မြိုမင်းဆက်

ဝီကီပီးဒီးယား မှ

မြို(မရူ)လူမျိုးသည် မင်းဆက်နှစ်ဆက်သာ ရခိုင်ပြည်ကို အုပ်စိုးခဲ့ကြောင့်ရခိုင်ရာဇဝင်တွင် မှတ်တမ်းတင်ခဲ့ရသည် မရာယု မင်းသည် ရခိုင်မင်းဟု ဆိုရသော်လည်း အမှန်က မြိုမင်းဆက်တွင် ထည့်သွင်းနိုင်ရာသည်။ အကြောင်းမှာ”မရူ”သင်းကြီး အောင်လာ က တောထဲ၌ မွေးကင်းစကလေး ကို တွေ့ရှိ၍ အိမ်သို့ယူဆောင်သွားကာ သားအဖြစ် မွေးမြူ၍ မြို(မရူ)မိခင် နိုး ရည် မှအစ လေးပညာ ၊အတတ်ပညာက အဆုံး သင်ပေးကြကာ မြို(မရူ)ပြည်သူပြည်သား များက မင်းအဖြစ် တင်မြှောက်ခဲ့ သည်ကြောင်းတည်း။ ထို့ကြောင့် မရာယုမင်းသည် မြို(မရူ) မင်းဆက်တွင် ထည့်သွင်းခြင်းသည် မှားသည်ဟု ယူဆ၍မရပေ။ မြိုတို့ထုံးတမ်းမှာ မည်သည့် လူမျိုးကလေးငယ်ကိုမဆို၊ မည်သည့်မျိုးကွဲကလေးငယ်ကိုမဆို မွေးစား၊ မွေးမြူနေလျှင် မိမိ အ မျိုး ၊မိမိအနွယ်ထဲထည့်သွင်းသတ်မှတ်၍ အမွေခွဲဝေရာတွင်လည်း မိမိသား/သမီးများနှင့် တန်းတူရရှိစေသည်။ မာရယုမင်းကို မြို(မရူ) မင်းအဖြစ် မြိုရာဇဝင်တွင် ဖော်ပြထားသည်။ယင်းမြိုရာဇဝင်ပုံပြင်အကြောင်းတွင် ဤသို့ဆိုပါသည် “ဤဝတ္ထုပုံပြင် သည် တောင်တန်းများ သမိုင်းတွင် ရှည်လျားသော သမိုင်းကြောင်းဖြစ်သည်၊ တောင်တန်းဘေးတွင် ကြီးမားသော (Banyan) သစ်ပင်တစ်ပင်ရှိပြီး ထိုအပင်အောက်တွင် လူသားနှင့် တောတွင်း တိရိစ္ဆန်များ ကို တစ်ခါမျှပင်ရန်ရှာတိုင်ခိုက် ခြင်းအန္တရာယ် မပြု တတ်သော  (မြိုဘာသာစကား “စောင်စွေ”Chongcho(Jinn) )အမျိုးသမီးတစ်ယောက်နေထိုင်သည်။ အဇ္ဇုန(Oichhona) ဆိုသောရသေ့သည် နေ့စဥ်သစ်ပင်အောက်တွင် Puja အပန်းဖြေလေ့ရှိသည် ။ တစ်ရက်ပြီးတစ်ရက် အချိန်ကြာလာလျှင် အ မျိုးသမီး”ဂျင်”နှင့် ရသေ့သည် မေတ္တာမျှခဲ့၍ သူမကိုယ်ဝန်ဆောင်၍ အပင်အောက်တွင်နေထိုင်လေသည်။ “ဂျင်” အမျိုးသမီး သည် ကိုယ်ဝန်နှင့် ကိုးလလွယ် ဆယ်လမွေး သားဖွားချိန်စည်း၍ မီးဖွားပြီးလျှင်လေမုန်တိုင်းကြီးနှင့် ငလျင်ကြီးလာ၍ သစ်ပင် အမြစ်ပါ ဖြုတ်ပစ်လွင့်စဉ်သွားသဖြင့် သူတို့လမ်းခွဲခဲ့ကြလေတော့သည်။ဘုန်းကံကြီးမြတ်သော သူငယ်နှင့်မိခင်သည် ချောင်း အတိုင်းမျောပါသွားပြီး ရွာနှင့်မနီးမဝေး သချ်ိုင်းနားတွင်ကပ်ပါးသွားခဲ့လေသည်။ ထိုအခါ မိခင် “ဂျင်”သည် ကလေးငယ်နှင့် သချ်ိုင်းတွင်းတစ်တွင်း၌ ဝှက်၍နေထိုင်ခဲ့ကြသည်။ ထိုအခါငအောင်လာသည်(ချုပ်ကြီးအောင်လာShokri Angla -မြိုဘာသာ စကား) သည် ထိုရွာ၏အကြီးအကဲဖြစ်သည်။ နောက်တစ်နေ့ မနက်တွင်ကာရာဘာရီ (ရွာအကြီးအကဲ) Shokri Angla ချုပ် ကြီးအောင်လာသည် သူ၏ခွေးသုံးကောင်နှင့် အမဲလိုက်ရန်ထွက်ခဲ့သည် ။ ခွေးတစ်ကောင်က ငိုသံကြားလိုက်ရသော ကလေး ကို တွေ့သွား၏ ။သို့သော် အမဲလိုက်ခွေးများသည် ကလေးကိုမကိုက် သဖြင့် Shokri Angla သည် ခွေးနောက်သို့ လိုက်ကာ ကလေးငယ်ကိုတွေ့သောအခါ အံ့အားသင်းခဲ့သည်။ သူငယ် ငိုစဥ်ကလေးငယ်၏ပါးစပ်ထဲမှ မီးထွက်လာသည်ကို သတိပြုမိ သည်။သူသည်ကလေးငယ်ကို သူ၏လက်ဖြင့်ကိုင်၍ သူ၏ခြင်းတောင်းထဲသို့ထည့်နေစဥ်တွင် မိခင်က မယူပါနှင့် ၊ မယူပါနှင့် ၊ မာမ ဘာသာစကားဖြင့် mee ura, mee ura မီယူရ၊ မီယူရ၊ ကဲ့သို့အသံကြားရသည်။ (Karbari ကာလ်ဘာရီ မြိုဘာသာ စ ကား) ရွာသူကြီးက ထိုကလေး၏အမည်မှာ မာရီယို ဖြစ်သည်ဟု ထင်ကာ “မာရီယို”ဟုအမည်ပေးခဲ့သည်။ ထို “မာရီယို” အ ရေးအသားမှ “မာရယု”ဟု အရေးအသားပြောင်းလဲခြင်းသာဖြစ်ကြောင့် ယူဆရပါသည်။ ယုတ္တိလည်းရှိပေသည်။ အောင် လာ သည် လေးနှင့် မြား အတတ်ပညာကို သင်ပေးကာ ကြီးပြင်းလာသည်နှင့် လေးနှင့်မြား ကိုအစဥ်လေးကျက်၍ ခွန်အားကြီး သော သူဖြစ်လာသည်။ ထိုအခါ ပင်လယ်ကြီးစွန်းနှစ်ဖက် တွင် ဘီလူးတို့နှင့် လူသားများသည် နေထိုင်ကြ၍ တစ်နေ့ တစ်နေ့ တွင် ဘီလူးတို့သည် လူသားအားလုံးကို ဖမ်းဆီး ကိုက်စားနေကြသည်။ ထိုစဥ်တွင် မရီယိုသည် လေးလက်နက် အစုံဖြင့်ထွက် လာပြီး ဘီလူးများအား အသေသတ်၍ အနိုင်ရခဲ့သည် ။ ထိုအချိန်ကတည်းက” မြုံ”/”Murung”နိုင်ငံသည် ပင်လယ်ကမ်းခြေ၊ တောင်ထိပ်ပေါ်တွင် စတင်ခဲ့သည်။ မာရီယို သည် လည်း ပထမဆုံး “မြုံ/Murung” ဘုရင်ဖြစ်သည်”ဟူ၍ ဆိုထားလေသည်။ (Mahmud Rahman- “Ang Ing Mru Rung, 2007).[၁][၂]

မြို မင်း အမြတူ ၊ အမြကူ နှင့် မြို မင်း ပဲဖြူ[ပြင်ဆင်ရန်]

ရခိုင်ပြည်တွင် မြို(မရူ) လူမျိုး အမတ်မင်း ၊ မြို့အုပ် ၊ ပြည်အုပ် ၊ရွာအုပ်မင်းများ ရှိခဲ့သော်လည်း ထင်ရှားသော မင်း သည် နှစ် ဆက် သာ ဖော်ပြပါရှိသည်။ ၎င်းမင်းဆက်များ နှင့် တွေ့ရှိသည်များ ကို ကောက်နုတ်တင်ပြရလျှင် ရခိုင်ပြည် ဝေသာ လီခေတ်သည် သမိုင်း မတင်မှီ ခေတ်နှင့် သမိုင်းတင်ပြီးနောက် ဝေသာလီခေတ် ဟူ၍ (၂) ခေတ်ရှိသည် ။ သမိုင်းမတင်မှီ ခေတ် သည် ရှေးဝေသာ လီ ခေတ် (သို့မဟုတ်) ဝေသာလီခေတ် နှင့် သမိုင်းတင်ပြီးနောက်သည် ကျောက်လှေကား ဝေသာလီခေတ် ဟူ ၍ ဖြစ်သည်။ ရခိုင်ဝေသာလီ ကျောက်လှေကားခေတ် ၊ ကျောက်လှေကားမြို့တော်ကို စူဠ စန္ဒြားအုပ်ချုပ်စိုးစံ၍ နတ်ရွာစံသွား လေ၏ ။ ထိုအခါ မိဖုရား စန္ဒားဒေဝီသည် သား သန္ဓေသုံးလ နှင့် ဆက်ခံလျက်ရှိနေ၏ မင်းမရှိသဖြင့် မိဘုရားနှင့် တိုင်ပင်၍ ဘုရင်၏ ပတ္တမြား လက်စွပ်နှင့် တန် သောသူကို မင်းတင်ရန် စီစဥ်ခဲ့ရလေသည်။ ထို့ကြောင့် မင်းလောင်းကို ရှာဖွေခဲ့ကြရလေ သည်။ မင်းမျိုးမင်းနွယ်ထဲမှ မင်းညီမင်းသားများကို ဦးစွာရှာဖွေကြလေ၏ ။ စူးဠစန္ဒြားမင်း၏ နှမတော် သား ဖြစ်သော တူတော် စန္ဒကူးမင်းသားကိုတွေ့ကြလေသည် ။ ထိုအခါ မင်းသား၏ လက်၌ ပတ္တမြား လက်စွပ်ကို ဝတ်ကြည့်ကြစေသည် ၊ မတန် သ ဖြင့် မင်းပြုခွင့်မရလေရာကား အမတ်ကြီး စစ်သူ ကြီးမှု ထမ်းရာထမ်းများကို ရှာ၍ဝတ်စေပြန်သည် ။ ၎င်းတို့သည် မတန်လေ သဖြင့် ပြည်သူပြည်သားတို့ကို ဝတ်စေခဲ့ကြရလေသည် ။တန်သောသူမရှိလေသောကြောင့် ချောင်းဖျား ၊တောတောင်အနှံ့ရှာ ဖွေ ဝတ်စေခဲ့ကြလေသည်။ ထိုအခါ မီးချောင်းဖျားတွင် ကွန်စွန့်နေသော မြုံသားအဖ သုံးယောက်နှင့် တန်ကြလေသည်။ ထို့ ကြောင့်၎င်း သုံးယောက်တို့ကို မြို့တော်သို့ ခေါ်ဆောင်လာခဲ့ကြလေသည်။ အစ်ကို မြိုသင်းကြီး အမြတူကို စန္ဒြာဒေဝီနှင့် မင်းမြှောက်ကြလေ၏ ။ညီအမြကူကိုကား အိမ်ရှေ့မင်းပြုစေသည် ။အ မြကူသား ပဲဖြူကိုမှု မြောက်ဦးရွာကိုပေးသနားတော်မှုလေ၏ ။ ထိုအမြတူမင်း လက်ထက်တော်အခါ ။လှံလက်နက် စကြာကို ကား ၊ရှေးမင်းများအတူ ရတော်မမူသောကြောင့် ။ တိုင်းနိုင်ငံလည်း ရှေးမင်းများပမာ စည်ပင်မပြန့်ပွားရာ။ တိုင်းပြည်မှာ မူ ကား ၊သာယာဝဖြိုးခြင်းဖြစ်၏[၃]။ ဤ အကြောင်းကို “Mrus are famous aborigines of Arakan and the two Mru kings who ruled Arakan in the tenth century. Were A-mya-thu (957) and Pai-phyu (964). At that time wathaly was the capital city of Arakan.(Kazi Sumaiya Saifee,2013)”မရူတို့သည် ရခိုင်ပြည်၏ ထင်ရှားသော ရှေးလူမျိုးများဖြစ်ပြီး ၁၀ရာစု တွင် မရူ ဘုရင်နှစ်ပါးဖြစ်သော အမြတူ (၆၅၇) နှင့် ပဲဖြူ (၉၆၄)တို့သည် ရခိုင်ပြည်ကို အုပ်စိုးခဲ့သည်။ထိုအချိန်တွင် ဝေသာလီသည် ရခိုင်ပြည်၏ မြို့တော်ဖြစ်ကြောင်း Kazi Sumaiya Saifee က”ဆိုလေသည်။[၄] [၅]ကပ္ပတိန်လူးဝင်းဖော်ပြချက်အရ “Captain Lewin’s writing also reveals that the Mru formally lived in the Arakan hills and a Mru was king of Arakan in the 14th century.(Lewin,1869:92),” မရူသည် ရခိုင်တောင်တန်းများ၌ နေထိုင် ခဲ့သည်နှင့် ၁၄ ရာစု တွင် မရူသည် ရခိုင်ဘုရင်ဖြစ်ကြောင်း “ဖော်ပြသည်။[၆] တဖန် ကျောက်စာပန်းထောက် ဒေါက်တာ ဖော်ချမာ ဖော်ပြချက် In native records it is first mentioned in connection with king Amyathu,son of Candadevi; he was a chief of the Mru tribe and is said to have erected a palace on the Gyat-tharetaung in Myauk-U(Mrohaung) in the year B.E.300 ,A.D.958. (Dr.Forchhamer ,1892)”ဇာတိမှတ်တမ်းများတွင် စန္ဒာဒေဝီ၏သားတော် အမြတူမင်း နှင့် ဆက်နွယ်မှု ကို ပထမဆုံးအကြိမ်ဖော်ပြခဲ့ပြီး သူသည် မရူလူမျိုး၏ အကြီးအကဲဖြစ်သဖြင့် အေဒီ ၉၅၈ ၊ ဘီအီး ၃၀၀ တွင် မြောက်ဦး(မြို့ဟောင်း) ကျိုက်သရီတောင် တွင် နန်းတော် ကိုတည်ဆောက်ခဲ့သည်ဟု “ဆိုပါသည်။[၇] တဖန် Latham ဖော်ပြချက် “ Mru chief was chosen king of Arakan; and whe n the  Rukheng conqueror invaded the country; the country was Mru. However at present , the Mru are despised. Their number in Arakan amounts to about 2,800.(Latham,1997) “ မရူ အကြီးအကဲအား ရခိုင်ဘုရင် အ ဖြစ်ရွေးချယ်ပြီး ရိုခင်အောင်နိုင်သူများ တိုင်းပြည်တွင် ဝင်ရောက်လာသောအခါ တိုင်းပြည်သည် မရူတိုင်းပြည်ဖြစ်ခဲ့ပြီးပြီ ။ သို့သော် ထိုအ ချိန်တွင် မရူတို့သည် မထီမဲမြင်ပြုခြင်းခံရသည်။ သူတို့ လူဦးရေသည် ရခိုင်ပြည် တွင် ၂,၈၀၀ခန့်သာ ရှိလေတော့ သည်” ဟု ဆိုထား၏။ [၈]ထိုမြုံမင်း အမြတူ မင်းပြု၍  ခြောက်နှစ်ရှိသောအခါ ၊ စန္ဒာ ဒေဝီမိဖုရား နှင့် မတ်ဖြစ်သော အမြကူ အိမ် ရှေ့မင်းသည် တပ်သောစိတ်ဖြင့် မှားယွင်းကြိုက်ချစ်လျက်ရှိလေ၏။ မိဖုရားစန္ဒာဒေဝီသည် မတ်ဖြစ်သော အမြကူအား အလွန် စုံမက်မြတ်နိုး၏ ။ ထိုအ ကြောင်းကို မြုံမင်းအမြတူ သိလေသော် ။ ငါ၏ မိဖုရား နှင့် ငါ့ညီကြံသောထက် ၊ ငါလျှင်အောင် ကြံအံ့ ဟု- တစ်နေ့သောအခါ ပရိယာယ်မာယာဖြင့် သန်ခေါင်ယံအချိန်မှာ ၊ မြုံမင်း အမြတူသည် ကြောက်လန့်စွာကြွေးကြော်အော် ဟစ်၏ ။ မိဖုရား စန္ဒာဒေဝီလည်း အကြောင်းကိုမေးလတ်သော် ။မြုံမင်း အမြတူကား ၊ ညီတော်အိမ်ရှေ့မင်း  အမြကူ ကို ခေါ် ၍ ။ ငါတို့ကား မြန်မာပြည်၌ မင်းအ ဖြစ်ကိုရ၏ ။ အမျိုးနွယ်ဆက်ကား တောင်ထက်နှင့်နေသော မြုံအမျိုးသားတည်း ။မင်းအ ဖြစ်ကိုရသည်မှစ၍ ခြောက်နှစ်ကာလရှိလေပြီ ၊တောစောင့် တောင်စောင့်နတ်တို့ကို မပူဇော်ရသောကြောင့် ။ ယခုညဥ့် အခါ ၊များစွာသော တောင်စောင့်နတ်တို့လာ၍ ။ လှုပ်ရှားကာ ၊တောင်ဖြင့် ခြိမ်းမောင်းလာ၍ ၊ငါကြောက်ရွံ့ထိတ်လန့်ရပေသည် ဟု ပြန်ပေသော်။ စန္ဒာဒေဝီ မိဖုရား နှင့် ညီတော် အိမ်ရှေ့ အမြကူသည်။ ကျင့်ရိုးကိုလည်း ကျင့်တော်မူပါဟု လျှောက်လေ၏ ။ မြုံမင်းအမြကူသည် မြုံအားလုံးကို မြို့တော်မှ ထုတ်၍ ကျွဲဖြူ နွားနက်တို့ကို များစွာ ယူလျက် ။ ညီတော်အိမ်ရှေ့ မင်းကိုကား ကျွဲဖြူ နွားချိုတို့ကို ကိုင်စေပြီးသော် ၊ရှေ့ကသွားစေ၏။ မြုံမင်းအမြတူကား လေးမြား တောင့်ကာတို့ကို ကိုင်လျက် နောက်က လိုက်၍ ။ တောင်သို့ရှေ့ရှုလျက် ။မြို့မှ ထွက်သွားလေသော် ။ မိုးသောက် နီး သောအခါ၌ ၊ချောင်းတစ်ခုသို့ ရောက်၍ ။ရှေ့ က သွားသော ညီတော်အိမ်ရှေ့မင်းကို အဆိပ်ရှိသော မြားနှင့် ပစ်သတ်လေ၏။ ယင်းသို့ မြားဖြင့်ပစ်သတ်သော ချောင်းငယ်ကို င လျက်ချောင်းဟု ခေါ်ဝေါ် ကုန်၏ ။ ညီအလောင်းကိုချောင်းငယ်ဖျား ဝယ်ဝှက်ဖုံး၍ ထားခဲ့သည်ကို ဝှက်ဖုံး ဟု ယနေတိုင်အောင် ခေါ်ကြကုန်၏ ။ ထိုအမြတူမင်းကြီးကား နန်းတော်သို့ပြန်လေ၍ ကျွဲဖြူ ငါ့ညီကို ခတ်၍ သေလေ သည်ဟု ငိုယိုမှုပြု၏ ။အိမ် ရှေ့မင်းအမြကူညီသား ပဲဖြူလည်း အဖကို သတ်လေသည်ကို သိ၍ ငိုကြွေး၍ နေလေ၏ ။မြိုမင်းကြီးကား ငါမင်းဖြစ် ပြီဖြစ် သောကြောင့် ငါ့ဆွေ ငါ့မျိုးတို့သည် မြိုရိုင်း ၊ချင်းရိုင်း တို့နှင့် ရောစပ်ခြင်းမဖြစ်‌ကောင်းဟု မီးချောင်းဖျား ဝယ်ရှိသော အလုံး စုံသော မြိုတို့ကို ချခေါ်စေ၍ ဖိုးခေါင်တောင်ရိုး၌ တည်ထားလေ၏ ။ ထိုမြိုတို့သည် ငါတို့မင်းမျိုးမင်းနွယ်ဟု မြိုအဝတ် တန် ဆာအဆောင်အယောင်တို့ကို မြဲစွာ ဝတ်ဆင်လေ၏ ။ [၉]ဦးဖွဲ့အားလုံးကို ဆွဲထားသည်ကို အကြောင်းပြု၍ ထိုအရပ်ကို ဦးဖွဲ့ တောင်ဟု ခေါ်ကြကုန်၏ ။ ထိုအခါတွင် အရှေ့ပြည်၌ ကာလ ရှည်မြင့် လတ်သော် အရှေ့ဘက်မြေအပြင်သို့ သတ်လေ၍ လယ်ချောင်းလုပ်စားကြလေ၏ ။ အရှေ့ ပုဂံပြည်သို့ နှံ့စပ်လေ၏ ။ အောက်အရပ်သို့ သက်၍ နေလေသည်ကို အောက်သား ဟု ခေါ်ကုန်၏ ။ ထိုအခါ အရှေ့ ပုဂံပြည်ကို အစိုးရသော ရွှေမှောက်အမည်ရှိသော ပျူမင်း သည် စူဠစန္ဒရားမင်းကို နဂါးနှစ်လေသော ကြောင့် ဝေသာလီပြည်၌ မြိုညီနှောင်သားဖသုံးယောက်တို့သည် မင်းပြုကြသည်ဟု ကြား လေသော် အကြောင်းကို သိ၍ ကိုး သောင်းသော ပျူ တို့နှင့် စစ်မက်ပြုအံ့ဟု ဖိုးခေါင်တောင်ကို ကျော်၍ ပြိုင်းတိုင်တောင် ခြေရင်းဝယ်ရောက်လာသော် မြိုပဲ ဖြူ မင်း သားသည် ထိုအကြောင်းကို သိ လေလျှင် ပျူမင်းထံသို့ သွားလေ၍ ဤသို့လျှောက်ပေ၏ ။ အကျွန်ုပ်ဘကြီးသည်  အ ကျွန်ပ်အဖကို သတ်လေသောကြောင့် အကျွန်ုပ်သည် (မြိုဘာသာဖြင့် Lu Klai) ခေါင်းဖိုးဆပ်မည်ဟု အရှင်မင်း ကြီးထံ အ ကျွန်ုပ်လာပါသည်။ အကျွန်ုပ်အလျှင်သတ်ပါမည်။ ဤ အဥ္စနနဒီမြစ်ကိုလည်း အကျွန်ုပ် လျှင်ကူးတို့တင်ပါမည် ဟု လျှောက် လေသော် ပျူမင်းလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ၏ ။ ပဲဖြူမင်းသားသည် ဤ သို့ ဝန်ခံလျှောက်ထားပြီးလျှင် ရိုသေစွာ နတ်တို့အား တိုင်တန်း၍ ဓိဌာန်သစ္စာပြုလေ၏ ။ ငါသည် အကယ်၍ ဤပျူမင်းချီလာသော ရန်စစ်ကို ပယ်လှစ် ခွင်းဖျက်နိုင် မည် မှန်လျှင် ခုနှစ်ရက်ပတ်လုံး မှောင်မိုက်အတိမိုက်စေသော ၊ ဓားလှံလက်နက်နှင့် တကွ လှေလှော်ကား နှစ်စင်းကို လူနှင့် တကွ ရပါစေသော ဟု ဓိဌာန် သစ္စာပြုလေလျှင် ကုသိုလ်ကံကြီးသော ဖြစ်၍ နတ်တို့သည် မနေပိုင်သောကြောင့် လူသုံး ကျိပ် အယောင်ဖန်ဆင်းလျက် လှေလှော်ကား နှစ်စင်းတွင် တင်၍ ဓားလှံ လက်နက်အစုံနှင့် ရောက်လာပေ၏။ ခုနှစ်ရက်ပတ်လုံး လည်း မှောင်မိုက်အတိ မိုက်လေ၏ ။ ပဲဖြူမင်းသားသည် ထိုလှေလှော်ကားဝယ်တင်၍ ကူးတို့ပို့ဟန်အသွင်ဖြင့် တောင်ကြီး တစ်ခုသို့ ယူပြီးလျှင် ရဲမက် ဗိုလ်ပါများကို သတ်လေ၍ ခုနှစ်ရက်တိုင်လျှင် လင်းလေ၏။ ကြွင်း သောပျူရဲမက်ဗိုလ်ပါ တို့သည် ပြိုင်တိုင်းတောင်ထက်သို့တက်၍ ငါတို့ရဲမက်ဗိုလ်ပါတို့သည် ကား အဘယ်အရပ်ဝယ်စုဆောင်းလေသနည်းဟု ကြည့်လတ် သော် တောင်ကြီးတစ်ခုလုံးဝယ် ပျူတို့၏ အကောင်ကို မြင်လေလျှင် ဤမြိုကျွန်သားက ဥပါယ်တံမျဥ်ဖြင့် ရဲမက်ဗိုလ်ပါ များ ကိုခိုး၍ သတ်လေပြီဟု ကြောက်လန့်စွာဖြစ်လျက် ပြန်သွားကြလေကုန်၏ ။ ထိုသို့ ခိုးသတ်လေသည်ကို အကြောင့် ပြု၍ သတ်ခိုးတောင်ဟု တွင်လေ၏ ။ ယင်းသို့ပြန်သွားလေသော ပျူမင်းနှင့် ရဲမက်ဗိုလ်ပါတို့ကို မြိုမင်းသား ပဲဖြူသည် လိုက်၍ တိုက်ခိုက်ရာဝယ် ဦးလည်ကို ဖြတ်ပြီးသော သဲစုကဲ့သို့ စုထားရာ အရပ် သည် ဝသဲအရပ်ဟု တွင်လေ၏ ။ ထိုပျူမင်းလည်း ကြွင်းကျန်သောရဲမက်ဗိုလ်ပါနှင့် တကွ ပြန်သွားလေ၏။ ပျူတို့တွင် ရလိုက်သော ရွှေငွေတို့ကို စုသော တောင်တို့ကား ရွှေ တောင် ၊ ငွေတောင်ဟု တွင်လေ၏ ထိုအခါ ပဲဖြူမင်းသား၏ ဘကြီးဖြစ်သော အမြတူသည်ကား ပဲဖြူမင်းသားသည် ဘုန်း တန်ခိုး လက်ရုံးမြောက်မြားသောအဖြစ်ကို သိလေလျှင် သင့်အဖကို ငါသတ်သောအငြိုးဖြင့် ငါ့ကို ခေါင်းဖိုးဆပ်လတ္တံ့သတည်း ဟု ထိတ်လန့်ကြောက်ရွံ့ လျက်ထိုမြိုမင်း အမြတူကား အိမ်နိမ့် ၄၀၊ လေးဆယ်။ နန်းစံ ၇ ၊ ခုနှစ်နှစ် ။ နှစ်စုသက်တော် ၄၇ ၊ လေးဆယ်ခုနှစ်။ သက္ကရာဇ် ၁၃၈-ခု တွင် သွေးအန်၍ လွန်တော်မူလေသည်။ ထိုမင်းလွန်တော်မူလေလျှင် ပဲဖြူမင်းသားကို အမှူးအမတ်ပြည်သူတိုင်းသားတို့သည် ညီညွတ်တိုင်ပင်၍ စန္ဒာဒေဝီမိ ဖုရား နှင့် ပင် အဘိသိက်ခံ၍ သက္ကရာဇ် ၃၂၆-ခုနှစ် ပြသိုလတွင် ပြည်ကြီး စည်းစိမ်ကို စိုးအုပ်တော်မူစေ၏။ ထိုပဲဖြူမင်းလည်း ၊ အလိုတော်ပည့်လျှင် ။ဤ ဝေသာလီမြို့သည် ကိန်းခန်းကုန်လေပြီဟု။ သက္ကရာဇ် ၃၂၆-ခု တပေါင်းလတွင် မြောက်ဦးမြို့ကို တည်ထောင်၍ မင်းပြု၏။ ထိုမြောက်ဦးမြို့၌ တစ်ဆယ့်နှစ်နှစ်ရောက်လတ်သော် ရှမ်းသိုဟံဘွားကြီးသည် ၊ကိုးသိန်းသောရှမ်း သူရဲအပေါင်းနှင့် လေးမြို့မြစ်ညာဖျားက ဆင်းသက်ပြီး လျှင် အဥ္စနနဒီမြစ်ကို စုန်ဆင်း၍ စစ်မက်ကြီးစွာ ကပ်လာလတ်သော် ပဲဖြူမင်းကြီးသည် ၊ စစ်အဂ်ါမတန်သောကြောင့် မိဖုရားနှင့်တကွ မောင်းမမိဿံအပေါင်းကိုယူလျက် ပါစွမ်းသမျှ အမှူးအမတ် တို့ကို ဆောင်ကြဥ်း၍ ၊သက္ကရာဇ် ၃၃၈-ခု၌ ၊ရိုးဖျား (ယိုးချောင်းဖျား) သပိတ်တောင်မြို့သို့ ပြောင်း၍ နေလေ၏ ။ များမကြာမီ ပဲဖြူမင်းသည် အိမ်နိမ့် ၂၇၊ နှစ်ဆယ့်ခုနှစ်နှစ် ၊နန်းစံ ၁၇ ၊ တစ်ဆယ့် ခုနှစ်နှစ် ၊ နှစ်စုသက်တော် ၄၄ ၊လေးဆယ်လေးနှစ်၊ သက္က ရာဇ် ၁၅၆-ခု တွင် လွန်တော်မူသည်။ ကျန်ရစ်သောလူသူများတို့ကို သျှမ်းစစ်သည်တို့သည် ဖမ်းလေ၏ ။ ထိုအခါ မြောက်ဦးမြို့ပျက်စီး၍ မင်းမရှိသဖြင့် ကြားတစ်နှစ်မင်းပြတ်လေ၏ ။ ရမ်းဗြဲကျွန်းကိုလည်းသျှမ်းပျက်ဆီး၍ လူသူများစွာယူပြီးလျှင်အရှေ့ပြည်စစ်ကိုင်းအရပ်၌ ရွာတည်ထားလေ၏ ။သံတွဲမြို့ကိုလည်း တလိုင်းတို့ပိုင်လေ၏။ ယင်းသို့မင်းမရှိဘဲကြားတစ်နှစ်လွန်ပြီးနောက် အထက်စူဠ စန္ဒရားမင်းကြီးသည် သင်းတွဲပြည်သို့ ချီတော်မူသောအခါ၌ မိဖုရား စန္ဒာဒေဝီဝမ်းဝယ် သန္ဓေသုံးလနှင့် ကျန်ရစ်သော သား တော်သည် မြို့မင်းကြီး အမြတူမင်းပြုစဥ် မွေးဖွားတော်မူလေလျှင် ချစ်ခင်လေးမြတ်သောသူတို့ယူဆောင်လျက် သိန်းတန်း ဖျား သက်လူမျိုးတို့၏ နေရာဖြစ်သော စစ်တန်းတင်မြို့၌ ဝှက်ထားလေရာ သက် လူမျိုးတို့က ငါတို့မင်း ဟု ခေါ်သည်ကို အ ကြောင်းပြု၍ ငတုံမင်းတွင်သောမင်းသားသည် သက်တော် ၂၃၊နှစ်ဆယ့်သုံးနှစ်မြောက်တွင် စစ်တန်းတင် မြို့မှရဲမက်ဗိုလ် ပါတို့နှင့်တကွ ချီလာ၍ သက္ကရာဇ် ၁၅၆-ခုတွင် စမ္ပဝက်မြို့ကိုတည်ထောင်၍ သီရိဒေဝီ မိဖုရားနှင့် မင်းပြုတော်မူလာ၏ ။ ထိုငတုံမင်း၏ ဘုန်းတန်ခိုးတော်ကြောင့်မိုးကြိုးကန်ဝယ် နဂါးတစ်ဦးနေလာ၏ ။ထိုနဂါးတန်ခိဒးကြောင့်မိုး လည်းအလွန် ကောင်း၏။ တိုင်းပြည်၊ခရိုင်၊နိုင်ငံအားလုံးဝပြောသာယာရှိ၏။ရန်သူခပ်သိမ်းလည်း ကင်းငြိမ်းပျောက်ပျက် တိမ် မြုပ်လေ၏။ သိကြားဝိသကြုံတို့စုအုံမ,စစီရင်၍ ပေးအပ်သော ပိ တောက်စည်တော်ကို ရတော်မူ၏ ။ ထိုပိတောက် စည် တော်ကို တီးလျှင် အ‌ရှေ့ပုဂံပြည်သည် တစ်နေ့သုံးကြိမ်လန့်ဖျပ်၍ပြိုလေ၏ ။ထိုအကြောင်းကို ပုဂံပြည့်ရှင်စောခင် နှစ်မင်း သိလေလျှင် ဗေဒင်ယ တြာတတ်သော ပညာရှိတို့နှင့် တိုင်ပင်၍ ဥပါယ်တံမျဥ်ဖြင့် နဂါးမင်းလွင့်သွားလေအောင် ၊ပိတောင်စည် တော်ကိုလည်း လှီးဖြတ်ရအောင် ၊အကျိုးရှိသည်ကို အပြစ်ဖြစ်အောင်ကြံဆောင်စီမံလျက် သိုက်ပြန်ဟူးရားကျမ်းကို ပြုပြီး သော် ထိုသိုက်ပြန်ဟူးရားတတ်သော သူလျှိုတို့ကို အပြစ်ရှိ၍ နှင်လိုက်ဟန်ပြုပြီးလျှင် လွှတ်လိုက်သည်ဖြစ်၍ စမ္ပဝက်မြို့သို့ ရောက်လာ၏ ။ ရောက်ပြီးလျှင် မင်းထံဝင်၍ ယုံကြည်အောင် လျှောက်ထားလျက် ခစားနေထိုင်ခြင်းပြုပြီးမှ ထိုသိုက်ပြန်ဟူး  ရားကျမ်းကို ပြ၍ သူတစ်ပါးမသိအောင် သိုဝှက်ထားသော ရွှေအိုးတို့ကို ညွန်ပြလေလျှင် ရလေချည်သည်ဖြစ်၍ မင်းမှ စ၍ မှူးမတ်ပြည်သူတို့သည် ဤ ဟူးရားကျမ်းသည် မှန်လှပေသည် ဟု ယုံကြည်ကြလေ၏ ။ မိုးကြိုးကန်တွင်လည်း အချိန်လေး ပိဿာရှိသော ရွှေဟသ်ာရုပ်ကို သူတစ်ပါးမသိရအောင် ပစ်ထားပြီးမှ ဤမိုးကြိုးကန်တွင်လည်း အချိန်လေးပိဿာရှိ ရွှေ ဟသ်ာရုပ်ရှိပါသည်။ နဂါးကိုမနေစေကောင်းဟု ကမ်းနားဝန်းကျင်ရှိအုတ်ကျောက်များတို့ နှင့်လည်းကောင်း၊သံတွေ သံခဲရဲ ရဲညီးညီး တို့နှင့် လည်း ကောင်း၊ ကန်တွင်းသို့ပစ်စေ၏။ ကန်အလယ်၌ ဖောင်ဖွဲလျက်အုတ်ကျောက်များစွာ သံတွေသံခဲရဲရဲတို့ကို တစ်နေ့မပြတ်ပစ်လေလျှင် ရေကန်သည် ကျိုက်ဆူလေ၏ နဂါးမနေနိုင်သောကြောင့် ကန်ကို တွင်းလျက် ထွက်လေသောအရပ် ကိုကန်တွင်းဟူ၍ခေါ်လေ၏။ ထိုမှသည်အဥ္စနနဒီဖြစ်သို့ သက်၍ဆန်လေသော် နဂါးတွန့်ခဲ့သောအရပ်ကို နဂါးတွန့်အရပ်ဟု ခေါ်ကြလေ၏။ ထိုမှတဖန်ဆန် တက် ပြန်သော် နေအံ့သောအရပ်ကိုဝပ်၍ကြည့်လေ၏ ။ ထိုအရပ်ကို နဂါးဝပ်-ဟုခေါ်ကြ လေ၏။ ထိုမှသည် ချောင်းဖျားသို့ ဆန်တက်၍ တစ်ခုသော အိုင်ဝယ် အသိုက်ပြု၍နေလေ၏ ။ ထိုအရပ်ကိုယခုတိုင် အောင် သိုက်ဝ-ဟုခေါ်ကြလေ၏။ [၁၀]ထိုအိုင်၌ ကျဥ်းမြောင်းနိုး၍ ပြန်ဆင်းလာပြီးသော် ချောင်းတစ်ခုတွင်ဝပ်၍ နေလေ၏ ။ထိုအရပ် ကိုဤနေ့တိုင်အောင် ဝပ်ချောင်းဟု ခေါ်ကြလေ၏။ ထိုအိုင်၌ ဝပ်၍ နေလာသောနဂါးကို လွင့်သွားစိမ့်သောငှာ တော်သလင်း လတွင်မင်းတို့သည် ငါးတန်သတင်ကို ပိုက်ကွန်များယူလျက် ထွက်၍ ကစားမြဲဖြစ်ပါသည်ဟု မင်းအားလျှောက်ပြီးလျှင် နဂါး မင်းသည် မနေနိုင်၍ မာန်အောင်ကျွန်းသို့ ထွက်ပြေးလေပြီးလျှင် ထိုနဂါးမင်းသည် မာန်အောင်ကျွန်း၌ တန်ခိုးပြဠိဟာ အထူး ထူးအပြားပြားပြ၍ ပြည်သူတို့၏ အစီးအပွားကို ဆောင်လျက် နေလေ၏။ ယင်းသို့ နဂါးမင်းကို နှင်ပြီးသော် ပိတောက်စည် တော်ကိုလည်း တစ်ဖက်လေးလက်သစ်စီဖြတ်စေ၏ ။ ထိုသို့ပြုပြီးမှကြီးကြီးငယ်ငယ်ပြုဖွယ်ယတြာတို့ကို ပြုခံ၍သိုက်ပြန် တတ်သူလျှိုတို့သည် ပုဂံပြည်သို့ ပြေးခဲ့လေကုန်၏ ။ ထိုအခါ၌ စမ္ပဝက်မြို့သည် စနောင့်စနင်းဖြစ်လေလျှင် ပုဂံပြည်ကို အစိုးရသော စောခင်နှစ်အမည်ရှိသော မင်းသည် ချီလာ၍ ငတုံမင်းကို တိုက်သဖြင့် ရလေသော် ဦးခေါင်းကိုဖြတ် ၍ ယူလေ၏။ ထိုငတုံမင်းကား အိမ်နိမ့် ၂၃ ၊နှစ်ဆယ့်သုံးနှစ် ၊ နန်းစံ ၂၄၊ နှစ်ဆယ့်လေးနှစ်၊ နှစ်စုသက်တော် ၄၇ ၊လေးဆယ့်ခုနှစ်နှစ် ။ သက္ကရာဇ် ၁၈၀ ပြည့်တွင် လွန်တော်မူလေသည်။သူရိယကေ တုသားကန်သုံးဆင့်မြို့နှင့် ဝေသာလီကျောက်လှေကားမြို့တည်မဟာ စန္ဒရားမင်း အစ စူဠစန္ဒရားသား ငတုံမင်းအဆုံးရှိသော စန္ဒရားမင်းနွယ် ၁၀ ၊ မျိုးခြားမြိုမင်း အမြတူ ၊ပဲဖြူ နှစ်ဆက် ၊ ပေါင်း ၁၂ ဆက် တို့၏ နန်းစံနှစ်ပေါင်း ၄၉၁ နှစ်။[၁၁][၁၂][၁၃]

ပြင်ပလင်ခ့်[ပြင်ဆင်ရန်]

၁.https://www.dropbox.com/sh/3640chcjjwa9xqd/AABa4ISwaf3sHt3EtQ1GlUGQa?dl=0&preview=%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%B1%E1%80%81%E1%81%9A%E1%80%9E%E1%80%B6+(%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%80%85%E1%80%B6%E1%80%B1%E1%80%96%E1%81%9A)-1.pdf ရိုးမခေါ်သံ- မောင်စံဖော် စာအုပ်။

၂.https://www.dropbox.com/sh/3640chcjjwa9xqd/AABa4ISwaf3sHt3EtQ1GlUGQa?dl=0&preview=%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%A7%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8+(%E1%80%9E%E1%80%AD%E1%80%AF%E1%82%94%E1%80%99%E1%80%9F%E1%80%AF%E1%80%90%E1%80%B9)+%E1%80%B1%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%B1%E1%80%A7%E1%80%B8%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8+(+%E1%80%91%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%82%8A%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%80%99%E1%80%9F%E1%80%AC%E1%81%80%E1%80%AD%E1%80%87%E1%81%A8%E1%80%AC).pdfရခိုင်မင်းသမီးဧခြင်း(သို့မဟုတ်)မောက်တော်ေဧးခြင်း စာ - ၃၆၊ ၃၈ အပိုဒ်(၁၄)

3.https://www.dropbox.com/sh/3640chcjjwa9xqd/AABa4ISwaf3sHt3EtQ1GlUGQa?dl=0&fbclid=IwAR0L31MId_koG8j7MjTtsPwHdHHcEokiAapLsn5WDFw_e5u_d6-wh3C2Qdg&preview=%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC%E1%80%87%E1%80%9D%E1%80%84%E1%80%B9%E1%80%9E%E1%80%85%E1%80%B9%E1%80%80%E1%80%BA%E1%80%99%E1%80%B9%E1%80%B8.pdf ရခိုင်ရာဇဝင်သစ်ကျမ်း(ပ,ဒု ရမ်းဗြဲမြို့ တောင်ကျောင်းဆရာတော် စန္ဓမလာလင်္ကာရ။

၄.https://www.dropbox.com/sh/3640chcjjwa9xqd/AABa4ISwaf3sHt3EtQ1GlUGQa?dl=0&fbclid=IwAR0L31MId_koG8j7MjTtsPwHdHHcEokiAapLsn5WDFw_e5u_d6-wh3C2Qdg&preview=%E1%80%95%E1%80%AE%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC+%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%98%E1%80%AF%E1%80%9B%E1%80%84%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%81%8F%E1%80%9B%E1%80%AC%E1%80%87%E1%81%80%E1%80%84%E1%80%B9.pdf ပီပြင်သော ရခိုင်ဘုရင်များ၏ ရာဇဝင် စာ-၇၊ (ကု-ရင်) ၊ (ကူ-ကြော)၊ စာ-၁၀ (ကေ-ရင်)။

၅.https://www.dropbox.com/sh/3640chcjjwa9xqd/AABa4ISwaf3sHt3EtQ1GlUGQa?dl=0&fbclid=IwAR0L31MId_koG8j7MjTtsPwHdHHcEokiAapLsn5WDFw_e5u_d6-wh3C2Qdg&preview=%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B7%E1%80%B9%E1%80%9A%E1%80%A5%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%B8%E1%80%99%E1%80%BD%E1%80%B3%E1%80%99%E1%80%BA%E1%80%AC%E1%80%B8_6.pdf ရခိုင်ယဉ်ကျေးမှုများအမှတ် (၆)။

ကိုးကား[ပြင်ဆင်ရန်]

  1. (Mahmud Rahman- “Ang Ing Mru Rung, 2007)
  2. ရခိုင်ဌာနေ မြိုလူမျိုးသမိုင်း-သာလှမြို(စိုင်းတင်) ၂၀၂၂၊ စာ, ၅၅-၅၆
  3. အရှင်စန္ဒမာလာလက်ာရ- ရခိုင်ရာဇဝင်သစ်ကျမ်း (စာ, ၁၃၀,၁၃၁,၁၃၂)
  4. Kazi Sumaiya Saifee-2013 “Mro-Cha” A Hub for Mru Indigenous people promoting the “Mru” ,Retaining their Ethnicity (PP,29)
  5. Md.Rakibul Islam-2010 Maternal Morbidity and Mortality among In digenous people in Bangladesh: A Study of the Mru Community , University of Tromso .Norway,(PP,18)
  6. Captain T.H. Lewin-1870 Wild Races of South-Eastern India ,London (PP,231)
  7. Dr.Forchhammer- 1891 Report on the Antiquities of  Arakan (PP,38)
  8. R.G. Latham-1997 Ethnology of India (PP,86,87)
  9. အထက်ကျောင်း တောင်ဆရာတော်ဦးဥာဏ-၁၃၁၆ ရခိုင်ရာဇဝင်သစ်ကျမ်း (ပဌမတွဲ)၊ ဟံသာဝတီ ပိဠကတ် ပုံနှိပ်တိုက် ၊ရန်ကုန်(စာ,၉၅,၉၆,၉၇,၉၈,၉၉,၁၀၀,၁၀၁,၁၀၂,၁၀၃,)
  10. အင်းစောက်ရာဇဝင်
  11. ရခိုင်ယဥ်ကျေးမှုအမှတ် (၈) (စာ,၄၇,၅၂)
  12. မြန်မာ့စွယ်စုံကျမ်း-အတွဲ ၉-အပိုင်း(ခ)စာ(၄၂၅-၄၂၆)
  13. ရခိုင်ဌာနေ မြိုလူမျိုးသမိုင်း-သာလှမြို(စိုင်းတင်) ၂၀၂၂၊ စာ, ၅၆-၆၀