မြိုရိုးရာ
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
မြိုရိုးရာစောင် | |
---|---|
အမျိုးအစား | ယက်လုပ်အမျိုးအစား |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | မြန်မာ ၊ ဘဂ်လားဒေရ့် ၊ အိန္ဒယ နယ်စပ် |
အကျယ်ဆုံး အနံ | ၄ ပေ ၊ တတောင် |
အနီးရှိမြို့များ | ဘန်ဒါဘန် |
ရည်ညွှန်းကိုးကား | Mru: Hill people on the border of Bangladesh,(Brauns & Loffler,1990) |
ရိုးရာဝတ်စုံရဲ့ အစိတ်အပိုင်းတိုင်းကို ရိုးရာဂျပ်ခုတ်ရက်ကန်းနဲ့ ရက်လုပ်တဲ့ မြိုရိုးရာ ဝတ်စုံဟာ အသေးစိတ်ပြီး ကျစ်လျစ်လှပတဲ့ ဒီဇိုင်းဖွဲ့စည်းပုံ ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးများရဲ့ အိမ်တွင်းလက်မှုဖြစ်တာကြောင့် မြိုရိုးရာ ဝတ်စုံဟာ ရိုးရာအစဉ်အလာရဲ့ ပြယုဂ်ဖြစ်တဲ့အပြင် မြိုအမျိုး သမီးတို့ရဲ့ အနုပညာအမြင်၊ စိတ်ရှည်အသေးစိတ်မှုနဲ့ နူးညံ့တဲ့ စိတ်ထားတွေကိုပါ မြင်နိုင်တဲ့ ဝတ်စုံလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် တိုင်း ရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ရာ အချို့မှာ လူဦးရေ အနည်းစုသာကျန်ရှိ၍ တိမ်မြုပ်လုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုသို့ လူဦးရေ နည်းပါးသော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာထုံးတမ်းနှင့် ကိုယ်ပိုင်စာပေရှိသော လူမျိုးတစ်မျိုးမှာ ‘မြို’ လူမျိုးပင် ဖြစ်သည်။ လူမျိုးကွဲ များစွာရှိသည့်အတွက် ဝတ်စားနေထိုင်ပုံလည်း အတန်ငယ်ကွဲပြားကြရာမှ ရှေးမြိုအမျိုးသားတို့သည် အပြာရောင်အဝတ်ရှည်ကိုခါးတောင်းကျိုက်၍ ဝတ်ဆင်ကြ၍ အမျိုးသမီးများမှာ အကျၤီဝတ်ကြရိုးထုံးစံမရှိဘဲ၊ နက်ပြာရောင် အဝတ်စကို ဒူးဆစ်အထိ ရစ်ပတ်ဝတ်ဆင်ကြသည်။ အဆင်တန်ဆာ အဖြစ် ပုတီးစေ့ကြိုးများနှင့် ကြေးနီခွေများကို ဝတ်ဆင်လေ့ရှိကြသည်။ ငွေထည်များကိုလည်းအဆင်တန်ဆာအဖြစ် ဝတ်ဆင်လေ့ရှိကြ သည်။ မြို အမျိုးသမီးတို့သည် အိမ်တွင်းမှုလုပ်ငန်းအဖြစ် ဂျပ်ခုတ်ရက်ကန်းရက်ခြင်းကို လုပ်ကိုင်ကြပြီး ၎င်းတို့အစုအဖွဲ့အတွင်းမှာပင် ရက်လုပ်ရောင်းချလေ့ ရှိကြသည်။ မြိုရိုးရာ ရက်ကန်းထည်တစ်ထည် ရရှိရန်အတွက် အနည်းဆုံး (၁၀) ရက်မှ နှစ်ပတ်ထိ ကြာမြင့်တတ်သည်။ ရှားပါး၍ ရက်လုပ်သူ အ လွန်ရှားပါးနေပြီဖြစ်သော မြိုရိုးရာ ရက်ကန်းထည်တစ်မျိုးမှာ ရက်လုပ်ချိန် (၁)လ အထိကြာမြင့်၍ အလွန်သေးငယ်လှပသော အကွက်စိတ်များဖြင့် လှပလွန်းလှသည်။[၁]
ရိုးရာဂျပ်ခုတ်ထည်
[ပြင်ဆင်ရန်]မြိုအမျိုး သမီးတို့သည် မိသားစု အဝတ်အထည်များ ယက်လုပ်ရန် တောင်ယာ ကွက်များ တွင် ဝါကို အနည်းအကျဉ်း မျှစိုက်ပျိုးကြသည်။ ဝါကို အခူး တန်လျှင် ပလိုင်းငယ်ကလေးများဖြင့် ဆွတ်ခူးကာ အိမ်ရှေ့ကွက်မျက်ပေါ် တွင်နေလှမ်းထားရသည်။ ဝါစေ့များကို ဝါဒလက်ဖြင့် မွေကာ ထုတ်ယူကြ သည်။ ဝါစေ့ထုတ်ပြီးသောအခါ ဝါချေသည်။ ထို့နောက် ချေပြီးသောဝါများကို လက်တစ်ဖက်ကကိုင်ရင်း ချည်မျှင်ထုတ်ကာ လက်တစ်ဖက်က သစ် သားလွန်းဆံတွင် ရစ်ပတ်သည်။ တဖြည့်ဖြည့် နှင့်ချည်ခင်များရလာသောအခါ ထမင်းရည်နှင့် ရော၍ ပြုတ်ပါသည်။ ပြီးမှနေလှန်းအခြောက်ခံသည် ၊ ချည်ခင်များခြောက်သွားသည်နှင့် ဗိုင်းငင်ကြသည်။ အဖြူရောင်အဝတ်အထည်ရိုးရိုးမျှ ယက်လုပ်မည်ဆိုလျှင် အဆိုပါချည်များကို အသုံးပြု၍ ယက် နိုင်ပြီဖြစ်သည်။ အရောင်များ ရရှိရန်အတွက်မူ ရိုးရာနည်းအရ သဘာဝ ဆိုးဆေးများဖြင့်လည်းဆေးဆိုးကြသည်။ သဘာဝဆိုးဆေးအရောင်မှာ အစိမ်းရောင်နှင့် အနက်ရောင်ဖြစ်သည်။ ပဲပင်ရွက်အစိုကို ထောင်းပြီးပြုတ်လျှင်အစိမ်းရောင်ရရှိသည်။ အနက်ရောင်အတွက်မူ 'စေတံ'ဟုခေါ်သော အရွက်တစ်မျိုးကိုပြုတ်၍ဆေးဆိုးကြသည်။ 'မြို'အမျိုးသမီးများသည် အဖော်ဝင်ချိန်မှစ၍ ဝါဆွတ်၊ဝါဖန့် ၊ ဗိုင်း ငင်၊ ဂျပ်ခုတ်စသည့် ရိုးရာလက်မှု ပညာရပ်များကို သင်ကြားတတ်မြောက်ထားကြရသည်။ ရိုးရာဂျပ်ခုတ်စင်မှာ အမြဲတမ်းတစ်နေရာတည်းတွင်ထောင်၍ ထားရသော စင်ကြီးမျိုးမဟုတ်ပေ ။ တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူရွှေ့ပြောင်းနိုင်သည့် တိုင်မပါသော ယက်ကန်းစင်အသေးစားကလေးဖြစ်သည်။ ဂျပ်ခုတ်စင်များကို အိမ်တံခါးဝအနီးအလင်းရောင်ရရှိသည့်နေရာ၌ ထားလေ့ရှိသည်။ ဂျပ်ခုတ် စင်အလျားမှာပုံသေမရှိပေ။ ယက်လုပ်သည့်အထည်အရှည်အလိုက်ဖြစ်သည်။ ဂျပ်ခုတ်စင်ကိုဆင်ရာ၌ အလျားအလိုက်အစွန်းထွက်နေသော ဝါးတိုင်တွင် ချိတ်၍ စွတ်ထားပြီး တစ်ဘက်စွန်းကိုမူ ခါးတွင် ပတ်ထားသည်။ ခါးပတ်မှချိတ်တံနှင့် ဆက်ပြီး ချိတါထားလိုက်သည်။ ဂျပ်ခုတ်ယက်သူအတွက် ခြေကိုင်ထား၍ သစ်တုံးငယ်တစ်ခုထားလေသည်။ ဂျပ်ခုတ်ရာတွင် ဝါးများ ၊ သစ်သားများဖြင့် ပြုလုပ် ထား သော ဝါးတိုင် ၊ ဖောက်တိုင်၊ ဂျပ်ခုတ်ယင်း သွားစသည့်ကိရိယာများကို အသုံးပြုကြသည်၊ ယင်းတို့အများဆုံးယက်လုပ်သော အထည်များမှာ ကလေးငယ်အား သိုင်းလွယ်ထားရန် စောင်ပိုင်း ၊ခြုံစောင် ကြီးများ အမျိုးသမီးဝတ်၊ အမျိုးသားဝတ်အထည်များဖြစ်ကြသည်။[၂] 'မြို' တို့ ၏ ရိုးရာလက်မှုလုပ်ငန်းတွင် အမျိုးသမီးပိုင်းနှင့် အမျိုးသားပိုင်းဟူ၍ ကျား၊မ အလိုက် လုပ်ငန်းခွဲခြားထားခြင်း တွေ့ရှိရ သည်။ တောင်းပလိုင်းများ၊ ဖျာယက်လုပ်ခြင်း၊ သစ်သားနှင့်ပတ်သက်သော ပစ္စည်းများကို အမျိုးသားများက ပြုလုပ်ပြီး အမျိုးသမီးများက ဝါမှ အဝတ်အထည် ဖြစ်လာသည်အထိ လုပ်ဆောင်ကြသည်။ မိသားစုအလိုက် မိမိတို့၏ အိမ်ထောင်အတွက်လိုအပ်သည့် အသုံးအဆောင်နှင့် အဝတ်အထည်များကို ထုတ်လုပ်လေ့ရှိသည်။
ရိုးရာ ယက်လုပ် ခြင်း
[ပြင်ဆင်ရန်]မြိုအမျိုးသားတို့က ဝါးနှီးဖြင့် တောင်း၊ ပလိုင်းများ ကို ယက်လုပ်ကြသည်။ တောင်းများယက်လုပ်ရာတွင် အဝယ်သော တောင်း ၊ တောင်ယာ သွားသည့်အခါ စပါး၊ထမင်း ရေဗူးတို့ကို ထည့်ရန် တောင်း ငယ်တို့ကို ပြုလုပ်ကြသည်။ တစ်ခုစီကို နှစ်ရက်ခန့်ပြုလုပ်ရသည်။ နှီးကိုအသုံးပြု၍ ဖျာများကို တစ်ချောင်းချည်၊ချောင်းချ ၊ သုံးချောင်းချည် ၊ သုံးချောင်းလျက် ဖြင့် ယက်လုပ်ကြသည်။ အိမ်၌သုံးစွဲရန် ထရံနှင့် ကြမ်းခင်းကိုလည်းဝါးဖြင့်ပင် ယက်လုပ်ကြသည်။ ဆန်ကောကိုလည်း ဝါးဖြင့်ယက်လုပ်ကြသည်။ ဆန်ကောပုံစံမှာ တစ်ဖက်စိုက်ပုံဖြစ်ပြီး ကျန်တစ်ဖက်သည် တုံးတိတိဖြစ်သည်။ လုံးပတ် သေး ငယ်သောဝါးကို အဆစ်နေရာ၌ အကိုင်းနှင့်ယှဉ်တွဲ၍ဖြတ်ယူ ပြီးဝါးဖြင့်လိုအပ်သလို ပုံသွင်းလှီးဖြတ်သည့်အခါ ဝါးခွန်ကိုရရှိလေသည်။ ငရုတ်သီးထောင်းရန် ငရုတ်ဆုံအဖြစ်ဝါးကျည်ထောက်ရှိဝါးတံ ကို အသုံးပြုကြသည်။ ဝါးပင်အမြစ်ကို ဆေးတံပြုလုပ်ကြသည်။ ဝါးခြမ်းပြားကိုအသုံးပြု၍ ဒန်အိုးအဟောင်းမှဒန်ပြားများဖြင့် ပတ်လျှက်ခေါင်းဖီးသည့် ဘီးကိုပြုလုပ်ကြသည်။ တောင်းပလိုင်းယက်လုပ် ခြင်းမှအစ ဝါးနှင့်ပတ်သက်သော လုပ်ငန်းများကို"မြို"အမျိုးသားများက လူပျိုဘော်ဝင်စအချိန်မှစ၍ သင်ကြားတ်မြောက်ထားရသည်။ နေ့လယ် နေ့ခင်းအားလပ်သည့်အခါ၌ ရွာအလယ်ဇရပ်တွင် ဝိုင်းစု ထိုင်ကာတောင်းများကို ယက်လုပ်ကြသည်။ ရိုးရာသေတ္တာ ခေါ် (ခေါင်တင်မ်း)သည် ဝါးဖြင့်ယက်လုပ်ပြီးပါက ခြေထောက်လေးခု နှင့် အနားပတ်လည်ကို ကြိမ်ဖြင့် အကွပ်ဆင်ပြီး ခိုင်မာတောင့်တင့် လှပ သည် ယင်းထဲတွင် ရိုးရာပစ္စည်းများထည့်ထား၍ အိမ်ဦးခန်းတွင်ထားရသည်။ ငါးဖမ်းရန် ဗုံး(စောင်မ်) သည် လည်ပင်ငယ်ပြီး အဝ အနည်းငယ်အကျယ်ထား၍ အောက်ပိုင်းတွင် ငါးဝင်ပေါက် မှာ ဝါး ချောင်းလုံးသေး ကို ကြိမ်နှီးဖြင့် စီစီရီရီ ပြုလုပ်ပြီး အထည့်ဖက်တွင်ရှုသွားသည်။ ယင်းတို့ ယက်လုပ်သော လက်ရာ တောင်းပလိုင်းတို့မှာ လက်ရာသေသပ်ကောင်းမွန်၍ အဆင်အကွက်များဖော်ကာ လှပအောင်ပြုလုပ်ကြသည်။ ဝါးကို အရောင်ဆိုးခြင်းမပြုကြပေ။ ဝါးအတွင်းသားနှင့်အပြင်သားကို သင့်သလိုအကွက်ဖော်ယက်လုပ်ခြင်းမျိုးသာဖြစ်သည်။[၃]
ရိုးရာပစ္စည်း
[ပြင်ဆင်ရန်]မြိုတို့တန်ဆာဆင်အသုံးပြုသော ရိုးရာပစ္စည်းများမှာ- အမျိုးသားတို့သည် နားတွင် နားကွင်းပြား(နားပက်)၊ ခေါင်းတွင်ဘီး နှင့် ဆံထိုး ၊ သန္တာပတီးကြိုး ၊ လက်ကောက်၊ လက်ကြပ် များကို အသုံးပြုကြသည်။ အမျိုးသမီးတို့သည် နားတွင် အဝကျယ် ဆုံပုံသဏ္ဌန်ရှိ နားတောင်း ၊လက်ကောက်၊ လက်ကြပ် ၊လက်စွပ် ၊ခြေချင်း ၊ ဆံညှပ်၊ ဆံထိုးများဖြင့် တန်ဆာဆင်ကြသည်။ ခေါင်းတွင် ဘီး ကို ခေါင်းနောက်တည့်တည့်၌ စိုက်ထိုးကြသည်။ လည်ပင်းတွင် သန္တာစေ့ပုတီး၊ ဒဂ်ါးပြားစေ့နှင့် ပုတ်စေ့ပုတီးတို့ကို ဆွဲလည်းရှိကြသည်။ ခါးတွင်လည်း စကပ်တို ကျွတ်မသွားစေရန် သန္တာစေ့ပုတ်တီး ၊ ဒဂ်ါးပြားစေ့များစွာဖြင့်ချည်နှောင်ဝတ်ဆင်ကြသည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မယ်ယုတောင်စွယ်ကြားမှ သွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်)
- ↑ မြန်မာပြည်နှင့် တိုင်းသူပြည်သားများ ၊၁၃၀၁-ခုနှစ်၊ စာ,၉၀-၉၁
- ↑ မယ်ယုတောင်စွယ်ကြားမှ သွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်) စာမျက်မှာ-၄၁
- ↑ Mru: Hill people on the Border of Bangladesh( Braun and Lofflor, 1990).
ပြင်ပလင်ခ့်
[ပြင်ဆင်ရန်]http://www.tribaltextiles.info/Galleries/Khumi/Mru_skirtPG.htm
https://www.bangladesh.com/blog/become-acquainted-with-the-peace-loving-mru/
http://decoratingwithasianantiquetextiles.blogspot.com/2012/06/mru-woman-tubeskirt.html