မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေဒေသများ

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ ၏ အုပ်ချုပ်ရေးဒေသများမှာ ခေတ်အဆက်ဆက်ပြောင်းလဲမှုများရှိခဲ့သည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ
အခြားအမည်:
Administrative divisions of Myanmar
A clickable map of Burma/Myanmar exhibiting its first-level administrative divisions.ကချင်ပြည်နယ်မြစ်ကြီးနားမြို့စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းမြို့ကချင်ပြည်နယ်ဟားခါးမြို့ရှမ်းပြည်နယ်တောင်ကြီးမြို့ရခိုင်ပြည်နယ်စစ်တွေမြို့မကွေးတိုင်းဒေသကြီးမကွေးမြို့မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ကယားပြည်နယ်လွိုင်ကော်မြို့နေပြည်တော် ပြည်ထောင်စုနယ်မြေပဲခူးတိုင်းဒေသကြီးပဲခူးမြို့ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ကယားပြည်နယ်ဘားအံမြို့မော်လမြိုင်မြို့မွန်ပြည်နယ်ထားဝယ်မြို့တနင်္သာရီတိုင်းဒေသကြီး
A clickable map of Burma/Myanmar exhibiting its first-level administrative divisions.
အမျိုးအစားပြည်ထောင်စုစနစ်
တည်နေရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အရေအတွက်စုစုပေါင်း ၁၅ ခု
(တိုင်းဒေသကြီး ၇ ခု၊
ပြည်နယ် ၇ ခု၊
ပြည်ထောင်စုနယ်မြေ ၁ ခု) (၂၀၂၁ခုနှစ်စာရင်း[] အရ)
လူဦးရေ၂၈၆,၆၂၇ (ကယားပြည်နယ်) - ၇,၃၆၀,၇၀၃ (ရန်ကုန်တိုင်းဒေသကြီး)
ဧရိယာ၇,၀၅၄ စတုရန်း ကီလိုမီတာ (၂,၇၂၄ စတုရန်းမိုင်) (နေပြည်တော် ပြည်ထောင်စုနယ်မြေ) - ၁၅၅,၈၀၁ စတုရန်း ကီလိုမီတာ (၆၀,၁၅၅ စတုရန်းမိုင်) (ရှမ်းပြည်နယ်)
အစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နယ်မြေဒေသအခွဲများ
မြန်မာနိုင်ငံ၏
အုပ်ချုပ်ရေးနယ်မြေဒေသများ
ပထမ အဆင့်
ဒုတိယ အဆင့်
တတိယ အဆင့်
စတုတ္ထ အဆင့်
ပဉ္စမ အဆင့်

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ[] ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို အောက်ပါအတိုင်း အုပ်ချုပ်ရေးနယ်မြေဒေသအမျိုးအစား ၁၁မျိုး အဖြစ် အဆင့်ဆင့်ခွဲခြားနိုင်သည်။

အမျိုးအစားအင်္ဂလိပ်အခေါ်အဝေါ်အရေအတွက်
တိုင်းဒေသကြီးများ ၊ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများကို နိုင်ငံတော်အဖြစ်စုစည်းသည်။
ပြည်နယ်State
တိုင်းဒေသကြီးRegion
ပြည်ထောင်စုနယ်မြေUnion Territory
  • ခရိုင်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖြစ်စုစည်းသည်။
  • ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုဒေသအတွင်းရှိ မြို့နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် စုစည်းသည်။
  • ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ထိုတိုင်းအတွင်းရှိမြို့နယ်များကို ခရိုင်အဖြစ်စုစည်းပြီး ယင်း ခရိုင်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် စုစည်းသည်။
  • တိုင်းဒေသကြီးတစ်ခု သို့မဟုတ် ပြည်နယ်တစ်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အဖြစ် စုစည်းသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းSelf-Administered Division
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသSelf-Administered Zone
ခရိုင်District၁၂၁
မြို့နယ်များကို ခရိုင်အဖြစ် စုစည်းသည်။
မြို့နယ်Township၃၃၀
  • ကျေးရွာအုပ်စုနှင့်ရပ်ကွက်များ သို့မဟုတ် မြို့များကို မြို့နယ်အဖြစ်စုစည်းသည်။
  • ရပ်ကွက်များကို မြို့ သို့မဟုတ် မြို့နယ်အဖြစ်စုစည်းသည်။
  • ကျေးရွာများကို ကျေးရွာအုပ်စုအဖြစ်စုစည်းသည်။
မြို့Town၅၂၃
ရပ်ကွက်Ward၃၄၇၀
ကျေးရွာအုပ်စုVillage Tract၁၃၅၉၀
ကျေးရွာVillage၆၃၂၁၄

တိုင်း(Division)များကို ၂၀၁၀ ဩဂုတ်လတွင် တိုင်းဒေသကြီး(Region)များအဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။[] စစ်ကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှလွဲ၍ ကျန်တိုင်းဒေသကြီးလေးခုမှာ မြို့တော်များ၏ အမည်များအတိုင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေအများဆုံးနေထိုင်သည့် ဒေသဖြစ်ကာ ကယားပြည်နယ်မှာ လူဦးရေအနည်းဆုံးနေထိုင်ရာ ဒေသဖြစ်သည်။ ကုန်းမြေဧရိယာအရ ရှမ်းပြည်နယ်မှာ အကြီးဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ဧရိယာအသေးဆုံးဖြစ်သည်။ ရှမ်းပြည်နယ်သည် (၆၁၀၉၀)စ/မိုင် ကျယ်ဝန်းပြီး ဒုတိယ အကျယ်ဆုံး တိုင်းဒေသကြီးမှာ စစ်ကိုင်းတိုင်းဒေသကြီး (၃၆၅၃၅)စ/မိုင် ကျယ်ဝန်းသည်။

အုပ်ချုပ်ရေးနယ်မြေဒေသများ

[ပြင်ဆင်ရန်]

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ

[ပြင်ဆင်ရန်]
အင်္ဂလိပ်အမည်မြန်မာအမည်မြို့တော် အလံ ISO[] နေရာဒေသ လူဦးရေ (၂၀၁၄) ဧရိယာ (km²) အမျိုးအစား
Ayeyarwady ဧရာဝတီ ပုသိမ်မြို့ MM-07 အောက်ပိုင်း ၆,၁၈၄,၈၂၉[] ၃၅,၀၃၁.၈ တိုင်းဒေသကြီး
Bago ပဲခူး ပဲခူးမြို့ MM-02 အောက်ပိုင်း ၄,၈၆၇,၃၇၃[] ၃၉,၄၀၂.၃ တိုင်းဒေသကြီး
Chin ချင်း ဟားခါးမြို့ MM-14 အနောက်ပိုင်း ၄၇၈,၈၀၁[] ၃၆,၀၁၈.၈ ပြည်နယ်
Kachin ကချင် မြစ်ကြီးနားမြို့ MM-11 မြောက်ပိုင်း ၁,၆၈၉,၄၄၁[] ၈၉,၀၄၁.၈ ပြည်နယ်
Kayah ကယား လွိုင်ကော်မြို့ MM-12 အရှေ့ပိုင်း ၂၈၆,၆၂၇[] ၁၁,၇၃၁.၅ ပြည်နယ်
Kayin ကရင် ဘားအံမြို့ MM-13 တောင်ပိုင်း ၁,၅၇၄,၀၇၉[] ၃၀,၃၈၃ ပြည်နယ်
Magway မကွေး မကွေးမြို့ MM-03 အလယ်ပိုင်း ၃,၉၁၇,၀၅၅[] ၄၄,၈၂၀.၆ တိုင်းဒေသကြီး
Mandalay မန္တလေး မန္တလေးမြို့ MM-04 အလယ်ပိုင်း ၆,၁၆၅,၇၂၃[] ၃၇,၉၄၅.၆ တိုင်းဒေသကြီး
Mon မွန် မော်လမြိုင်မြို့ MM-15 တောင်ပိုင်း ၂,၀၅၄,၃၉၃[] ၁၂,၂၉၆.၆ ပြည်နယ်
Rakhine ရခိုင် စစ်တွေမြို့ MM-16 အနောက်ပိုင်း ၃,၁၈၈,၈၀၇[] ၃၆,၇၇၈.၀ ပြည်နယ်
Shan ရှမ်း တောင်ကြီးမြို့ MM-17 အရှေ့ပိုင်း ၅,၈၂၄,၄၃၂[] ၁၅၅,၈၀၁.၃ ပြည်နယ်
Sagaing စစ်ကိုင်း မုံရွာမြို့ MM-01 မြောက်ပိုင်း ၅,၃၂၅,၃၄၇[] ၉၃,၇၀၄.၈ တိုင်းဒေသကြီး
Tanintharyi တနင်္သာရီ ထားဝယ်မြို့ MM-05 တောင်ပိုင်း ၁,၄၀၈,၄၀၁[] ၄၄,၃၄၄.၉ တိုင်းဒေသကြီး
Yangon ရန်ကုန် ရန်ကုန်မြို့ MM-06 အောက်ပိုင်း ၇,၃၆၀,၇၀၃[] ၁၀,၂၆၇.၇ တိုင်းဒေသကြီး
Naypyidaw နေပြည်တော် နေပြည်တော် MM-18 အလယ်ပိုင်း ၁,၁၆၀,၂၄၂[] ၇,၀၅၄ ပြည်ထောင်စုနယ်မြေ
ပဲခူးတိုင်းဒေသကြီး၏ မြေမျက်နှာသွင်ပြင် အနေအထားအရ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို ပဲခူးရိုးမတောင်တန်းကြီးဖြင့် ကာဆီးထားသည်။ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး၏ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ပဲခူးမြို့ဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ၏ အုပ်ချုပ်ရေးရုံးများသည် ပိုမိုအချက်အချာကျသည့် တောင်ငူမြို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၏ အုပ်ချုပ်ရေးရုံးများသည် ပြည်မြို့၌ လည်းကောင်း အသီးသီး ရုံးစိုက်သည်။
ရှမ်းပြည်နယ်သည် ဧရိယာကြီးမား ကျယ်ပြန့်လှသဖြင့် ရှမ်းပြည်နယ်၏ မြို့တော်မှာ တောင်ကြီးမြို့ ဖြစ်သော်လည်း ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေးရုံးများမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွက် တောင်ကြီးမြို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွက် လားရှိုးမြို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွက် ကျိုင်းတုံမြို့တွင် လည်းကောင်း အသီးသီးရုံးစိုက်သည်။ ထို့ကြောင့် ရှမ်းပြည်နယ်တွင် အုပ်ချုပ်ရေးရုံးစိုက်ရာမြို့ (၃)မြို့ ရှိသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ

[ပြင်ဆင်ရန်]
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ
မြန်မာအမည် အင်္ဂလိပ်အမည်မြို့တော်နေရာဒေသ မြို့နယ်များ အမျိုးအစား
စစ်ကိုင်းတိုင်းဒေသကြီး တွင်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Naga Self-Administered Zone လဟယ်မြို့ မြောက်ပိုင်း လေရှီးမြို့နယ်၊

လဟယ်မြို့နယ်၊

နန်းယွန်းမြို့နယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ရှမ်းပြည်နယ် တွင်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Danu Self-Administered Zone ပင်းတယမြို့ အရှေ့ပိုင်း ရွာငံမြို့နယ်၊

ပင်းတယမြို့နယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Pa-O Self-Administered Zone ဟိုပုံးမြို့ အရှေ့ပိုင်း ဟိုပုန်းမြို့နယ်၊

ဆီဆိုင်မြို့နယ်၊

ပင်လောင်းမြို့နယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Pa Laung Self-Administered Zone နမ့်ဆန်မြို့ အရှေ့ပိုင်း နမ့်ဆန်မြို့နယ်၊

မန်တုံမြို့နယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Kokang Self-Administered Zone လောက်ကိုင်မြို့ အရှေ့ပိုင်း ကုန်းကြမ်းမြို့နယ်၊

လောက်ကိုင်မြို့နယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း Wa Self-Administered Division ဟိုပန်မြို့ အရှေ့ပိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့နယ်၊

မိုင်းမောမြို့နယ်၊

ပန်ဝိုင်မြို့နယ်၊

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
မက်မန်းခရိုင် နားဖန်းမြို့နယ်၊

မက်မန်းမြို့နယ်၊

ပန်ဆန်း(ပန်းခမ်း)မြို့နယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသည် တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ အဆင့်နှင့် ခရိုင်အဆင့်တို့ကြား အဆင့်အတန်းရှိပြီး ကိုယိပိုင်အုပ်ချုပ်ခွင့်ရဒေသများသည် ခရိုင်အဆင့်ဖြစ်သည်ဟု ယူဆနိုင်သော်လည်း ၂၀၀၈ အခြေခံဥပဒေအရ တူညီသောအဆင့်အတန်းရှိသည်ဟုသတ်မှတ်ထားပါသည်။

အုပ်ချုပ်ရေးစနစ်

[ပြင်ဆင်ရန်]
  ပြည်နယ်များ
  တိုင်းဒေသကြီးများ

ပြည်နယ်များ၊ တိုင်းဒေသကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ အုပ်ချုပ်ရေးပုံစံကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။[]

ပြည်နယ်နှင့်တိုင်းဒေသကြီးများ

[ပြင်ဆင်ရန်]

ပြည်နယ်နှင့်တိုင်းဒေသကြီးများကို ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ရှေ့နေချုပ်များပါဝင်သည့် ပြည်နယ်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရများက အုပ်ချုပ်သည်။ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်နယ်လွှတ်တော် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်တို့သည် ဥပဒေပြုအာဏာပိုင်များဖြစ်သည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေ

[ပြင်ဆင်ရန်]

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ပုဒ်မ (၅၀) တွင် နေပြည်တော်ကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ထားကြောင်း၊ သမ္မတ က တိုက်ရိုက်အုပ်ချုပ်ကြောင်း ပြဋ္ဌာန်းထားသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများ

[ပြင်ဆင်ရန်]

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင်

  • နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ရှမ်းပြည်နယ်အတွင်းတွင်

  • ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
  • ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
  • ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
  • ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
  • ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဗြိတိသျှကိုလိုနီခေတ်

[ပြင်ဆင်ရန်]

၁၉၀၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံဒေသတစ်ခုဖြစ်ခဲ့ပြီး အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံဟူ၍ နှစ်ပိုင်းခွဲအုပ်ချုပ်ခဲ့သည်။ အောက်မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီဒေသများပါဝင်ပြီး မြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ အထက်မြန်မာနိုင်ငံတွင် မိတ္ထီလာ၊ မင်းဘူး၊ စစ်ကိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့ပါဝင်ကာ မြို့တော်မှာ မန္တလေးမြို့ဖြစ်သည်။

ယနေ့ခေတ် ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့သည် တောင်တန်းဒေသများ၊ ကယားပြည်နယ်သည် ကရင်နီနယ်များ၊ ရှမ်းပြည်နယ်ဖြစ်သောနယ်မြေဒေသသည် ပဒေသရာဇ်ရှမ်းပြည်နယ်စု၊ ယနေ့ခေတ်ရှမ်ူပြည်နယ်ရှိ"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသည် "ဝ"နယ်များ၊ ရခိုင်ပြည်နယ်သည် ရခိုင်တိုင်း စသည်ဖြင့်တည်ရှိခဲ့သည်။ လက်ရှိ မွန်ပြည်နယ်မှ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့သည်လည်းကောင်း၊ လက်ရှိ ကရင်ပြည်နယ်တွင် ပါဝင်နေသော နယ်မြေဒေသအချို့သည် သံလွင်ခရိုင်အဖြစ်လည်းကောင်း၊ လက်ရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့သည်လည်းကောင်း တနင်္သာရီတိုင်းတွင်ပါဝင်ခဲ့သည်။ လက်ရှိ ရန်ကုန်တိုင်းရှိ မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင် နယ်မြေများသည် ပဲခူးတိုင်းအတွင်းတွင်လည်းကောင်း၊ လက်ရှိ ကချင်ပြည်နယ်မှ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်များမှ နယ်မြေအချို့သည် စစ်ကိုင်းတိုင်းတွင်လည်းကောင်း ပါဝင်ခဲ့သည်။

၁၉၄၀ပြည့်နှစ်တွင် မင်းဘူးတိုင်းကို မကွေးတိုင်းအဖြစ် အမည်ပြောင်းခဲ့ပြီး မိတ္ထီလာတိုင်းကို မန္တလေးခရိုင်အောက်သို့ ရွေ့ပြောင်းခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း

[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ချင်းတောင်တန်းဒေသကို ရခိုင်တိုင်းမှ ခွဲထုတ်ကာ ချင်းဝိသေသတိုင်းအဖြစ်ဖွဲ့စည်းခဲ့သည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားဒေသများကို ပေါင်းကာ ကချင်ပြည်နယ်အဖြစ်သို့လည်းကောင်း၊ အမ်းဟတ်သထုံနှင့် တနင်္သာရီတိုင်းမှ တောင်ငူခရိုင်များကို ကရင်ပြည်နယ်၏ရှေ့ပြေး ကော်သူလေးအထူးဒေသအဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ကရင်နီနယ်များကို ကရင်နီပြည်နယ်အဖြစ်ဖွဲ့စည်းပြီး ပဒေသရာဇ်ရှမ်းပြည်နယ်စုနှင့် ဝပြည်နယ်များကိုပေါင်း၍လည်း ရှမ်းပြည်နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။

၁၉၅၂ ခုနှစ်တွင် ကရင်နီပြည်နယ်ကို ကယားပြည်နယ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။ အခြေခံဥပဒေပြင်ဆင်ချက်ဖြင့် ၁၉၅၄ခုနှစ်တွင် ကော်သူလေးအထူးဒေသနှင့်ထပ်တိုးနယ်မြေများကို ကရင်ပြည်နယ်အဖြစ်တရားဝင်ဖွဲ့စည်းခဲ့သည်။

တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ၁၉၆၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ နယ်ခြားဒေသအုပ်ချုပ်ရေးဥပဒေအရ တည်ရှိခဲ့သော ရခိုင်တိုင်းရှိ မေယုနယ်ခြားခရိုင်ကို စစ်တွေခရိုင်အောက်တွင် မောင်းတောခရိုင်ခွဲအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ ကျိုင်းတုံ၊ မိုင်းတုံ၊ တာချီလိတ်၊ ကွမ်းလုံနယ်ခြားခရိုင်များကို ကျိုင်းတုံခရိုင်ကွမ်းလုံခရိုင်များအဖြစ်လည်းကောင်း၊ ကချင်ပြည်နယ်ရှိ အရှေ့ပူတာအိုနယ်ခြားခရိုင်ကို ပူတာအိုခရိုင်အဖြစ်လည်းကောင်း သတ်မှတ်၍ လောခေါင်နယ်ခြားခရိုင်ကို မြစ်ကြီးနားခရိုင်အောက် ထည့်သွင်းခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ရန်ကုန်တိုင်းကို ပဲခူးတိုင်းမှ ခွဲထုတ်ခဲ့သည်။ ကရင်ပြည်နယ်ကို ကော်သူးလေပြည်နယ်ဟု အမည်ပြောင်းလဲခဲ့သည်။

၁၉၇၂ ခုနှစ်တွင် ဟံသာဝတီနှင့် မှော်ဘီခရိုင်တို့ကို ရန်ကုန်တိုင်းလက်အောက်သို့ ရွှေ့ပြောင်းခဲ့သည်။ တနင်္သာရီတိုင်းမှ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်း(၁)၊ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့ကို တနင်္သာရီတိုင်း(၂) အဖြစ် ခွဲခြမ်းခဲ့ပြီး တနင်္သာရီတိုင်း(၁)၏မြို့တော်အဖြစ် မော်လမြိုင်မြို့နှင့် တနင်္သာရီတိုင်း(၂)၏ မြို့တော်အဖြစ် ထားဝယ်မြို့တို့ကိုသတ်မှတ်ခဲ့သည်။ ထိုနှစ်တွင်ပင် ခရိုင်၊ ခရိုင်ခွဲနှင့် မြို့နယ်ခွဲများကို ဖျက်သိမ်းခဲ့သည်။

၁၉၇၄ ခုနှစ် အခြေခံဥပဒေသစ်အာဿာတည်သောအခါ ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ကာ မြို့တော်ကိုလည်း ဖလမ်းမြို့မှ ဟားခါးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ တနင်္သာရီတိုင်း(၁)သည် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း(၂)သည် တနင်္သာရီတိုင်း ဖြစ်လာခဲ့သည်။ ရခိုင်တိုင်းကိုလည်း ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ ကော်သူးလေကိုမူ ကရင်ပြည်နယ်အဖြစ် ပြန်လည်ပြောင်းလဲခဲ့သည်။

၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ မြစ်ကြီးနားခရိုင်ထဲမှ မိုးညှင်းခရိုင်ကို အသစ်ခွဲထုတ်ဖွဲ့စည်းသည်။

တပ်မတော်အစိုးရအဖြစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန်ယူပြီးနောက် ၁၉၈၈ခုနှစ်တွင် မြို့နယ်များကိုစုစည်း၍ မြို့နယ်စုများဖွဲ့စည်းခဲ့သည်။ ၁၉၉၂ခုနှစ်တွင် မြို့နယ်စုများကို ခရိုင်များအဖြစ်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး တာဝန်ယူပြီးနောက် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး အခြေအနေများအရ မြို့၊ ရွာ၊ ရပ်ကွက်များ ပြင်ဆင်ဖွဲ့စည်းမှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၇.၈.၉၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ပဲခူးတိုင်း အနောက်ပိုင်းရှိ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့ကို ပေါင်းစည်း၍ ပဲခူးတိုင်း (အနောက်ပိုင်း) တိုင်းခွဲအဖြစ် ဖွဲ့စည်းခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ

[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ် အမည်ပြောင်းလဲကြောင်း ပြဋ္ဌာန်းထားသည်။ း နေပြည်တော်မြို့တော်ပါဝင်သည့် ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများကို သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားသည်။[]

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှာ-

၂၀၁၀ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ရုံးစိုက်ရာ မြို့များကို လည်းကောင်း၊ ပြည်ထောင်စုနယ်မြေတွင် ခရိုင်နှင့်မြို့နယ်များကို လည်းကောင်း သတ်မှတ်ကြေညာခဲ့သည်။[]

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Jap၊ Jangai; Courtin၊ Constant (2022)။ Deciphering Myanmar's Ethnic Landscape: A Brief Historical and Ethnic Description of Myanmar's Administrative Units (အင်္ဂလိပ်ဘာသာစကားဖြင့်)။ International IDEA။ doi:10.31752/idea.2022.57ISBN 978-91-7671-577-22025-05-12 တွင် ပြန်စစ်ပြီး
  2. 1 2 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)
  3. 1 2 "တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ရုံးစိုက်ရာ မြို့များကို လည်းကောင်း ပြည်ထောင်စုနယ်မြေတွင် ခရိုင်နှင့်မြို့နယ်များကို လည်းကောင်း သတ်မှတ်ကြေညာ" (in မြန်မာဘာသာ)၊ Weekly Eleven News၊ 2010-08-20 2010-08-23 တွင် ပြန်စစ်ပြီး
  4. ISO 3166-2:MM (မြန်မာနိုင်ငံဒေသများအတွက် ISO 3166-2 ကုဒ်များ)
  5. 1 2 3 4 5 6 7 8 9 10 11 12 13 14 15 ပြည်ထောင်စုအစီရင်ခံစာ : မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း။ The 2014 Myanmar Population and Housing Census။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန။ 2015။ pp. ၁၂။
  6. http://upload.wikimedia.org/wikipedia/commons/a/a1/Constitution_of_Myanmar_of_2008.pdf

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]