ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
| ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
|
|
|
တရားစီရင်ရေး
|
|
|
|
စစ်ပြိုင်အစိုးရအဖွဲ့
|
|
အခြားအကြောင်းအရာများ |
|
|
မြန်မာနိုင်ငံကို ပြည်နယ် ခုနစ်ခု၊ တိုင်းဒေသကြီး ခုနစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခု နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခု တို့ဖြင့် ဖွဲ့စည်းထားသည်။ ယခင် တိုင်းများကို တိုင်းဒေသကြီးများအဖြစ် ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် ပြောင်းလဲခေါ်ဆိုခဲ့သည်။[၁]
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပြည်နယ်လွှတ်တော် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော် တစ်ခုစီကို ရွေးကောက်ခံ အရပ်သား ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်သည် လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို တပ်မတော်သား ကိုယ်စားလှယ်များအား ရွေးချယ်ခန့်အပ်ခွင့်ရှိသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ၏ အမတ်နေရာ အရေအတွက်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အရေအတွက်နှင့် နေထိုင်သည့် လူမျိုးစုများအပေါ် မူတည်သည်။
အမတ်နေရာအများဆုံး လွှတ်တော်များမှာ ရှမ်းပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့ ဖြစ်ကြပြီး အမတ်နေရာ ၁၄၃ နှင့် ၁၂၃ နေရာ အသီးသီးဖြစ်သည်။ အမတ်နေရာ အနည်းဆုံးလွှတ်တော်များမှာ ကရင်ပြည်နယ်နှင့် ကယားပြည်နယ် လွှတ်တော်များ ဖြစ်ပြီး အမတ်နေရာ ၂၀ နှင့် ၂၂ နေရာ အသီးသီးဖြစ်သည်။
ရွေးကောက်ပွဲ ဥပဒေများ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ်မြောက် ပြင်ဆင်ပြဋ္ဌာန်းလိုက်ရာ၊ ၎င်းဥပဒေသည် အချိုးကျကိုယ်စားပြု (PR) စနစ်နှင့် နိုင်သူကုန်ယူ (FPTP) စနစ်တို့ကို ပူးတွဲကျင့်သုံးရန် ရည်ရွယ်သည်။ [၂]
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄ အား ကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုချင်းစီအလိုက် လွှတ်တော်မဲဆန္ဒနယ်များကို သတ်မှတ်ရာတွင် (က) လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကျစီကို မဲအများဆုံးရသူအနိုင်ယူ စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်အတွက် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ် သတ်မှတ်ပေးရမည်၊ ( ခ ) ကျန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် မြို့နယ်တစ်မြို့နယ်လျှင် တစ်ဦးကျဖြင့် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက် နိုင်ရန် မြို့နယ်များကို စုစည်း၍ မဲဆန္ဒနယ်များ သတ်မှတ်ပေးရမည်၊ (ဂ ) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) တို့အရ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြှောက် ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုးတစ်မျိုးစီအတွက် မဲဆန္ဒနယ် သတ်မှတ်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်နယ်စီအဖြစ် သတ်မှတ်ရမည်ဟု အစားထိုးရပြဋ္ဌာန်းထားသည်။[၃]
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၉ (က) အရ လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ပါက PR စနစ်ဖြင့် ရွေးချယ်သူများအတွက် သတ်မှတ်ချက်အတိုင်း အစားထိုးဖြည့်စွက်မည်ဖြစ်ပြီး၊ FPTP စနစ်ဖြင့် ရွေးချယ်သူများအတွက်မူ ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်း ဆောင်ရွက်ရမည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားသည်။[၄]
ဒုတိယအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ (၂၀၁၆-၂၁)
[ပြင်ဆင်ရန်]၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှ ရွေးချယ်ခဲ့ကာ ၂၀၁၆ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် လွှတ်တော် ခေါ်ယူကျင်းပခဲ့သည်။
| ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များ | ရွေးကောက်ခံကိုယ်စားလှယ် | တပ်မတော် ကိုယ်စားလှယ် | တိုင်းရင်းသားရေးရာ ဝန်ကြီး | စုစုပေါင်း |
|---|---|---|---|---|
| ပြည်နယ် လွှတ်တော်များ | ||||
| ကချင်ပြည်နယ် လွှတ်တော် | ၃၆ | ၁၃ | ၄ | ၅၃ |
| ကယားပြည်နယ် လွှတ်တော် | ၁၄ | ၅ | ၁ | ၂၀ |
| ကရင်ပြည်နယ် လွှတ်တော် | ၁၄ | ၆ | ၃ | ၂၃ |
| ချင်းပြည်နယ် လွှတ်တော် | ၁၈ | ၆ | ၀ | ၂၄ |
| မွန်ပြည်နယ် လွှတ်တော် | ၂၀ | ၈ | ၃ | ၃၁ |
| ရခိုင်ပြည်နယ် လွှတ်တော် | ၃၄ | ၁၂ | ၁ | ၄၇ |
| ရှမ်းပြည်နယ် လွှတ်တော် | ၉၆ | ၃၄ | ၇ | ၁၃၇ |
| တိုင်းဒေသကြီး လွှတ်တော်များ | ||||
| စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် | ၇၄ | ၂၅ | ၂ | ၁၀၁ |
| တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် | ၂၀ | ၇ | ၁ | ၂၈ |
| ပဲခူးတိုင်းဒေသကြီး လွှတ်တော် | ၅၆ | ၁၉ | ၁ | ၇၆ |
| မကွေးတိုင်းဒေသကြီး လွှတ်တော် | ၅၀ | ၁၇ | ၁ | ၆၈ |
| မန္တလေးတိုင်းဒေသကြီး လွှတ်တော် | ၅၆ | ၁၉ | ၁ | ၇၆ |
| ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် | ၉၀ | ၃၁ | ၂ | ၁၂၃ |
| ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် | ၅၂ | ၁၈ | ၂ | ၇၂ |
| ၈၅၀ | ၂၂၀ | ၂၉ | ၈၇၉ | |
ခေါင်းဆောင်များ
[ပြင်ဆင်ရန်]ပထမအကြိမ် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များ (၂၀၁၁-၁၆)
[ပြင်ဆင်ရန်]ခေါင်းဆောင်များ
[ပြင်ဆင်ရန်]| အမည် | ပါတီ | မဲဆန္ဒနယ် | ရာထူး |
|---|---|---|---|
| ချင်း | |||
| ဦးဟုန်းငိုင် | USDP | မင်းတပ် ၂ | ဝန်ကြီးချုပ် |
| Hauk Khim Kham | USDP | တွန်းဇံ ၂ | ဥက္ကဋ္ဌ |
| ဦးအုန်းလွင် | USDP | မတူပီ ၁ | ဒုဥက္ကဋ္ဌ |
| ကချင် | |||
| ဦးလဂျွန်ငန်ဆိုင်း | USDP | တနိုင်း ၁ | ဝန်ကြီးချုပ် |
| Rawajon | USDP | မချမ်းဘော ၁ | ဥက္ကဋ္ဌ |
| ဦးစိုင်းမြင့်ကျော် | USDP | ဖားကန့် ၂ | ဒုဥက္ကဋ္ဌ |
| ကယား | |||
| ဦးခင်မောင်ဦး | USDP | ဘော်လခဲ ၁ | ဝန်ကြီးချုပ် |
| ဦးကျော်ဆွေ | USDP | လွိုင်ကော် ၁ | ဥက္ကဋ္ဌ |
| ဦးမောင်မောင်အေး | USDP | ရှားတော ၂ | ဒုဥက္ကဋ္ဌ |
| ကရင် | |||
| ဦးဇော်မင်း | တပ်မတော် | ဝန်ကြီးချုပ် | |
| ဦးစောအောင်ကျော်မင်း | USDP | ကြာအင်းဆိပ်ကြီး ၁ | ဥက္ကဋ္ဌ |
| ဦးမန်းလှမြိုင် | USDP | ကော့ကရိတ် ၁ | ဒုဥက္ကဋ္ဌ |
| မွန် | |||
| ဦးအုန်းမြင့် | USDP | မုဒုံ ၁ | ဝန်ကြီးချုပ် |
| ဦးကြင်ဖေ | USDP | ချောင်းဆုံ ၂ | ဥက္ကဋ္ဌ |
| ဦးဌေးလွင် | USDP | ကျိုက်ထို ၁ | ဒုဥက္ကဋ္ဌ |
| ရခိုင် | |||
| ဦးမောင်မောင်အုန်း | တပ်မတော် | ဝန်ကြီးချုပ် | |
| ဦးထိန်လင်း | USDP | ဂွ ၁ | ဥက္ကဋ္ဌ |
| ဦးသာညွန့် | USDP | မန်အောင် ၂ | ဒုဥက္ကဋ္ဌ |
| ရှမ်း | |||
| ဦးစဝ်အောင်မြတ် | USDP | တောင်ကြီး ၁ | ဝန်ကြီးချုပ် |
| ဦးစိုင်းလုံးဆိုင် | USDP | ကျိုင်းတုံ ၁ | ဥက္ကဋ္ဌ |
| ဦးစိုင်းခမ်းမှတ် | USDP | လားရှိုး ၂ | ဒုဥက္ကဋ္ဌ |
| ဧရာဝတီ | |||
| ဦးသိန်းအောင် | USDP | အင်္ဂပူ ၁ | ဝန်ကြီးချုပ် |
| ဦးစံတင့် | USDP | ရေကြည် ၁ | ဥက္ကဋ္ဌ |
| ဦးထိန်ဝင်း | USDP | ကျောင်းကုန်း ၁ | ဒုဥက္ကဋ္ဌ |
| ပဲခူး | |||
| ဦးဉာဏ်ဝင်း | USDP | ဇီးကုန်း ၁ | ဝန်ကြီးချုပ် |
| ဦးဝင်းတင် | USDP | ပဲခူး ၁ | ဥက္ကဋ္ဌ |
| ဦးဝင်းမြင့်စိုး | USDP | ကြို့ပင်ကောက် ၂ | ဒုဥက္ကဋ္ဌ |
| မကွေး | |||
| ဦးဘုန်းမော်ရွှေ | USDP | မင်းဘူး ၁ | ဝန်ကြီးချုပ် |
| ဦးရဲမြင့် | USDP | မကွေး ၁ | ဥက္ကဋ္ဌ |
| ဦးစောဝင်းမောင် | USDP | တောင်တွင်းကြီး ၂ | ဒုဥက္ကဋ္ဌ |
| မန္တလေး | |||
| ဦးရဲမြင့် | USDP | မြင်းခြံ ၂ | ဝန်ကြီးချုပ် |
| ဦးဝင်းမောင် | USDP | တောင်သာ ၂ | ဥက္ကဋ္ဌ |
| ဦးအောင်ဌေးကျော် | USDP | ပြင်ဦးလွင် ၁ | ဒုဥက္ကဋ္ဌ |
| စစ်ကိုင်း | |||
| ဦးသာအေး | USDP | ဝက်လက် ၁ | ဝန်ကြီးချုပ် |
| ဦးသင်းလှိုင် | USDP | ကန့်ဘလူ ၁ | ဥက္ကဋ္ဌ |
| ဦးသောင်းစိန် | USDP | ပုလဲ ၂ | ဒုဥက္ကဋ္ဌ |
| တနင်္သာရီ | |||
| ဦးမြတ်ကို | USDP | ထားဝယ် ၂ | ဝန်ကြီးချုပ် |
| ဦးထင်အောင်ကျော် | USDP | ပုလော ၂ | ဥက္ကဋ္ဌ |
| ဦးညီဝင်း | USDP | ကော့သောင်း ၁ | ဒုဥက္ကဋ္ဌ |
| ရန်ကုန် | |||
| ဦးမြင့်ဆွေ | USDP | ရွှေပြည်သာ ၁ | ဝန်ကြီးချုပ် |
| ဦးစိန်တင်ဝင်း | USDP | ကွမ်းခြံကုန်း ၂ | ဥက္ကဋ္ဌ |
| ဦးတင်အောင် | USDP | ဒဂုံမြို့သစ် | ဒုဥက္ကဋ္ဌ |
| Source: Mizzima 4 February 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . | |||
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ရုံးစိုက်ရာ မြို့များကို လည်းကောင်း ပြည်ထောင်စုနယ်မြေတွင် ခရိုင်နှင့်မြို့နယ်များကို လည်းကောင်း သတ်မှတ်ကြေညာ" (in Burmese)၊ 2010-08-20။ 2010-08-23 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်ပြု(PR )စနစ်နှင့် နိုင်သူကုန်ယူ( FPTP)စနစ် ပူးတွဲကျင့်သုံးမည့် ရွှေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ် ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း။ Eleven Media။ 2025-7-30 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း။ Myanmar Digital News။ 13 August 2025 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း။ Myanmar Digital News။ 13 August 2025 တွင် ပြန်စစ်ပြီး။