စပါးလင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စပါးလင်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Poales]]
မျိုးရင်း [[Poaceae]]
မျိုးရင်းသေး [[Panicoideae]]
မျိုးဇာတ် [[Andropogoneae]]
မျိုးစု '''''Cymbopogon'''''


စပါးလင်[ပြင်​ဆင်​ရန်​]

စပါးလင်သည် မြက်ပင်တစ်မျိုးဖြစ်၏။ တစ်ပင်နှင့်တစ်ပင် စုပြုံ၍ ပေါက်လေ့ရှိ၏။ အရွက်များသည်သေးသွယ်ရှည်လျား ၍ ကြမ်းသည်။ အရွက်၏ဘေးစွန်းများသည် ဓားသွားကဲ့သို့ ထက်၏။ စပါးလင်ပင်သည် အပွင့် ပွင့်ခဲသည်။ အများအား ဖြင့် စပါးလင်ကို ဟင်းလျာများ အနံ့ကောင်းစေရန် အသုံးပြု ကြ၏။ ဆေးဝါးအဖြစ်လည်း အသုံးပြုကြသည်။ အစာကြေ စေရန်အတွက်၎င်း၊ ချွေးထွက်စေရန်အတွက်၎င်း အတွင်းဆေး အဖြစ် စားသုံးကြ၏။ ထိုပြင် ရေချိုးရာ၌၎င်း၊ ကျပ်ထုပ်ထိုး ရာ၌၎င်း စပါးလင်ကို အသုံးပြုကြသေးသည်။

စပါးလင်မွှေးခေါ် စပါးလင်တစ်မျိုးလည်း ရှိသည်။ ထိုစပါး လင်မွှေးကို အထူးတလည် စိုက်ပျိုးယူကြ၏။ အရိုင်းပေါက် နေသော စပါးလင်ပင်များကိုလည်း တွေ့ရတတ်သည်။ဤစပါး လင်မျိုးမှ စီထရိုနယ်လာဆီ(စပါးလင်ဆီ)ကိ ထုတ်ယူကြ၏။ ထိုအဆီကို အမွှေးအကြိုင် ပြုလုပ်ရာတွင် အသုံးပြုကြသည်။ အစာကြေစေရန်အတွက် ဆေးအဖြစ် အသုံးပြုကြ၏။ ထို စပါးလင်ဆီကို ဗယ်စလင်နှင့်ရော၍ အရေပြားပေါ်၌ သုတ် ထားလျှင် ခြင်အကိုက်သက်သာသည်။

စပါးလင်ပင်များကို ရေမဝပ်နိုင်သောနုံးမြေများတွင် စိုက်ပျိုး လေ့ရှိကြ၏။ တစ်နှစ်တွင် မိုးရေချိန်လက်မ၁၂ဝ မျှရရှိသော ဒေသများ၌ စိုက်ပျိုးလျှင် ကောင်းစွာဖြစ်ထွန်းသည်။ မြန်မာ နိုင်ငံ အောက်ပိုင်း၌ စိုက်ပျိုးရန် သင့်တော်သည်။စိုက်ပျိုးရာ၌ မြေကို နွေအခါကထွန်ယက်၍ မိုးကျမှ စိုက်ပျိုးကြသည်။စိုက် သောအခါ အတက်များကို ထိပ်ဖြတ်ပြီးနောက် အတန်းလိုက် စိုက်ကြသည်။ တစ်တန်းနှင့် တစ်တန်းကို ၃ ပေစီခွာ၍၎င်း၊ တစ်ပင်နှင့်တစ်ပင်ကို ၂ ပေစီခွာ၍၎င်း စိုက်ပျိုးတတ်ကြသည်။ စပါးလင်သည် မြေသစ်၌ ဖြစ်ထွန်းလေ့ရှိရာ မြေဩဇာထည့်ပေး ရန် မလိုချေ။ ခြံမြေ၌စိုက်လျှင် နောက်ချေးဆွေး ထည့်ပေးရန် လိုသည်။ ပေါင်းသင်ပေးခြင်း မှတပါး စပါးလင်ကို အထူး တလည် ဂရုစိုက်ရန် မလိုပေ။ စပါးလင်ပင်သည် သုံးလေးနှစ် ခံသည်။[၁]

Citronella (စပါးလင်မွှေး)[ပြင်​ဆင်​ရန်​]

  • Botany Term : Cymbopogon nardus Rend1
  • Species/Family : Gramineae


ပုံသဏ္ဌာန် : အပင် သက်ကယ်ပင်နှင့် သဏ္ဍာန်တူသည်။ ၄ ပေ မှ ၆ ပေ မြင့်၍ အနံ့ အလွန်မွှေးသည်။ အရွက် ၃ ပေခန့် ရှည်သည်။ အရင်းဘက်တွင်ကြီး၍ အဖျားသို့ တဖြည်းဖြည်း သေးပြီး ချွန်သွား၏ ။ အပွင့် ပွင့်ချိန်တွင် အရွက်များ ရင့်ရော်ခြောက်သွေ့သွား၏။ ဟင်းစားစပါးလင်ထက် ရွက်ပြားပိုကြီးပြီး ပို၍ရှည်လျားသည်။ အပွင့် အပင်အလယ်မှထွက်၍ ထိပ်ဖျားတွင် အဆုပ်လိုက် ဖွာပြီး ပွင့်၏ သီတင်းကျွတ်လကုန်လောက်တွင် ဖူးတံ ထွက်၍ ပြာသို ၊ တပို့တွဲလများတွင် ကိုင်းပွင့်များကဲ့သို့ ပွင့်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ ဒေသအများအပြားတွင် ပေါက်ရောက်သည်။ အမြင့်ပေ ၂၀၀၀ အထိဖြစ်ထွန်းသည်။ ပေါက်ရောက်ပုံ။ ။ စိုက်ပျိုးပင်ဖြစ်သည်။ စိုက်ပျိုးနည်းစနစ်။ ။ စပါးလင်မွှေးကဲ့သို့ပင် ဖြစ်သည်။ အသုံးဝင်ပုံ : ပဉ္စငါးပါး

၁ ။ စပါးလင် ဆီကို အဆစ်အမျက် ရောင်ရမ်းသောနေရာ၌ နာနာပွတ်၍ လိမ်းပေးက အဆစ်ရောင်ရမ်းခြင်း လျော့၍ ပျောက်ကင်း၏ ။

၂ ။ စပါးလင်ကို ထုထောင်း၍ အဝတ်ဖြင့် ထုပ်ပြီး ကြပ်ထုပ် ပြုလုပ်၍ ထိုးပေးပါက ရောင်ရမ်းနာပျောက်ကင်း၏ ။

၃ ။ စပါးလင် လက်ဆုပ်ခန့်ကို အမြီး၊ ခေါင်း ဖြတ်၍ ရေနှင့် သုံးခွက်တစ်ခွက်တင်ကျိုပြီး တစ်နေ့ ၃ ကြိမ်ထက်မနည်း သောက်ပါက ၃ ရက်ခန့် အကြာတွင် ဂျွန်းဒစ်ခေါ် ဆီး ကြောင့်ဖြစ်သော အသားဝါရောဂါ ပျောက်ကင်း၏ ။

၄ ။ စပါးလင်ခေါင်းအား ငရုတ်ကောင်းစေ့နှင့် ပေါင်းကြိတ်ပြီး ငရုတ်ကောင်းစေ့ခန့် လုံး၍ နေ့စဉ်သောက်လျှင် ရိုးရိုးအဖျားနှင့် ငှက်ဖျားပျောက်၏ ။

၅ ။ စပါးလင်အရည်သည် အစာမကြေ၊ ခံတွင်းမကောင်းသောရောဂါ တို့ကို ပျောက်ကင်းစေနိုင်၏။

၆ ။ ငှက်ဖျားရောဂါ ထူထပ်သော ဒေသများတွင် ခြင်ကို ကာကွယ်နိုင်ရန်အတွက် စပါးလင်ဆီကို ဖယောင်းဖြင့် ရောကျို၍ ခြင်ကိုက်သည့် နေရာများတွင် သုတ်လိမ်းပေးရ၏။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  2. http://arogyamonline.com/commodity/materials/?raw=42