မြိုဟူသောဝေါဟာရ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မြိုလူမျိုး
 မြန်မာ
မြန်မာ
Three topless Mru women.jpg
မြိုအမျိုးသမီးများ
လူဦးရေ စုစုပေါင်း
၁၂၀,၀၀၀ ()

“မြို” ဟူသော ဝေါဟာရကို ပေမူတင်၍ အစောဆုံး တွေ့နိုင်သောကျမ်းမှာ ခရစ်နှစ် ၁၄၅၈ ခုနှစ်တွင် ရခိုင်ပညာရှိ အဒူမင်းညို ရေးသားသော “ဘစောဖြူသမီး ဧချင်း” တွင်ဖြစ်ပါသည်။ 1 မြန်မာကျောက်စာများတွင်လည်း ခရစ်နှစ် ၁၄၄၂ ခုနှစ်၊ နရသီဟပတေ့မင်း ရေးထိုးသော စစ်ကိုင်းထူပါရုံ ကျောက်စာ၊ စာကြောင်းရေ (၂၀) တွင်လည်း တွေ့ရပါသည်။ 2 ထို့နောက်တွင် ရခိုင်ရာဇဝင်ကျမ်းများဖြစ်ကြသည့် ရခိုင်မဟာရာဇဝင်တော်ကြီး၊ ဓညဝတီရာဇဝင်သစ်၊ မာရယုနှင့် ဗေဒါရှင်းတမ်း စသောကျမ်းဂန်များ၌လည်းကောင်း၊ အချို့သော စာအုပ်စာပေများတွင်လည်းကောင်း၊ မြိုလူမျိုးများအကြောင်းကိုရေးသားကြရာ၌ “မြို” ဟူသော ဝေါဟာရအပြင် “မြုံ” ဟူ၍လည်းကောင်း၊ “မြုန်” ဟူ၍လည်းကောင်း၊ “မြုမ်” ဟူ၍လည်းကောင်း၊ “မြူ” ဟူ၍လည်းကောင်း၊ “မြို့” ဟူ၍လည်းကောင်း မူကွဲစာလုံးပေါင်းဟန်များဖြင့်လည်းကောင်း ရေးသားထားပါသည်။ မြုံ၊ မြုန်၊ မြုမ်၊ မြူ၊ မြို့ ဟူသော အရေးအသားများသည် “မြို” လူမျိုးများကို ရေးသားထားကြောင်း မှတ်ယူနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ခေတ် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စုများတွင် မြုံ၊ မြုန်၊ မြုမ်၊ မြူ၊ မြို့ လူမျိုးများကို မတွေ့နိုင်တော့ခြင်း၊ ကျောက်တော်မြိုနယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်းတောမြို့နယ်များတွင် အိန္ဒိယတိုင်းရင်းသားများက “မြို” လူမျိုးများကို “မြုံဂျာ” ဟု ခေါ်ဝေါ်နေကြခြင်း၊ 3 မြိုလူမျိုးများသည် မျက်မှောက်ခေတ်ထိ တိုင်းရင်းသားမျိုးနွယ်စု တစ်စုအဖြစ် အထင်အရှား အခြေချနေထိုင်လျက်ရှိနေကြခြင်း စသည့် အကြောင်းအချက်များကို ထောက်လျှင် အထက်ပါ ရခိုင်ရာဇဝင်ကျမ်းနှင့် အခြားသော စာအုပ်စာပေတို့၌ အရေးအသားပြုကြသော “မြုံ၊ မြုန်၊ မြုမ်၊ မြူ၊ မြို့” ဟူသော စာလုံးပေါင်းဟန်များသည် “မြို” လူမျိုးများကိုပင် ရည်ညွှန်းရေးသားထားခြင်းဖြစ်မည်ဟု ယူဆရပါသည်။အထက်ဖော်ပြပါ တိုင်းရင်းသား လူမျိုးစုများမှာ မြန်မာနိုင်ငံ ချင်းပြည်နယ်၊ကချင်ပြည်နယ် ရခိုင်ပြည်နယ် (တိုင်းဒေသ)၊ အန္ဒိယနိုင်ငံ မနိပူရ (Manipur)၊ အာသံ(assam)၊ ထရီပူရ (Taripura) ပြည်နယ် နှင့် ဘင်္ဂလာ ဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်ကြား (Chittagong Hill Tracks= CHT) ဒေသများ အတွင်း ယနေ့တိုင် နေထိုင် လျှက် ရှိကြ ပါသည်။ ဤလူမျိုး များထဲမှ မြို ၊ မရူ စသည် တို့ကို မြန်မာနိုင်ငံ ၏ ၁၃၅ မျိုးသော တိုင်းရင်းသား လူမျိုးစုများ စာရင်း ထဲမှာ ပါဝင် ကြောင်း မှတ်သားရပါသည်။ မရူ=Mru တို့ မှာ မြို (မရို)=Mro နှင့် မူရောင်= Murong ဟုလည်း ခေါ်တွင်၏။ ချတ်ကမာ (Chakmas ) နှင့် မရမ္မ ာ=Marmas (မြန်မာတို့) က သူတို့ကို လင်ဂ်တာ(Lengta), ကူကီ(Kuki ) သို့မဟုတ် လင်ေ၈ျး ( Langye) သို့မဟုတ် ရှေးဟောင်း လူရိုင်းများ ဟုခေါ်ကြပါသည်။ မြေပြန့်သားများကမူ မူရောင် များ= Murongs ဟူ ၍ ခေါ်ကြပါသည်။ အောက်ဖေါ်ပြပါ ကောက်နှုတ်ချက် ကို ရှုပါ။ Mru are also Known as Mro and Murong. Chakmas and Marmas call them Lengta, Kuki or Langye or wild/primitive people while some people of the plains designate them as Murongs.(Ref: SAIFEE p3) မြို ၊ မရူ သည် အယူသီး ရှေးကျလှသော အယူအဆများကို ကိုင် စွဲထားကြ သည့် အတွက် လွန်စွာမှ ပင် ခေတ်နောက်ကျ ကျန်ခဲ့ကြပါသည်။ အင်တာနက်တွင် တွေ့ရသော ဘင်္ဂလာ ဒေ့ရှ် နိုင်ငံ သုတေသီများ ၏ သုတေသနစာတန်း အရ စစ်တကောင်း တောင်ကြား (Chittagong Hill Tracks= SHT) တွင် မရူ လူဦးရေ မှာ ၁၉၅၆ က ၁၇၀၀၀ နှင့် ၁၉၈၁ တွင် ၂၀၀၀၀ မျှသာ ရှိသည် ဆို၏။ The Mru population in Chittagong Hill Tracts in 1956 was 17000 and in 1981, it stood at 20,000. သူတို့ ၏ ဓလေ့ထုံးစံမှာ အဖေသည် အိမ်ထောင်ဦးစီးဖြစ်သော်လည်း၊ အမျိုးသမီးများ (အမေ၊ အဒေါ် တို့ကို ဆိုလို ဟန်ရှိ၏) မှာ အရေးပါသည့်နေရာ က ပါဝင်သည် ဆို၏။ အမွေခွဲဝေရာတွင်မူ အငယ်ဆုံးသားကို အများဆုံးပေး၏။ အငယ်ဆုံးသား သည် မိဘများ အသက်ကြီး အိုမင်းမစွမ်း ဖြစ်ချိန်အထိ အတူတကွ နေထိုင် ရသည်။ ဤ ဓလေ့ထုံးစံမှာ မြို မိသားစု စနစ် ၏ မူလဘူတ အခြေခံ ဖြစ်၏။ အောက်ဖေါ်ပြပါ ကောက်နှုတ်ချက် ကို ရှုပါ။ The Mro society is patriarchal. Although the father is the head of the family, women play a dominant role in social life. The property goes from father to son but the lion's share is given to the youngest son. In old age, father and mother live with him. Elementary and joint family system are prevalent in the Mro society. စိတ်ဝင်စား စရာ အလွန်ကောင်းပါသည်။ ဤ ဓလေ့ထုံးစံမှာ တကောင်း အဘိရာဇာ ခေတ်က ရှေးဗမာ (မြန်မာ) တို့၏ ဓလေ့ထုံးစံ နှင့် တထပ်တည်း၊ တသဘောတည်း ဖြစ်၏။ အောက်ဖေါ်ပြပါ ကောက်နှုတ်ချက် ကို ရှုပါ။ တော်စိန်ကို (Taw Sein Ko) မှတ်တမ်းပြုခဲ့ခြင်းမှာ၊ အဘိရာဇာ ကွယ်လွန်သည့်အခါ သားအငယ်ဖြစ်တဲ့ ကံရာဇာငယ်က တိုင်းပြည်ထီးနန်းကို အမွေ ဆက်ခံ ခဲ့ရ ပါသည်။ သားကြီးဖြစ်တဲ့ ကံရာဇာ ကြီးက မူ ချင်းတွင်းမြစ်ဝှမ်း ဒေသ သို့ သူရဲ့နောက်လိုက် နောက်ပါ များနှင့် ထွက်ခွါသွားပြီး၊ တထီးတနန်း တနိုင်ငံ ထူထောင် ခဲ့သည်၊။ သူ့သား မူဒူချိတာ (မူရူချိတာ ဖြစ်မည်ထင်ပါသည်) ကို နန်းတင်ခဲ့သည် ဟုဆိုပါ သည်။ Abhiraja is stated to have founded Tagaung in the ninth century B. C. He was an Aryan Prince from Northern India, but the course of his migration is not set forth. On his death, the crown was bequeathed to Kanrajange, the younger of his two sons; while the elder Kanrajagyi, moved to the Chindwin valley, established his son, Muducitta, as king at Kale, and, crossing over to Kyaukpadaung, became the first ruler of the Arakanese, who thereby claim to be the elder branch of the race. {Taw Sein Ko (1913) p;17 } ဤသမိုင်း အထောက်အထား များကို အခြေခံ ၍၊ ဗမာ (ဝါ) မြန်မာ (ဝါ) မရမ္မ ာ=Marmas (မြန်မာတို့) သည် မြို (မရို)=Mro ၊ မရူ=Mru ၊ မူရောင်= Murong နှင့် ဇာတိမျိုးရိုး အတူတူပင် ဖြစ်သည်ဟု ဆိုနိုင် ပေသည်။ တနည်း အထက် အဆိုပါ လူမျိုးစုများ မှာ လူမျိုး တမျိုး တည်း ဖြစ်၏။ “သက်”=Sak=Saka=Sakyan=Sythian=Parthian လူမျိုးက မွေးဖွား ဆင်းသက် ခဲ့ခြင်းဖြစ်ပါသည်။ အမှန်ဆိုကား ဤ “သက်”=Sak လူမျိုးထဲမှာ ရူဟွန်ဂျာ ဟု မိမိကိုယ်မိမိ ခေါ်သောလူထု လည်းပါ၏။ သမ္မတကြီး ဦးသိန်းစိန် မိန့်ကြားသည့် အတိုင်း ဖြစ်နိုင်ခြေရှိတာ ကို ဆွေးနွေးတိုင်ပင် ကာ ဆောင်ရွက် ကြမည် ဆိုပါလျှင်၊ ဤအချက်မှာ အဖြေထွက်နိုင် သည့် တခါးဖြစ်ပါ လိမ့်မည်။ ထည့်သွင်း စဉ်ူစားကြပါ။ ဤလူမျိုး တမျိုးတည်းကိုပင် နေရာဒေသ၊ တိုင်းပြည် အသီးသီး တွင် အမည် အမျိုးမျိုး ကွဲပြား ခေါ်ဝေါ်ခြင်း ခံနေရတာ ဖြစ်၏။ သူတို့ဘာသာ အုပ်စုငယ်များခွဲ ထွက်ခဲ့ခြင်း လည်းပါ၏။ ခက်သည်ကား၊ ဤ မြို (မရို)=Mro ၊ မရူ=Mru ၊ မူရောင်= Murong တို့တွင် အက္ခရာတင် ၍ မှတ်သား သင်ကြား စရာ ဘာသာစကား စာပေ မရှိ ခြင်းပင်ဖြစ်သည်။ ပြီးနောက် ဤလူမျိုးစု တို့မှာ လွန်စွာဆင်းရဲ နွမ်းပါးပြီး ခေတ် နောက်ကျ ကျန်နေခဲ့၏။ နောက်ကျဆို နှစ်ပေါင်း ထောင်ချီ နောက်ကျ ကျန်ခဲ့ခြင်းပင်ဖြစ်သည်။ ပုထုဇဉ်လူသားများ သဘာဝ အရ ဆင်းရံနွမ်းပါးသူ ကို ဆွေမျိုးမတော်လိုကြ၊ အဖက်ပင် မလုပ်လိုကြပေ။ စိတ်မကောင်း စရာပင်။ မြန်မာ ရေဒီယို သီချင်းပင် ရှိ၏။ “အညာက ကိုဂွတို …ရန်ကုန်မှာလေ ဂျော်နီ ဂွတို …၊ တောရွာက မဂွက်ထော် ရန်ကုန်မှာလေ မာဂရက် ဂွက်ထော်… အဖေအမေ စစ်ပြန်တော့ ဒယ်ဒီသာဂေါင် မာမီ မဘုတ်ဆုံ ” ဆိုတာပါ။ မကြာသေးမီ ရှေးက မြန်မာပြည် မှာ တောရွာက ဆွေမျိူးများ ရန်ကုန်လိုက်လာလျှင်၊ အိမ်တံခါးပိတ်ပြီး ရှောင်နေကြပါသတဲ့။ ယခုအခါမတော့ ဤအကျင့်မျိုးမရှိတော့ဘူး ထင်ပါသည။


မြိုလူမျိုးတို့၏ အမည်နာမမူကွဲဟန်စာလုးံပေါင်းအရေးအသားအမျိုးမျိုး[ပြင်ဆင်ရန်]

ဤနေရာတွင်မြိုလူမျိုးကို (၃) မျိုးဖြင့်ဖော်ပြရှင်းလင်းပါမည်။ မိမိအခေါ် ၊နီးစပ်ရာလူမျိုးအခေါ်၊ နေထိုင်ရာဒေသအခေါ် ၊နှင့် နိုင်ငံခြားသားအခေါ်ဟူ၍ အမျိုးမျိုးရှိရာ - နီးစပ် ရာလူမျိုး ရခိုင် နှင့် ဗမာတို့က မြို(Mro), မျို(Myo)ဟုခေါ်သည်။ နိုင်ငံခြားသားကုလားတို့က မြုံ (Murong)ဟုခေါ်သည်။ မိမိကိုယ် မိမိတို့က မရူ(Mru)ဟုခေါ်ပါသည်။

ဤ မြို(Mro),မြုံ(Murong),မရူ(Mru) အရေးအသားရပ် (၃)ခုမှ မူကွဲဟန်ရှိသော အရေးအသားအမျိုးမျိုး တစ်ခုချင်းစီကိုထုတ်နုတ်ရလျှင်-

၁။ မြို(Mro)ဟူသော ဝေါဟာရအပြင် မြို့ဟူ၍လည်းကောင်း ၊မျိုဟူ၍လည်းကောင်း ၊ မြိုစာဟူ၍လည်းကောင်း၊ မြိုဆာ ဟူ၍လည်းကောင်း ၊ဒတ်ဟူ၍လည်းကောင်း ၊ တောင်မြို ဟူ၍လည်းကောင်း ၊ တောင်မရိုဟူ၍လည်းကောင်း ၊လောင်းဟူ ဟူ၍လည်းကောင်း ၊တောင်မျိုဟူ၍လည်းကောင်း မူကွဲစာလုးံပေါင်းအရေးအသားအမျိုးမျိုးကိုတွေ့နိုင်သည်။

အင်္ဂလိပ်အက္ခရာအလို- Mro are also known as Mroo,Moroo,Mro-cha, Mro-sa, Dak, Kuki(or)langye, Launghu, Taung Mro, Taung Moroo,Taung Myo written by differently the Mro(Mru) reffer to the tribe.

၂။ မြုံ(Murong) ဟူသော ဝေါဟာရအပြင် မြုန် ဟူ၍လည်းကောင်း၊ မြုမ်ဟူ၍လည်းကောင်း ၊ မရောင်ဟူ၍လည်းကောင်း ၊ မြုံဂျာဟူ၍လည်းကောင်း မူကွဲဟန်စာလုးံပေါင်းအရေးအသား အမျိုးမျိုးကိုတွေ့နိုင်သည် ။

အင်္ဂလိပ်အက္ခရာအလို - Murong are also known as Murung, Moorang, Morung written by differently the Mro(Mru) reffer to the tribe.

၃။မရူ(Mru) ဟူသော ဝေါဟာရအပြင် မြူဟူ၍လည်းကောင်း၊ မြူစာ ဟူ၍လည်းကောင်း ၊ မရူစာဟူ၍လည်းကောင်း ၊ မြူဆာဟူ၍လည်းကောင်း ၊ မရူဆာ ဟူ၍လည်းကောင်း ၊ တောင်မြူ ဟူ၍လည်းကောင်း ၊ တောင်မရူဟူ၍လည်းကောင်း မူကွဲဟန်စာလုးံပေါင်းအရေးအသားအမျိုးမျိုးတွေ့နိုင်သော်လည်း မြို(မရူ) လူမျိုးကိုပင် ရည်ညွန်းဖော်ပြသည်။

အင်္ဂလိပ်အက္ခရာအလို - Mru are also known as Maru, Mru-cha, Maru-cha, Mru-sa, Maru-sa. Taung Mru, Taung Maru written by differently the Mro(Mru) reffer to the tribes.

ေ ဖာ်ပြပါမူကွဲစာလုးံပေါင်းအရေးအသားအမျိုးမျိုးသည် မြိုလူမျိုး တစ်မျိုးကိုသာ ရည်ညွန်းဖော်ပြကြောင့် မိမိတို့အချင်းချင်းခေါ်ဆိုမှု မူလည်းကောင်း ၊ ရခိုင့်ရာဇဝင်သမိုင်း၊ မြန်မာ့ရာဇဝင်သမိုင်း ၊သုတေသနပြုစာတမ်းကြီးများ အခြားစာအုပ်မျာစွာက ထောက်ခံလျှက်ရှိပါသည် ။

ကိုးကား[ပြင်ဆင်ရန်]


[၁] [၂]

  1. 8. Census of India ,Volume XI ,1931,Pg- 259,266,264
  2. Mru: Hill people on the border of Bangladesg