ဓား

ဝီကီပီးဒီးယား မှ
Large knife with polished wooden handle, lying next to a leather sheath
A Bowie knife of pattern-welded steel
Refer to caption
A table knife resting on a stand

ဓား သည် သတ္တုဖြင့်ပြုလုပ်ထားသည့် ပါးလွှာရှလွယ်သည့် သတ္တုပြား ဖြစ်သည်။ ဓားကို အရာဝတ္ထုများ ဖြတ်တောက်လှီးဖြတ်ရာတွင် သုံးသည်။

အမျိုးအစား[ပြင်ဆင်ရန်]

  • မီးဖိုချောင်သုံးဓား ဟင်းလျာချက်ပြုတ်ရာတွင် အသုံးပြုသည်။ ပုံစံအမျိုးမျိုးရှိသည်။ မီးဖိုချောင်သုံးဓားသည် ပါး၍ ရှလွယ်သည်။ လက်ကိုင်ကို သစ်သား၊ ပလတ်စတစ်တို့ဖြင့် ပြုလုပ်ကြသည်။ အသားနှင့် အစားအစာများ ခုတ်ပိုင်းလှီးဖြတ်ရာတွင် သုံးသည်။
  • စားပွဲသုံးဓား စားသောက်ရာတွင် အစားအစာများ လှီးဖြတ်ရန် အသုံးပြုသည်။ စားပွဲသုံးဓားများသည် အခြားသော ဓားများထက် ထက်ကြသည်။ သို့သော် မီးဖိုချောင်သုံးဓားများလောက်ကား မထက်ကြပေ။ အသားကိုလှီးဖြတ်ရာတွင် သုံးသည့် ဓားများသည် အသားများ လှီးဖြတ်ရန် ဖြစ်သည့်အတွက် ပို၍ ထက်ကြသည်။ ငါးနှင့် ထောပတ်များကို လှီးရန်အသုံးပြုသည့် ဓားများသည် အဝိုင်းပုံသဏ္ဌာန် ဓားသွားပါရှိကာ ဓားသွားများမှာ မထက်ကြပေ။
  • အမဲလိုက်ဓား(Hunting knives) အမဲကောင်များကို အရေခွံခွာရာတွင်လည်းကောင်း၊ အသားများ လှီးဖြတ်ရာတွင်လည်းကောင်း အသုံးပြုကြသည်။
  • ငါးစားရာတွင် သုံးသောဓား(Fishing knives) ငါးများကို လှီးဖြတ်ရာတွင် သုံးသည်။
  • ဆောက်လုပ်ရေးတွင်သုံးသော ဓား(Construction knives) ဗီနိုင်းကြမ်းခင်များ၊ စာရွက်များ၊ ကော်ဇောများ ဖြတ်တောက်ရာတွင် အသုံးပြုသည်။

ဓားရွေးချယ်ခြင်း[ပြင်ဆင်ရန်]

ဓားအမျိုးမျိုးရှိသည့်အနက် မိမိဖြတ်တောက်လှီးဖြတ်လိုသည့် အရာပေါ်မူတည်ကာ ဓားကိုရွေးချယ်သင့်ပေသည်။ သင့်လျော်သောဓားကို ရွေးချယ်အသုံးပြုမှသာ မိမိလုပ်ဆောင်လိုသည်ကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ပေမည်။ သို့မဟုတ်ဘဲ မသင့်လျော်သောဓားကို ရွေးချယ်မိပါက အလုပ်တစ်ခုအတွက် ပိုမိုအားစိုက်ထုတ်ရမည် ဖြစ်သည်။ ဓားသည် ဖြတ်တောက်လှီးဖြတ်ရာတွင် သေးလွန်းနေပါက လွှ၊ ပုဆိန်တို့ကဲ့သို့ ပိုမိုအားကောင်းသည့် ကိရိယာကို အသုံးပြုရပေမည်။

တရားမဝင်ဓားများ[ပြင်ဆင်ရန်]

နိုင်ငံအတော်များများတွင် ဓားကိုသယ်ဆောင်ခြင်းကို တရားမဝင်သော အပြုအမူအဖြစ် သတ်မှတ်ထားကြသည်။ အထူးသဖြင့် ဓား၏ အရှည်သည် လက်မအတိုင်းအတာထက် ရှည်သည့် အခါမျိုးဖြစ်သည်။ နောက်တစ်မျိုးသည် ခလုတ်ကိုနှိပ်ကာ ဓားသွားကို ဖွင့်နိုင်၊ ပိတ်နိုင်သည့် ဓားသည် နေရာအတော်များများတွင် ပိတ်ပင်ထားကြသည်။

ကိုးကား[ပြင်ဆင်ရန်]