုးသမီး တို့သည် နောက်တွဲဆံထုံး ကို ထုံးဖွဲကြသည်။ ခေါင်းနောက်တည့်တည့်၌ ဘီးကို စိုက်ထိုးလေ့ရှိသည်။ ဆံညှပ်၊ ဆံထိုးများဖြင့်လည်း တန်ဆာဆင်လေ့ရှိသည်။ အိမ်ထောင် ရှိသူအမျိုးသမီးများသည် ဦးခေါင်း တွင် အရှည်တစ်ကိုက်ခန့်ရှိသော အဝတ်စ ကို ခေါင်းတွင် ရစ်ပတ်ပြီး နောက် ဘက်ဆံထုံး၏အောက်၌ ချည်နှောင်ထားလေ့ရှိကြသည်။ နားတွင်ကား ခေါင်းပွ အဝကျယ် နားတောင်း ကို ဆင် မြန်းလေ့ရှိသည်။ လက်ကောက်၊ လက်ကြပ်၊ လက်စွပ်၊ ခြေချင်း၊ တို့ကိုလည်း ဝတ်ဆင်ကြသည်။ လည်ပင်းတွင်လည်း သန္တာစေ့ပုတီး၊ ဒင်္ဂါးပုတီး နှင့် ပုတ်စေ့ ပုတီးတို့ကို လည်း ဆွဲလေ့ရှိကြသည်။ ရှေးရှေးက မြို အမျိုး သမီးများသည် ကိုယ်ခန္ခာ အပေါ်ပိုင်းတွင် အဝတ်မဲ့နေလည်းရှိသည်။ ခါး အောက်ပိုင်းတွင်မှု အနံတစ်တောင်၊ အလျားနှစ်ကိုက်ခန့် ရှိသော ဂျပ်ခုတ်ထည် အနက်ရောင်ကို ချက်အောက်တွင်ပတ်၍ ဝတ်ဆင်ကြသည်။ အစွန်း နှစ်ဖက်ကို ဘယ်ဘက်ပေါင်ပေါ်တွင် အောက်ဘက်၌ နှစ်လက်မခန့် ကွဲစေလျက် ဝတ်ဆင်ကြသည်။ ဤသို့ပြုလုပ် ထားရခြင်းမှာ ထိုင်ရာ၊သွားရာ၌ လွယ်ကူစေရန် ဖြစ်သည်။ ယင်းကို ဝတ်ဆင်သည့်အခါ ရှေးဦးစွာ ခါးတွင် ကြိုးတစ်ချောင်း ချည်နှောင်ထားရသည်။ ပြီးမှ အဝတ်ကို အထဲသို့ ထိုး သွင်းကာ ဝတ်ဆင်ကြသည်။ အပေါ်တွင်မှ သန္တာစေ့ခါးပတ်ကြိုးများကိုဝတ်ဆင်ကြသည်။ ပွဲလမ်းသဘင်နှင့် ဈေးဝယ်သွားသည့်အခါမျိုးတွင် ဣန္ဒြေ လုံစေရန် အနံတစ်တောင်၊အလျားနှစ်ကိုက်ခန့်ရှိသော အဝတ်ကို ဆင်မြန်းကြသည်။ အနံဘက်မှ အစနှစ်စကို ဘယ်ဘက်လက်မှ လက်က တော့ ထိုးကာ လက်ယာဘက်ပခုံပေါ်တွင် စု၍ချည်နှောင်ထားလေ့ရှိသလို ရှေ့ဘက်ထိချပြီး ချိတ်နှင့်ထိုး၍ လည်း ဝတ်ဆင်လ့ရှိကြသည်။ ရခိုင်ပြည်တွင် ဘုရင်အဖြစ်ကိုပင် ရောက်ခဲ့သော်လည်း မြုံ လူမျိုးတို့သည် ခေတ်အလိုက်ပြောင်းလဲလာသော လူ့ယဉ်ကျေးမှုများကို ထွေပိုက်လိုဟန် မရှိပါ။ ယင်းအကြောင်းကို ပန်းတံမောင်နှင့် သံတွဲသူဘွဲ့ အဲး" မှ မြုံ (မြို)တို့၏ သဘာဝ အသွယ်သွယ်ကို ဖော်ပြ ချက်များတွင် တစ်နေရာ၌ ထဘီတိုလောင်း၊ မြို ဘာသာမှာ၊ ဝါးနားတောင်း၊ မြိုမဘာသာ၊ ဖုန်းဆိုးတောင်မှာ၊ဝါးကောက်လားရေ၊ ကျပ်ကြိုးသုံးပင်၊ လွန် သုံးပင်၊ ဇင်ချောင်းမြောက်ကို၊ လှေကားတင်ရေ၊ ထုပ်လုပ်ကေလုံး၊ မြိုမရိုမှာ၊ ရင်မဖုံးလေဟု ဖော်ပြထားသည်။[၂၁]ယခုအခါ 'မြို'အမျိုးသမီးများသည် သာမန်အချိန်၌ မြန်မာအမျိုးသမီးများကဲ့သို့ပင် ဝတ်ဆင်လာကြပြီ ပွဲလမ်းသဘင်ရှိမှသာ ထိုဝတ်စုံကို အပေါ်မှထပ်၍ ဝတ်ကာ ရိုးရာဝတ်စုံအနေဖြင့် ဝတ်ဆင်ကြသည်။

ရိုးရာ မင်္ဂလာပွဲ

[ပြင်ဆင်ရန်]

‘ မြို’လူ မျိုးတို့၏ ဓလေ့ထုံးစံအရ လက်ထပ်မင်္ဂလာကိစ္စတွင် အဓိကတာဝန်ရှိသူ မှာ ယောက်ျားလေး ဘက်မှ ဖခင်ဖြစ်သည်။ ဖခင်မရှိပါက ဖခင်၏ အစ်ကို သို့မဟုတ် ညီက လက်ထပ်ခွင့်ပေးနိုင်သည်။ လူငယ်ချင်း ချစ်ကြိုက်၍ မင်္ဂလာပြုခြင်းရှိသလို မိဘများက သင့်လျှော်သည့် အိမ် ထောင်ဘက်ကို ရွေးချယ်ပေးသည့်ဓလေ့ရှိသည်။’’ မြို လူမျိုးဓလေ့ မှာ လူပျို နှင့် အပျို လွတ်လပ်စွာ နေထိုင်၍ ရပေ မည့် အိမ်ထောင်ဘက် က်ို လွတ်လပ်စွာ ရွေးချယ်၍ မရပေ။ မြိုမျိုးကွဲပေါင်း (၇၀) ကျော် လေ့လာသိရှိရပြီး ထိုအနက်မှ ယူသင့်သည့် မျိုးရိုး၊မယူသင့်သည့် မျိုးရိုး နှင့် သစ္စာဘက် ဟူ၍ ရှိလေ၏။ အမျိုး အချင်းချင်းယူ၍မရ၊သစ္စာဘက်ယူ၍မရ၊မယူရသည့်အမျိုးကိုမိဘကသော်လည်းကောင်း၊ဆွေမျိုးများကသော်လည်းကောင်း တားမြစ်သည်။ မိန့်ကလေး နှင့် ယောက်ျားလေး ချစ်ကြိုက်တော့မည် ဆိုလျှင် ရှေးဦးစွာ ယူသင့်သည့် မျိုးရိုး ဟုတ်၊မဟုတ်သည်ကို စုံစမ်းရသည်။ အကယ်၍ အမျိုးအချင်းချင်း ယူမိပါက ရွာမှနှင်ထုတ်လေ့ရှိသည်။ အမျိုးဂုဏ်ကို သစ္စာဖောက်သည့် အတွက်အမျိုးမှ ပယ် ရှား ခြင်းခံ ရသည်။ သစ္စာဖက် ဆိုလျှင် လုံးဝ လက်ထပ်ခွင့် ကို တားမြစ်ထားသည် လိမ်ညာခြင်းမပြုရ ငွေရေးကြေးရေး ကိစ္စမှာလည်း အတိုးတောင်းခြင်းမပြုရ၊ အကယ်၍ လိမ်ညာခြင်းပြု မိသည်ဘ၊ ချေးငွေ အတိုး တောင်းမိသည် ဆိုလျှင် အမင်္ဂလာ အမျိုးအပေါ်၊ မိသားစုအပေါ် ကျရောက်စေသည် ဟု အယူရှိကြသည်။ ယူသင့်သည့် မျိုးရိုး ကို မင်္ဂလာဆောင် ပြုလျှင် ယောက်ျားလေးဘက်မှ (အသွင်းဖိုး)ကို ပေးရသည် ထိုအသွင်းဖိုးကို ‘’မိန့်ကလေးမိဘတို့ ဘက်က မိမိ၏ သမီးအတွက် မင်္ဂလာကြေး(အသွင်းဖိုး) နှင့် မင်္ဂလာဧည့်ခံပွဲ ကုန်ကျစရိတ်ကို သတ်မှတ်ကြသည်။ ယောက်ျားလေး ဘက်မှ တတ်နိုင်မည့် ကြေးငွေပမာဏ ကို တင်ပြကာ အပြန်အလှန် စေ့စပ်ညှိနှိုင်းကြသည်။ မင်္ဂလာကြေးအနေဖြင့် ငွေဒင်္ဂါးအရေအတွက် ဖြင့် သတ်မှတ်ကြသည်။ ဂျော့ဘုရင် တံဆိပ်ခေါင်းပါ သောငွေဒင်္ဂါးပြား ၃၀၀၊ ၅၀၀ စသည်ဖြင့် သတ်မှတ်သည်။ ငွေဒင်္ဂါး ပြားလက်ဝယ်မရှိပါက အခြားရှိသော အိမ်များတွင် သွားရောက်ဝယ်ယူကြရသည်။ ထိုကဲ့သို့ သွားရောက် ဝယ်ယူသည့်တိုင် မရရှိပါ က အဆိုပါ ငွေဒင်္ဂါး အပြား ၃၀၀၊ ၅၀၀ နှင့ ညီသော ငွေကြေးပမာဏ ကို ပေးကြရသည်။ [၂၂]ထို့အပြင် မိန့်ကလေး မိဘများအတွက် တောင်ယာလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဓားရှည် ၅ လက်၊လှံ ၇စင်းတို့ကိုပါ ပေးကြရသည်။ မြိုတို့ ဓလ့ထုံးတမ်း အရ လက်ထပ် မင်္ဂလာ ပြုလုပ်ချိန်မှစ၍ မင်္ဂလာတစ်သက်တွင် ပွဲ (၃) ကြိမ် ပြုလုပ်ရသည် ထိုပွဲတိုင်း၌ (ယု)ခေါ်သည့် ရိုးရာခေါင်ရည် မပါ မဖြစ် ခေါရည်တည်ထားရသည်။ လက်ထပ် ပြီဆိုသည်နှင့် ပွဲသုံးကြိမ် (ဝှပ်လိုင်မ်)၊ (မင်တင်) နှင့် (ဘုတ်အက်) ဟူ၍ ကျင်းပရသည်။ ထိုပွဲ (၃) ကြိမ် ပြုလုပ်ရာမှာ (အသွင်းဖိုး) ပေးရသလို ဟင်းပွဲ ဖလှယ် မိတ်ဆုံထမင်းစားကြသည်။ ယောက်ျားလေး အမျိုးဘက် မှ ကြက်ကို စုဆောင်းရပြီး မိန့်ကလေး အမျိုးဆွေမျိုး ရောက်ရှိလာသည့် ဧည့်သည် များအားလုံလောက်သည် အထိ ကြက်ကို သတ်ရသည်။ အလားတူမိန့်ကလေး အမျိုးဘက် ကလည်း ဝက် ကို ကြိုမွေး ထားပြီး ငါးဆုပ်ပြည့်သည့် ဝက်ထီးကို ယောက်ျားလေးအမျိုး မှ ရောက်ရှိလာသည့် ဧည့်သည် များအား လုံလောက်သည် အထိ ကျွေးမွေးဧည့်ခံရသည်။ အကယ်၍ ဧည့်သည်များ၍ ဟင်းမလုံ လောက်ပါက ဝက်တစ်ကောင်နောက်ထပ် သတ်ရသည်။ ထို ပွဲတွင်မိန့်ကလေးအမျိုးဧည့်သည်များစားရန်အတွက် ယောက်ျားလေး အမျိုးဘက် မှ ပါလာသော ကြက်ကို ယောက်ျားလေး အမျိုးက ကြက် ကောင် ကို ဖျက်ပြီး ချက်ပေးရသည့် ဓ လေ့နှင့် ၎င်းပွဲကိုကျင်းပရသည်။ သို့သော် ၎င်းပွဲတွင်လုံးဝဟင်း မြည်းစမ်းခြင်း မပြုပေ။ ထို့အပြင် ကြက်တစ်ေကောင်ကို အခေါင်းစုံ မစုံ၊ ခြေစုံ မစုံ၊ အတောင်ပံ စုံ မ စုံ၊ခြေသည်းခုတ် မခုတ်သတိထားရသည် အကယ်၍ မိန့်ကလေးအမျိုးဧည့်သည် များ စားသည့် အခါ တွင် ကြက်တစ်ကောင် တွင် တစ်ခုခု မစုံ တွေ့ရှိပါ က လျော်ကြေးငွေ ပေးရသည်။ ယင်း လျော် ကြေး မှာ အရက် သို့မဟုတ် ခေါင်ရည်သို့မဟုတ် ဓား သို့မဟုတ် လှံ စသည်ဖြင့် လျော်ကြေးပေးရသည်။ ယောက်ျားအမျိုး ဧည့်သည်များ စားရန်အတွက် မိန့်ကလေးအမျိုးဘက်မှ ဝက်ကောင်ကို ဖျက်ပြီး ချက်ပေးရသည် သို့သော် အလားတူ ၎င်းပွဲတွင် လုံးဝဟင်းမြည်းစမ် ခြင်းကိုကခွင့်မပြုပေ။ မိန့်ကလေး မိဘ နှင့် မောင် တို့ကို ကားအခြောက် သတ်ထားသော တောကြက်တောဝက်ရှဥ့် သားခြောက် တစ်မျိုးမျိုးကို ချက်ပြီး ဟင်းပွဲပြင်ပေးရသည်။ ထိုနေရာ၌ပင် ‘’ယင်းတို့နှစ်ဦးသည် အဆိုပါ ဟင်းကိုမစားမီ စေ့စပ်လမ်းစဉ်အခါက ညှိနှိုင်းထားသည့် ဓား၊ လှံ တို့ကို တောင်းဆိုကြသည်။ သတို့သားဘက်မှ ဖခင်ဖြစ်သူက စကောတစ်ချပ်ထဲတွင် အဆိုပါ ဓားနှင့်လှံ၊မင်္ဂလာကြေး ကို ထည့်ကာ ပေးရသည်။ ထိုကဲ့သို့ ဓားနှင့်လှံကို လက်ခံရယူပြီးသည့်အခါမှသာလျှင်’’ ပြင်ဆင်ထားသည့် ဟင်း နှင့် (ယု)ခေါင်ရည် ကို သောက်စားကြလေသည်။ ပြီးနောက်’’ဆွေမျိုးဧည့်ပရိသတ်များ၏ရှေ့မှောက်တွင် သတို့သမီး ဖခင်ဖြစ်သူက သတို့သားကို နှစ်ကိုက်မျှရှည်သော အဝတ်ဖြူ တစ်စဖြင့် ခေါင်းပေါင်းပေးလိုက်ခြင်း အား ဖြင့် သားမက်အဖြစ် အသိအမှတ်ပြုလေသည်။’’လက်ထပ်မင်္ဂလာပွဲ သည် အနောက်ဘက် မောင်တောနှင့်ဘင်္ဂလားဒေရ့်ဘက် က အများအားဖြင့် မင်္ဂလာပွဲ ကျင်းပပုံ တူသည်ကိုတွေ့ရသည်။ ဘူးသီး တောင် ဘက် က( ရိုင်မာ)၊ ပုဏားကျွန်း(တင်ဆာ) နှင့် ကျောက်တော် ယိုးချောင်းဖျား(နောက်ကော)ဘက်က တူညီသည်ကိုတွေ့သည် အများအားဖြင့် မောင်တောဘက်နှင့် ဘင်္ဂလား ဘက် လက်ထပ် မင်္ဂ လာကျင်းပပြုလုပ်ပုံသည် ပို ကြီးကျယ်သည်ဟု ဆိုလို့ရသည်။

မြိုလူမျိုးတို့၏ တေးမှုတ်တုရိယာပုံ

ရိုးရာဘူးခါးပလွေ (ပလုံ)

[ပြင်ဆင်ရန်]

မြိုရိုးရာ တုရိယာနှင့်တေးအလင်္ကာ တွင် `ပလုံ` ခေါ် ဘူးခါးပလွေ သည် မပါမပြီး ဖြစ်သည်။ ဘူးခါးသီးရှိ လည်ပင်းဘက်ကို လေမှုတ် ရန် ပြုလုပ် ထားပြီး အိုးဘက်၌ မူ လေ ထုတ်ဝါး ပြွန်များကို စိုက်ထားသည်။ ဝါးပြွန်တို့သည် တူရိယာ အတိုအရှည် ကို လိုက်၍ ကွဲပြားသည်။ ပလုံကို ပြုလုပ် ရာတွင် အကြီးအငယ် အမျိုးအစား အမျိုးမျိုးရှိသည်။ ပလုံစင်မလောင်၊ ပလုံ မာလောင်၊ ကက်မာလောင်၊ ဒီးဒူ၊ ရီနာပလုံ၊ ကန့်ငေ၊ ပလုံကလင်စ၊ ပလုံ ရိုလ် စသည်ဖြင့် ရှိသည်။ မြို လူမျိုးတို့သည် မိမိ ရိုးရာ အက ကို ခုံမင်တတ်သူများဖြစ်ပြီး ရိုးရာနွားထိုးပွဲကို ချမ်းသာသော သူမိသားစု က ကျင်းပ လေ့ရှိသည်။ ကြီးကျယ်ခမ်းနားသည့် ပွဲ ကို ဆင်ရုမ်ကောမ် တွေကောကောမ် ပါမ် ဟူ၍ နာမည်ရှိလေသည်။ ထိုပွဲကို ကျင်းပ နိုင်သူသည် သူဌေး စာရင်းဝင်သူများဟု မှတ်ယူလေသည်။ ရိုးရာတုရိယာ များကို လူပျို၊မင်းကျွန်များက တီးမှုတ်ပြီး မိန်းမပျိုးလေးများက ဝိုင်းဖွဲ၍ လည်း ကောင်း၊ မျက်နှာချင်းဆိုင်၍လည်းကောင်း က ကြသည်။ ဝိုင်းဖွဲကရာတွင် ဘယ်တစ်ခေါက် ညာတစ်ခေါက် ယိမ်းထိုး၍ ကကြသည်။ မျက်နှာ ချင်းဆိုင်အက တွင် နောက်ဆုတ် ရှေ့တိုး၍ ကကြသည်။ ထိုသို့က ရာတွင် ခြေလှမ်းဆုတ်နည်း၊ တက်နည်း ကို လိုက်၍ ပလိုင်ချိုင် အက၊ ချာချတ် အက၊ ဒါန်ကရန်အက၊ ဂိုလတာတိန်အက စသည်ဖြင့် လေးရှိလေသည်။

ရိုးရာနွားထိုးပွဲ

[ပြင်ဆင်ရန်]

'မြို'တို့တွင် ရိုးရာနွားထိုးပွဲကို ငွေကြေးတတ်နိုင်သူရွာသားတစ်ဦးဦးက ဦးဆောင်ကျင်းပလေ့ရှိသည်။ မိသားစုဝင်များ အဖျားအနာကာကွယ်ရန် အတွက်လည်းကောင်း၊ အိပ်မက်အရလည်းကောင်း၊ စီးပွားရေအရငွေကြေးချောင်လည်၍ အလှုပေးလိုသောကြောင့်လည်းကောင်း ကျင်းပကြ သည်။ ယင်းနွားထိုးပွဲတွင်သောက်သုံးရန် ခေါင်ရည်ကို ကြိုတင်စုဆောင်းထားကြသည်။ ယခုအခါခေါင် ရည်အစား အချိုရည်ကို အသုံးပြုကြသည်။ အိပ်ရှေ့ကွပ်ပျစ်ကို ခိုင်ခန့် အောင်ပြန်လည်ပြင်ဆင်ပြီးကွပ်ပျစ်၏ထောင့်လေးထောင့်တွင် ပန်းပွားပါသော ဝါးတိုင်များကို တစ်ထောင့်လျှင် တစ်တိုင် ကျစီစိုက်ထူထားသည်။ တိုင်အဖျားသည် လေးခြမ်းကွဲပုံစံဖြစ်သည်။ နွားထိုးပွဲပြုလုပ်မည့်ရွာကွက်လပ်၌ နွားခြံကိုပြုလုပ်ရသည်။ နွားခြံမှာ တြိဂံပုံစံ ဖြစ်သည်။ ထိပ်အဖျားသည် အရှေ့ဘက်သို့မျက်နှာ မူရသည်။ နွားခြံထိပ်တွင် တိုင်တစ်တိုင်စိုက်ထူပြီး သစ်ရွက်သစ်ခက်များဖြင့် အလှဆင်ပေးထား လေ့ရှိကြသည်။ နွားခြံတွင်အနားတစ်ဖက်၌ ပန်းဖွားပါသောဝါးတိုင်လေးတိုင်စိုက်ရ၏။ ယဇ်ကောင် နွားကို သွင်းပြီးနောက် ဝါးတိုင်တစ်တိုင်ကို ထပ်မံ စိုက်ရသည်။ တစ်ဖန်နွားခြံရှိဝါးတိုင်များကိုတန်းသုံးတန်းစီဖြင့် ခိုင်ခန့်အောင်လုပ်ကြသည်။ အချို့မြိုရွာများတွင် နွားခြံဟူ၍မထားပေ။ နွားကိုချည် နှောင်မည့်ဝါးတိုင်အား ၁၄ပေခန့်မြင့်အောင်စိုက်ထူရသည် ရွာရှိလူပျို အပျိုတို့က ပျော်ပျော်ပါးပါးကခုန်မြူးထူးကာ တောင်ကျ ချောင်းမှ သွား ရောက်ယူလာသည့် ကျောက်ကို အလှုရှင်အား ပေးကြ သည်။ အဆိုပါကျောက်ကို 'နတ်ကျောက်'ဟုယူဆကြသည်။ နတ်ကျောက်ကို သယ်ဆောင် လာသူများအား အရှင်က ဝက်ဖြင့်ကျွေးမွေးဧည့်ခံသည်။ နတ်‌ကျေက်ကိုယူခြင်း၊စိုက်ထူခြင်းတို့အတွက် နတ်ဆရာလိုအပ်ပါသည်။ နတ်ဆရာ မရှိ သောရွာများတွင် ဤပွဲကိုမလုပ်ကြေချ။ နွားထိုးပွဲမလုပ်မီတစ်ရက်အလိုတွင် အလှူရှင်က မိမိဖိတ်ကြားလိုသော ေကျးရွာများကို ဖိတ်ကြားထားသည်။ ဖိတ် ကြားခံရသည့်ကျေးရွာများမှ အလှူပွဲသို့တက် ရောက်လာမည့်အပျိုလူပျိုများကို လူပျိုခေါင်းက ဦးစီးထိန်းသိမ်းကပွဲစတင်မည့်ည ေနတွင်အ ေရာက်လာကြရေပသည်။ ပွဲကျင်းပသည့် အခါနွား ကိုဝိုင်းပတ်၍ကကြသည်။ အပျိများက ကကြပြီး လူမျိုတို့က တူရိယာများကို တီးမှုတ်ကြ၏။ ပထမဆုံးကရေသာ နတ်ပူေဇာ်အဖွဲ့ ကခုန် နေစဉ် အလှူရှင်မိသားစုက ခေါင်ရည် သို့မဟုတ် အချိုရည် ကိုငုံပြီး နွားကိုပက်ဖျန်းရသည်။ ကခုန် သောအဖွဲ့ကို အိမ်ရှင်က ဝက်တစ် ကောင်သတ်ကာ ထမင်းေကျွးရသည်။ တစ်ဖွဲ့က တစ်ဖွဲ့နားဖြင့် ကလိုက်ကြသည်မှာ ညလုံးပေါက်ပင်ဖြစ်သည်။ နောက် တစ်နေ့ နံနက်တွင် နတ်ပူဇော်သည့် အကအဖွဲ့သည် ယဇ် ကောင်နွားကို ၁၂ပတ်တိတိဝိုင်းဖွဲ့ကခုန်ကြသည် နတ်ဆရာက အမိန့်ေပးလိုက်သည့်အခါ အဖွဲ့ဝင်တစ်ဦးကနွားကို တစ်ချက်တည်း ဖြင့်ထိုးကာ ပူဇော်လိုက်ရသည်။ ေနာက်တစ်ဦးက နွား၏လျှာကို သူ၏သွားဖြင့်ကိုက်ဖြတ်ပစ်လိုက်ရသည်။ ဤသို့ပြုလုပ်ရခြင်းမှာ 'မြို' လူမျိုးတို့၏ စာကို နွားကစားပစ်သဖြင့်ဒဏ်ခတ်ခြင်း ဖြစ်သည် ဟုဆိုသည်။ နွားထိုးသူနှင့်နွားလျှာဖြတ်သူကို အရှင်က ခေါင်း ပေါင်းစတစ်စနှင့် အချိုရှည်တစ်ပုလင်းလက်ဆေင်ပေးလေ့ရှိသည်။ ထို့နောက်နွားသေကိုအလှူရှင်၏အိမ်ကွပ်ပျစ်၌အမဲဖျက်ကြကာ ဝိုင်းချက်ကြသည်။ ဤအေတာအတွင်းကခုန်မှုများကို ဆက်တိုက် ပြုလုပ်ကြပြန်သည်။ ထမင်းဟင်းကျက်သည့်အခါ အခြးရွာမှဧည့်သည်များအား အရင် ေကျွးေမွးဧည့်ခံရသည်။ ပြီးေနာက်မှ ရွာသားများစားေသာက်ကြသည်။ နံနက်စာစားပြီးနောက် ထပ်မံ ကခုန်ကြပြန်သည်။ ညနေပိုင်းတွင်းအခြားရွာမှဧည့်သည်များထွက်ခွာသွားကြေသာ်လည်း ရွာသားများကမူ ေနာက်ဆုံးေလးညတိုင်တိုင်ကခုန်လျက်ကျန်ရစ်ခဲ့ကြသည်။[၂၃]

ကျေးရွာ နှင့် အိုးအိမ်တည်ဆောက်ပုံဓလေ့

[ပြင်ဆင်ရန်]
မြိုလူမျိုးနေအိမ်တည်ဆောက်ပုံ

မြိုတိုင်းရင်းသား တို့သည် တောတောင်ကိုနှစ်သက် သူများဖြစ်ကြသည် တောတောင်များကိုငါတို့ ကျေနပ်စွာ အုပ်စိုးမည် လွတ်လွတ်လပ်လပ် နေထိုင်စားသောက်မည်ဟု ခံယူထားကြပြီး တောတောင်များကို အုပ်စိုးသည့် တောင်မင်းဟု ဆိုရမှာပါ။ ကျေးရွာတည်ဆောက်ရတောမည်ဆိုလျှင် တောင်ယာ စို်က်ပျိုးရန်၊ အမဲလိုက် အသားငါး ဖမ်းရန်၊ ရေ၊ သီးနှံ ဆွတ်ခူးစုဆောင်းရန် နှင့် အေးချမ်းသာ ယာမှု ရှိသည့် အရပ် ကို စလေ့လာရ သည်။ ပြီးနောက် မြို တို့၏ ရိုးရာ ဓလေ့အရ ကျေးရွာ ကိုတည်ထောင်ရန် မြေနေရာ ကို စနစ်တကျရွေးချယ်လေ့ရှိသည်။ ရွေးချယ် ကြပုံမှာရွာ တည်ထောင်လိုသည့် မြေကွက်တွင် ဆန်စေ့ သို့မဟုတ် ငရုတ်ကောင်းစေ့ ကို မြှပ်နှံပြီး မြေနေရာကောင်း၊မကောင်းသိရှိနိုင်ရန် မြေစောင့်နတ်ကို တိုင်တည်၍ ဆုတောင်းရသည်။ နောက်တစ်နေ့ နံနက် တွင် မြှပ်နှံထားသည့် ဆန်စေ့၊ ငရုတ်ကောင်းစေ့ များကို တူးဖော်ကြည့်ကြသည်။ မကျိုးမပဲ့ အကောင်းအတိုင်း ရှိပါက မြေကွက်တွင် ရွာတည်ထောင်ရန် သင့်သည်ဟု ယူဆကာ ကျေးရွောတည်ထောင်ကြသည်။ အကယ်၍ မြှပ်နှံထားသည့် ဆန်စေ့ သို့မဟုတ် ငရုတ်ကောင်းစေ့ များကျိုးပဲ့နေပါက ထိုနေရာတွင် ကျေးရွာတည်ထောင်ရန်မသင့်ဟု နတ်က ညွန်ပြခြင်းဖြစ်သည်ဟု ခံယူကြ သည်။ ပြီးနောက် ရွာတည်မည့် မျိုးနွယ်အကြီးအကဲ သို့မဟုတ် ကျေးရွာလူကြီးခေါင်းဆောင်က အိပ်မက်ခြင်းအားဖြင့်လည်း ရွေးချယ်ကြသည်။ အိပ်မက် တွင် ငါး၊ရေကြည် ပြင်၊ မြင်မက်က ကောင်း၏။ ထိုနေရာ တွင် ရွာတည်ကောင်း၏ စီးပွားဖြစ်ထွန်းမည်၊ ငွေရေးကြေးရေး အဆင်ပြေ မည်ယူဆကြသလို ပန်းနီ၊ မြွေ၊မီး၊မိုး မြင် မက်ပါက လူသေများမည်၊ ပြဿနာများမည် စီးပွားဖြစ်ထွန်းမှုနည်းပါးနည်ဟု ယူဆကြလေ သည်။ [၂၄] အိုးအိမ် တည်ဆောက်ရာမှာလည်း ရိုးရာဓလေ့ အိမ်သစ်တည်ဆောက်ရာမှာလည်း မိမိ အိမ်တည်ဆောက်လိုသည့် မြေကွက် ၌ ဝါးခြမ်းတိုများဖြင့် စိုက်ပြီး မြေစောင့်နတ် ကို ကြက်ကလေး အဖြူ၊ကြက်နီ ဖြင့် ပူဇော်ပသ တိုင်တည်၍ အိမ်ဆောက်လုပ်ရန်ကောင်း မကောင်း ကို အိပ်မက်တောင်းကာ ဆုတောင်းရသည်။ ထိုည၌ အိပ်မက်ကောင်းမြင်မက်ပါက ထိုနေရာတွင် အိမ်တည်ဆောက်ရန် စီစဉ်ကြသည်။ အိပ်မက်တွင် မီး၊ မိုး၊ ပန်းနီ၊လေယဉ် မြင်မက်ပါ က လုံးဝ အိမ်တည်ဆောက်ရန်မကောင်းဟု ယူဆလေ့ရှိသည်။ ကောက်ယူသည့် အနက်က မီး မြင်မက်က ပြဿနာများမည်၊ မိုးမြင်မက် က၊ မျက်ရည်ကျမည်၊ ပန်းနီမြင်မက် က အစိမ်းသေ၊ လေယဉ်မြင်မက်က လူသေအလောင်း …စသည့် အနက်ကို ကောက်ယူကာ မကောင်းဟု မှတ်ယူကြသည်။ ရိုးရာအိမ်ကို သစ်ဝါးကို အခြေခံ ကာ တည်ဆောက်ကြသည်။ သို့သော် များသောအားဖြင့် ဝါးဖြင့် ခြေတံရှည်အိမ်များ ကို တည်ဆောက်ကြသည်။ [၂၅]အိမ်မဆောက်မီ လိုအပ်သော ဝါး၊သစ်များ၊နှီး များကို စုဆောင်းပြင်ဆင်ထားရသည်။ အိမ်တည်ဆောက်ရာတွင် ခေါင်တိုင်ကို မင်္ဂလာ တိုင်အဖြစ် သတ်မှတ်၍ ဦးစွာစိုက်ထူလေ့ရှိသည် တိုင်ကို အိမ်ရှင်ဖြစ်သူ ကိုယ်တိုင်စိုက်ထူရသည်။ ပြီးနောက် မြိုတိုင်းရင်းသားရိုးရာအိမ်များသည် အရှေ့ဘက်တည့်တည့် မျက်နှာမူလေ့မရှိပေ။ အလျားလိုက် ရှေ့ဖက်နေထွက်ရာဖက်မှအနည်းငယ်စောင့်ကာ ဆောက်လေ့ရှိသည်။ အမိုးအကာ နှင့် လိုအပ်သည့် အခင်းတို့သည် ဝါးလုံး၊ ဝါးရွက်နှင့် သက် ကယ် များကို အသုံးပြုကြသည်။ အိမ်ဆောက်လုပ်ရာတွင် `အိမ်မ`နှင်`့ မောင်းကာ` ဟူ၍ ရှိသည် အိမ်မကို (ကိမ်-Kim ) အိမ်မကို(ကိမ်မာ-Kimma) အိမ်ဖိုကို(ကိမ်တောမ်-Kimtom) ဆောက်လုပ် ပြီး စီးပါက မောင်းကာ ကိုရှေ့တစ်ဆောင် နောက်တစ်ဆောင် တွဲ ဆောက်လေ့ရှိသည်။ အနောက်ဘက် အဆောင်ငယ်သည် အိမ်တွင်း အသုံးပြု မည့် ပစ္စည်းများ တိုထားရာနေရာ၊ ရှေ့ဖက်အဆောင် ငယ်သည် ဧည့်သည် ခန်း အဖြစ် သတ်မှတ်ပြီး အိမ်မ သည် မိသားစု အိပ်ခန်း ရိုးရာ တန်ဖို့ထားရသည့် ပစ္စည်းများ ထားရသည် အတွက် အပြင်လူ ဝင်လေ့မရှိ။ အိမ်ခေါင်သည် ခေါင်ချိုး ဖြစ်သည် ဘယ်ဘက်ထောင့် နားမှာ ရေစင်ရှိပြီး ညာဘက်ထောင့်တွင်အိုးခွက် ပန်းကန်၊ဟင်းသီးဟင်းရွက်ထားရာစင်၊ အိမ်မ ထောင့်တွင် မီးဖို ရှိသည် မီးဖိုသည် စနေနေ့လုပ်လေ့မရှိပေ အကြောင်းမှာ စနေ သည် မီးဖြစ်သည်ဟု ယူ ဆထားသည်။။ မီးဖို လုပ်သည့် အခါတွင် မြေသားကို ပလှိုင်းတောင်းဖြင့် စုံ ဂဏန်းမဖြစ်ရ မြေအရေအတွက် မ ဂဏန်းဖြင့်သယ်ရသည် မီးဖိုလုပ်ရာ၌ မရယ်ရ ရယ်မိရင် မီးဖို အက်ကွဲတတ်သည်ဟု ယူ ဆကြသည်။ မီးဖိုတန်း ပေါ်၌ ကျပ်စင်တစ်ခုရှိပြီး ရေဘူးခွန်ထည့်ထားပြီး ကြာရှည်ခံရန်နှင့်အနှံကောင်းစေရန် ဖြစ်သည်။ အိမ်တစ်အိမ်တွင် ဓားကိုကြည့်ခြင်းအားဖြင့် လူ ဘယ်နှစ်ယောက်ရှိသလဲ သိနိုင်သည်။ အိမ်တွင်လူ မရှိပါ က လှေကား ကိုမှောက်လှန်ထားခြင်း၊ဝါးထရံကာထားခြင်း ပြုလုပ်ထားလေ့ရှိသည်။ မြိုတိုင်းရင်းသားတို့၏ ရိုးရာအိမ်ဆောက် လုပ်ပုံတွင် ထူးခြားချက်မှာ မိဘများ အသက် အရွယ်ကြီးရင့်လာလျှင် ကွပ်ပျစ်နှင့် တစ်ဆက်တည်းတွင် မိဘဆောင်ကိုတွဲ၍ ဆောက်လုပ်ပေးလေ့ရှိခြင်းပင်ဖြစ်သည်။ ထိုအဆောင်လေးမှာနှစ်လောက်စာနေ လောက်ရုံအခန်းငယ်ကလေးဖြစ်သည်။[၂၆]

တောင်ယာစိုက်ပျိုးရေးလုပ်ငန်း

[ပြင်ဆင်ရန်]

မြိုတိုင်းရင်းသားများသည် အဓိက စီးပွား ရေးလုပ်ငန်းသည် တောင်ယာစိုက်ပျိုးရေး ဖြစ်သည်။ တောင်ယာလုပ်ငန်းသည် တောင်ပေါ်နေတိုင်းရင်းသားများ၏ အဓိက အသက်မွေးဝမ်းကြောင်းဖြစ်သည်။ တောင်ယာလုပ်တော့မည် ဆိုလျှင် ဦးစွာ မိသားစု လူဦးရေကိုကြည့်ရသည် မိသားစုများ နေလျှင် များသလို အကျယ် ချဲ့ခုတ်ထွင်းရသည်။ မိသားစုနည်းလျှင်နည်းသလို ခုတ်လေ့ရှိသည်။ ထိုကြောင့် မိသား စုများလျှင် မိသားစုနဲ့လုံလောက်သည့် ယာခင်း ကို စုံစမ်းလေ့လာရသည်။ သို့သော် အခေါင်း သုံး လုံးရှိသည့် ယာခင်းသည် နတ်ဆိုးအိမ်၊ တောင်ယာလုပ်လျှင်သေမည်ဆိုကာ ရှောင်လေ့ရှိသည်။ မိမိလုပ် ကိုင်မည့် ယာခင်းကို စုံစမ်းပြီးလျှင် ထိုတောင်ယာကို လုပ်ကိုင်ရန်အတွက် ဝါးပင် ငါး ပင်မှ ဆယ်ပင် လောက်မျှခုတ်ထားကာ အိပ်မက်ယူရသည်။ အိပ်မက်တွင် ရေပြင်၊ ငါး၊ မြင်မက်က ကောင်း၏၊ မီး၊မိုး၊ သွေးမြင်မက်က မကောင်း ဟုအနက်ကောက်ကာ အိပ်မက်ရယူရသည်။ အိပ်မက်ကောင်း၍ စခုတ်တော့မည်ဆိုလျှင် ဦးစွာ ဓားသွေးကျောက်ပြားကိုယာခင်းတွင် သွားထားရသည် ထိုနေ့တွင် ဝါးဆစ် တစ် ပိုင်းကို ပိုင်းဖြတ်ကာ ရေပြည့်ရသည်။ ရေပြည့်သည့် အခါ၌ ရေမြှုပ်ကို ကြည့်ပြီး ပေါက်ပင်များမည် မများမည်ကို ခန့်မှန်းရသည်။ ထိုဝါးဆစ်ပြည့်သည့်ရေပုလင်းကို ဓား သွေးကျောက်ပြားပေါ်ထားပြီး အ လယ်တည့်တည့်ခွဲဖြတ်ကာ မျောက်ပိုင်းလှန်နေပါက နမိတ်ကောင်း သီးနှံထွက်တိုးကောင်းမည်ဟု နောက်ဆုံးယာခင်းခုတ်ပြီးသည့်နေ့ တွင် ပြုလုပ်ရသည်။ ထို့အပြင် တောင်စောင့်နတ်၊ ချောင်းစောင့်နတ် အရပ်လေးမျက်နှာ ရှိနတ်များအတွက် ယာခင်းကိုမီးရှိုးသည်အချိန်တွင် ထွက်ပြေးလွတ်နိုင်ရန် တုတ်ချောင်းလေးချောင်းကို ပစ်ပေးထားရသည်။ တစ်နှစ် တစ် နှစ် တောင်ယာကို ဇန်နာဝါရီလ နှင့် ဖေဖော် ဝါရီလ လောက်မှ စတင်ခုတ်လဲပြီး တောင်ယာ တစ်ခင်းကို နှစ်လကြာခန့် ခုတ်ထွင်းပြီး မတ်လ တွင်မီးရှိုးရသည်။ ဧပြီ လတွင်ကောက် ပဲသီးနှံများကို စတင်စိုက်ပျိုးရသည်။ ယာခင်း တွင်မည်သည့် ပျိုးပင်၊မျိုးစေ့ မချခင် ကြက်၊ ခွေး၊ ဆိတ် တို့ဖြင့် ယာခင်းကို သွေးပူဇော်ရသည်။ တောင်ယာလုပ်ငန်းမစတင်ခင် တစ်ရွာလုံး ပေါင်း ကြက်၊ ဝက်၊ ဆိတ် တို့ ဖြင့် ကပ်ဘေးဆိုးကျိုး ရွာသူ၊ ရွာသားများအပေါ် မ ဆိုက်ရောက်စေရန် နှင့် သီးနှံထွက် တိုးစေရန် ရွာခင်းပွဲကို ကျင်းပလ့းရှိသည်။ ထိုအချိန်အတွင်း ရွာထဲတွင် ရွာသူ ရွာသားများသည် အလုပ် လည်းမလုပ်ရ အပြင်လည်း မထွက်ရ သလို မည်သည့် ဧည့် သည်ကိုမှ အဝင်မခံပါ။ ဝင်မိပါက ထိုအခင်းပွဲတွင် ကုန်ကျစရိတ်ကိုပေးလျော်သည့်အပြင် အခင်းချိုးဖောက်မှု ဒဏ်ကျေးလည်း အကန့် သတ်မရှိ ပေးလျော်ရသည်။

ရွာခင်းဓလေ့

[ပြင်ဆင်ရန်]

မြိုလူမျိုးဓလေ့ထုံးတမ်းအရ တစ်နှစ်တွင် ရွာခင်းပွဲ နှစ်ကြိမ်ကျင်းပ လေ့ရှိသည် တောင်ယာမီးရှုးပြီးသည့် အချိန်၌ မည်သည့် မျိုးစေး ယာခင်းတွင်မဝင်ခင် တစ်ခါ၊ မျိုးပင်များ ဖူးပွင့်ခါစ တစ်ခါ နှစ်ကြိမ် ကျင်းပလေ့ရှိသည်။ သို့သော် ကျေးရွာ အဖျားနှာများ၍ သော်လည်းကောင်း၊ လူနှစ်ဦးအထက် ဆက်သက်၍ သေဆုံးသော်လည်းကောင်း ရွာခင်းပွဲ လုပ်ရသည်။ ထိုအခင်း ပွဲသည် ပုံမှန် ခင်းရိုးမ ဟုတ် ဘဲ ကုလားမမျောက် သို့မဟုတ် ကဒိုးကဒါ နှစ်ကောင်ကို တောထဲမှာ မရရအောင်ဖမ်းရသည်။ ရပြီဆိုပါက ထိုအကောင်ကို အရည်ခွံခွာ၍၎င်းအရီခွံအား ဖြင့်လေးလက်နက်ကိုင်သည့် လူပုံကိုဆင်၍ ရွာ၏ အဝင်ဝ တွင်တစ်ခု ထွက်ပေါက်တွင် တစ်ခု အဝတ်ဆိုးဖြင့် လေးလက်နက်ကိုင်သည့် အရုပ်ပုံကို ချိတ်ဆွဲ ကာထားရသည်။ ထို့အပြင် အဝင်ဝ နှင့် ထွက်ပေါက်တွင် ဝါးခြမ်းစိတ်ချွန် နှင့် ကြိမ်ဆူး ဖြင့် စည်းရိုး ကိုထိုးပြီး ကာရသည်။ ညနေ မှောင်စတွင် ကျောက်စ ရိုက်များ နှင့် ဆန်ကို ရောပြီးနတ်ဆိုးမောင်းထုတ်သည့် ကာထာ ခုနှစ်ခါ ရွက်ဆိုကာ ဆုံခေါက်ပြီး ၎င်း ကာထာဖြင့်ရွက်ဆိုထား သည့်ကျောက်စရိုက် နှင့်ဆန်ကို အိမ်အောက် ရွာပြင်နေရာအနှံ့ကျဲ့မောင်းရသည် နတ်ဆိုးရှိ မရှိ ကို ထွက်ပေါက်တိုင်း ချည်မျှင်ပင်၇ ပင်ပတ်ထိုးထားသည်ကိုကြည့်ရသည်။ အကယ်၍ နတ်ဆိုးထွက် ပါက ထိုချည်မျှင်ကြိုးဖြတ် ကိုကြည့်ခြင်းအားဖြင့် ဒီကထွက်သည်ဟု မှတ်ယူပါသည်။ ထိုအတွင်း အပြင်ဧည့်သည် ကိုလုံးဝ ဝင်ခွင့်မပြု သလိုရွာသားများလည်းရွာအပြင်ထွက်ခွင့်မပြု ။ (၇) ရက် တစ် ပတ်ပြုလုပ်ရသည် သို့သော် ရွာသားများကမူ တစ်ရက်မှ နှစ်ရက်ထိသာ တိတ်တိတ်ဆိတ်ပြုလုပ်ပြီး သုံးရက်မြောက်တွင် အပြင်ထွက်နိုင်သည် အပြင်ဧည့်သည် ကိုမှု (၇) ရက် အဝင်မပြုပါ။ ထိုအခင်း ကို( ခင်မ်ဆုံ ) နတ်ဆိုးမောင်း ထုတ်သည်ဟုခေါ်ပါသည်။[၂၇]

စားယှာမ်ခင်

[ပြင်ဆင်ရန်]

(စားယှာမ်ခင်) သည် ကောက်ပဲသီးနှံများ ဖူးပွင့်စအချိန်တွင် ပြုလုပ်လေ့ရှိသည်။ ထိုအခင်းသည် အသီးအနှံများ အထွက်ကောင်းနိုင်ရန် နှင့် တောတိရိစာ္ဆန် များမပျက်စီးရန် ဖြစ်သည်။ အခင်းပြုလုပ် ပုံမှာ ကောက်ညှင်းအနက်တစ်ဗူးကို ရေစိမ်ထားရသည် ထိုကောက်ညှင်းမည်းနက်ရည်ကို ဝါးတစ်ဆစ်တွင်အပြည့်ထည့်ကာ ကြက် နှင့်အတူ ယာခင်းကို သွား၍ ယာခင်းပတ်ပတ်လည်ဖြန့်ရသည်။ ယာခင်း ပတ်ပတ်လည်ဖြန့်ပြီးပါက ယာခင်းတွင် စိုက်ပျိုးထားသည့် စပါးပင် တစ်မျိုးမှ တစ်ပင်၊ ကောက်ပဲသီးနှံများ တစ်မျိုးမှ တစ်ပင်စီစုဆောင်းရသည် ၎င်းပစ္စည်းတစ်မျိုးစီသည် ပိန်းရွက်ပေါ် ပုံထားပြီး ကြက် သွေးဖြင့်ပူဇော်ရသည်။ ယာခင်းတွင် ပူဇော်ပြီးပါက (တောင်ယာမှကျောက်ဖရုံညွန်းခူးလာပြီးထိုကြက်ကောင်ကို ကျောက်ဖရုံညွန်းနဲ့ချက်စားရသည်မှာအလွန်ပင်မြိန်သည့် ဟင်းပွဲ တစ်ခွက်ဖြစ်သည်)။ တစ် ဖန်ရွာအလယ်တွင်ယဇ်ပူဇော်ရန်ပလ္လင်ဆောက်သည်။၎င်းစင်ပေါ်တွင်တစ်ရွာလုံးကောက်ပဲသီးနှံအမျိုးအစားအသီးသီးကိုကြက်တစ်ကောင်စီနှင့်အတူယူဆောင်လာကြ၏။ တစ်ရွာလုံး၏ကောက်ပျိုးပင်စုံပြီဆိုပါက ဓလေ့ရိုးရာ သိနားလည်သူ သက်ကြီးသူတစ်ဦးမှ ဆုမွန်ကောင်း တောင်းပြီး ၎င်း ကောက်ပျိုးပင်များအား ကြက်သွေးဖြင့်ပူဇော်ပသပြီးပြီဆိုလျှင် မိမိကြက် ကောင်ကိုလာယူကြသည်။ ထိုပွဲအခင်းသည် သုံး ရက်ကြာသာပြုလုပ်ကျင်းပသည်။ ထိုအခင်းအတွင်းလည်းအပြင်ဧည့်သည်ကိုကျေးရွာအတွင်း ဝင်ခွင့်မပြု၊ ဝင်မိပါက ကြက်အကောင် တစ်ရာ နှင့် ဝက် ငါးဆုပ် တစ်ကောင် ပေးလျော်ရသည်။ ထို အခင်း တွင်ရိုးရာ ကောက်ညှင်း မှုန့်ဖက်ထုပ်ကို အိမ်တိုင်းပြုလုပ်ကြသည်။ သုံးရက်လွန်မှသာ အခင်းပြီးမြောက်သည်ဟု ဆိုနိုင်သည်။

ဈာပန အခမ်းအနား

[ပြင်ဆင်ရန်]

မြိုထုံးတမ်းစဉ်လာအရ ရွာတစ်ရွာတွင် လူတစ်ဦးသေဆုံးလျှင် တစ်ရွာလုံးအလုပ် မသွားကြ ဘဲ အသုဘအ ခမ်းအနား တွင်ပါဝင်ရသည်။ အသုဘသည် တစ်ရက်မှ သုံးရက် ထားရသည် အကယ်၍ ရွာ သူကြီး၊ တစ်ရွာ၌ အကြီးအကဲ သေဆုံးနေလျှင် ရပ်ဝေးက ဆွေမျိုးများ အသုဘသို့လာ တွေ့နိုင်ရန် သုံးရက် ထားရသည်။ သာမန်လူဆိုလျှင် တစ်ရက် သာထားရသည်။ ထို အသုဘ ညများတွင်း ညတိုင်း လူပျို၊ အပျို၊ မင်းကျွန် များက ရိုးရာ စောင် နှင့် တုရိယာ ပလုံ တို့ဖြင့် သီချင်းကျူးဧကြရင်း စောင့်လေ့ရှိသည်။ မြို ထုံးတမ်းအရ လူတစ်ဦးက အကြောင်း အမျိုးမျိုးကြောင့်ရွာ၏အပြင်၌ သေဆုံးနေလျှင် ကျေးရွာ ထဲတွင် လုံးဝ ဝင်သွင်းလေ့မရှိ၊ ထို့အပြင် ကြိုးဆွဲချသေဆုံး သူများကို သချၤိုင့်တွင် မြေမြှုပ်ထားလေ့မရှိ ။[၂၈] [၂၉]၇ ရက်မပြည့်သေးသည့် နို့စို့ကလေး သေဆုံးလျှင်လည်း သချ်ိုင့် တွင် မြှုပ် လေ့မရှိ။ အကယ်၍ သေဆုံးသူကို မီးသင်္ဂြိုဟ်မည်ဆိုလျှင် ကျေးရွာတွင် အိမ်တိုင်း ထင်းတစ်ချောင်း ကျ ပါဝင်ထည့်ပေးလေ့ရှိသည်။ လူတစ်ဦးသေ ဆုံးတိုင်း ခွေးတစ်ကောင်သတ် ပေးလေ့ရှိသည်။ အကြောင်းမှာ ခွေးသည် ဝိညာဉ် သွားလိုသည့်နေရာ ကို လမ်းပြပေး ရန်အတွက်ဖြစ်သည်။ [၃၀]ယင်းအသုဘ အခမ်းအနားတွင် ပါသော သူများအတွက် အိမ်ရှင်မှ ဝက်တစ်ကောင် သတ်ရသည်။ ထို ကြောင့်ပင် မြို တိုင်းရင်းသား တို့၏ အိမ်တိုင်း ကြက်၊ ဝက်၊ ခွေး ကမရှိမဖြစ် မွေးမြူရသည်။ ထို့ပြင် အသုဘ အခမ်းအနားကို သွားကြသည့် သူများအိမ် ပြန်လာလျှင် အိမ်ပေါ် မတက်ခင် မီးဖိုက ပြာကို လှေကားရင်း မှာထားရသည့်အပြင် ခြေ၊လက်မှာ ပြာမုန့် ဖြင့် ဆေးကြောလေ့ရှိသည်။ ဘာကြောင့် မီးဖိုပြာမုန့် ဖြင့် အသုဘပြန်လာသည့်အခါ တွင် ဆေးကြောရသလဲ ဆိုလျှင် ရိုးရာ ပုံပြင်အရ ရှေးရှေး က မြို လူမျိုးသည် သေဆုံးသူများကို သေဆုံးသည် ဟု မဆိုပေ၊ လူတစ်ဦးသည် ခန္ဒာကိုယ်လဲ သည်ဟု သာခေါ်ပြီး ၇ ရက် တစ်ပတ်ဆိုလျှင် ပြန်လာသည် ဟု ဆိုကြသည်။ ယင်းပုံပြင်တွင် ဤသို့ ဆိုပါ သည် တစ်နေ့တွင် ဆွေးမ ၏ယောက္ခထီး က မသေဆုံးခင် ဆွေးမ ကို မှာထားသည်(၇)ရက်တစ်ပတ်ပြည့် လျှင်ပြန်လာမည်အရုပ်ဆိုးမည်ဖြစ်သည့် အတွက်ရေနွေးအိုး တည်ထားပါဟုမှာထားအပြီး သေ ဆုံးသွားသည်။ ဆွေးမသည် ယောက္ခထီးမှာထားသည် အတိုင်း (၇) ရက်ကို စောင့်နေ၍ (၇) ရက်ပြည့်ညနေပိုင်း မီးဖို မှ ထွက်လာပြီး ငါ့ဆွေး မ ငါပြန်လာပြီ ရေချိုး ပေးပါဦး လို့ ပြောလာသည်ကို ကြား သည် နှင့် လှမ်းကြည့် ရာ .ဆွေးမသည် .တစ်ခါတည်းထိပ်လန့်ပြီး ယောက္ခထီးမဟုတ်ဘူး သရဲ ဟု ဆိုကာ မီးဖိုက ပြာဖြင့် ပစ်ပေါက်လိုက်သည်။ ထိုအခါ အဖိုးအို သည် ဤသို့ မှာကြားသည် လူသားသည် သေဆုံးပြီးလျှင် ပြန်လာမည်မဟုတ်ကြောင်း ပြော ပြီး ပြန်သွားလေ၏ ဟု ဆိုသည်။ ထိုအျိန်မှစ၍ ယနေ့တိုင်လူသားသည် သေဆုံးပြီးလျှင် ပြန်မလာတော့ သည် ဟု ယူဆကြလေသည်။

ကိုးကား

[ပြင်ဆင်ရန်]

[၃၁]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) အပိုင်း (ခ) စာ-၄၂၅-၄၂၆။
  2. .မယ်ယုတောင်စွယ်ကြားမှ သွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်)
  3. ရခိုင်ရာဇဝင်သစ်ကျမ်း(ပထမတွဲ)(စာ ၉၃-၉၆)(စာ ၁၂၂-၁၃၅).
  4. History of Burma ,1883,pg,43,45
  5. Mro-cha-A hub for Mru Indigenous people promoting the Mru Retaning their Ethnicity,pg,24
  6. ဓညဝတီရာဇဝင်သစ်ကျမ်း(ပဌတွဲ)၊၁၃၁၆-ခုနှစ်၊စာမျက်နှာ-၁၃၁။
  7. Morternal Morbidity and Mortality among Indigenous People in Bangladesh: A study of the Mru Community, pg,18,32
  8. A Politics of Nudity: Photographs of the‘Naked Mru’ of BangladeshWILLEM VAN SCHENDELhttps://pure.uva.nl/ws/files/3501618/153275_201292.pdf
  9. Francis Buchanan in Southeast Bengal (1798) ,P.65.
  10. ရှုဒေါင့်ၐျာနယ် စာမျက်နှာ (၃၅)
  11. Francis Buchanan in Southeast Bengal,1798 . Edited by Willem Van Schendel, 1992. p.65,67..
  12. Ethnology of India .,R.G.Latham, 1997, P,88..
  13. Notes on the Early History ,The Geography,The Languages & Dialects, The Brahman & Sanskrit Literature, of British Burma, ( Em.Forchhammer,Ph.D,1883-85).
  14. British Burma Gazetteer Vol.ll in 1879 , P. 425
  15. L.G. Loffler. 2012.Ethnographic- Notes on the Mru and Khumi of the Chittagong and Arakan Hill Tracts. A Contribution to our knowledge of South and Southeast Asian Indigenous Peolples, mainly based on filed research in the Southern Chittagong Hill tracts.
  16. 12. Mro-A Typeface for Mro A Chittagong Hill Tract Language Script
  17. Morphosyntactic Analysis of Mro Language
  18. JTC1/SC2/WG2 N3589R L2/09-097R 2009-10-27
  19. H. Yamada. 2019. NEGATIVE ORIGIN OF A CULTURAL TRAIT? MYTHS OF THE LOSS OF LITERACY, P, 47-48.
  20. ရှုဒေါင့်ၐျာနယ် စာမျက်နှာ (၃၅)
  21. ရိုးမခေါ်သံ မောင်စံဖော်(စာ၁၂-၁၅)(စာ ၁၆-၁၉).
  22. THE BRITISH BURMA GAZETTEER IN TWO VOLUMES. VOZi. II PRINTED AT THE GOVERNMENT PRESS. 1879: Rangoon,p, 425.
  23. မေယုတောင်စွယ်ကြားမှသွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်) စာမျက်နှာ-၈၄-၈၆
  24. THE BRITISH BURMA GAZETTEER IN TWO VOLUMES. VOZi. II PRINTED AT THE GOVERNMENT PRESS. 1879: Rangoon,p, 425.
  25. https://www.researchgate.net/publication/226498628_Housing_pattern_and_food_habit_of_theMro-tribe_community_in_Bangladesh_A_forest_dependence_perspective မြိုလူမျိုးတို့ ရိုးရာအိမ်တည်ဆောက်ပုံအကြောင်းတရား။
  26. Housing pattern and food habit of the Mro-tribe community in Bangladesh: A forest dependence perspective
  27. THE,HILL TRACTS OF CHLTTAGONGAND THE DWELLERS THEREIN;BY GAPT, T. H , LEWIN, 1869. P-94
  28. British Burma Gazetteer .Vol.ll in 1879 ,P,425, 68.
  29. Captain .G. Rigby, History of Operations in Notherns in Arakan and Yawdwin Chin Hills , Rangoon, 1897,P.80
  30. G,Hughes '' Hill Tracts of Arakan ,'' Rangoon ,1881, P, 23
  31. ထွန်းရွှေခိုင်(စစ်တွေကောလိပ်)၊ ရခိုင်ရှေ့ဟောင်း မြို့တော်များ၊ စာ - ၁၄၁

အခြားဖတ်နိုင်သောလင်ခ့်

[ပြင်ဆင်ရန်]

https://en.wikipedia.org/wiki/Mru_people


ပြင်ပလင်ခ့်

[ပြင်ဆင်ရန်]

http://www.jmaministries.org/reaching-mru.html Reaching Mru people in Myanmar.

http://en.banglapedia.org/index.php?title=Mru,_The Banglapedia, National Encyclopedia of Bangladesh.

https://www.rufford.org/files/8744-1%20Detailed%20Final%20Report.pdf 25 October 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Status and impact of traditional forest fauna harvesting by the Mro tribe in the hill forests of Bangladesh: Policy implications for biodiversity conservation.